Connect with us

Hi, what are you looking for?

သတင်း

NUG၊ NUCCတို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန် အာဆီယံကို မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား တွေ့ရစဉ်၊ ဓာတ်ပုံ . Saifuddin Abdullah/FB
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအား တွေ့ရစဉ်၊ ဓာတ်ပုံ . Saifuddin Abdullah/FB

အာဆီယံအနေဖြင့် စစ်ကောင်စီ၏ ပြိုင်ဘက်များဖြစ်သည့် NUG၊ NUCC တို့နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရန်လိုအပ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ပြောသည်။

မလေးရှားသည် တုန့်နှေးနေသည့်မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရှင်းလင်းပြတ်သားသည့်အဆုံးသတ်အဖြေကို လိုလားနေပြီး အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ပြည်သူလူထုထောက်ခံမှုရရှိထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတို့နှင့် တိုက်ရိုက်ဆွေးနွေးမှုများလုပ်ဆောင်ရန် နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က တိုက်တွန်းခြင်းဖြစ်သည်။

“အခုဟာက တဖက်သတ်ပဲ။ ကျွန်တော်တို့ဟာ စစ်ကောင်စီနဲ့ပဲဆွေးနွေးညှိနှိုင်းနေတယ်။ ဒါကြောင့် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ NUG ၊ NUCC တို့နဲ့ဆွေးနွေးထိတွေ့ဖို့ မလေးရှားက ကြိမ်ဖန်များစွာအဆိုပြုနေတာဖြစ်ပါတယ်။ အဲဒါမှ မြန်မာပြည်သူတွေအတွက် တိုးတက် မှုတွေကို လူသိရှင်ကြားလုပ်ဆောင်နိုင်မှာပါ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သတင်းထောက်များကို ပြောသည်။

အာဆီယံနိုင်ငံများအနက် မလေးရှားတစ်နိုင်ငံသာ NUG နှင့် လူသိရှင်ကြားထိတွေ့ဆက်ဆံပြီး စစ်တပ်၏ အကြမ်းဖက်မှုများ၊ ကတိမတည်မှုများကို တက်ကြွစွာပြောဆိုနေသည်။ NUG ကမူ တရားဝင်ထုတ်ဖော်ကြေညာခြင်းမရှိသည့်တိုင် မလေးရှားသာမက အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံအချို့နှင့်လည်း ထိတွေ့ဆက်ဆံမှုရှိသည်ဟု ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

တချိန်တည်းတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်ပိုမို သက်မှတ်သင့်ကြောင်းနှင့် အာဆီယံအထူးကိုယ်စားလှယ်မှာ နိုင်ငံခြား ရေးဝန်ကြီးဖြစ်ရန်လည်း မလိုအပ်ကြောင်း ယမန်နေ့သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

ကိုးကား – channelnewsasia ၊ Bernama

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပျော်ပွဲစား ထွက်ရာက အမောဖောက်လာလို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ဟာ ဆေးရုံရောက်သွားခဲ့ပါတယ်။

သတင်း

ရွေးကောက်ပွဲကို အကြောင်းပြပြီး အာဆီယံရဲ့ ထောက်ခံမှုကိုရယူဖို့ မျှော်လင့်နေတဲ့ စစ်ကောင်စီအတွက် အထိနာစေမယ့်အခြေအနေတစ်ရပ်ဖြစ်ခဲ့ပါတယ်။

သတင်း

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထား ရန်လိုတိုက်ခိုက်နေမှုတွေကိုအရှေ့တောင်အာရှ ၊ တရုတ်၊ရုရှား နဲ့ အမေရိကန် သံအရာရှိတွေပူးပေါင်းပြီးရှုတ်ချသွားမယ်လို့သိရပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းနေတုန်း မလေးရှား ရဲတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။