Connect with us

Hi, what are you looking for?

သတင်း

ကုလညီလာခံကျင်းပနေချိန် နယူးယောက်၌ NUG၊ NUCC၊ CRPH ကိုယ်စားလှယ်အဖွဲ့နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

မလေးရှားသည် မြေပြင်ရှိ လူသားချင်းစာနာမှုအကူ အညီပေးနေသည့် NGO များကို ဆက်လက်ကူညီထောက်ပံ့မည်ဟု နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

ဓာတ်ပုံ - Saifuddin Abdullah/Twitter
ဓာတ်ပုံ - Saifuddin Abdullah/Twitter

▪️NUG၊ NUCCတို့နှင့် ထိတွေ့ဆက်ဆံရန် မလေးရှားထပ်မံတိုက်တွန်း

ကုလသမဂ္ဂညီလာခံတက်ရောက်ရန် နယူးယောက်သို့ရောက်ရှိနေသော မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် NUG၊ NUCC၊ CRPH တို့မှ ကိုယ်စားလှယ်များနှင့် ယမန်နေ့က တွေ့ဆုံကာ မြန်မာ့အရေးနောက်ဆုံးအခြေအနေကို ဆွေးနွေးခဲ့သည်။

“NUG အစိုးရဆီကနေ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ၊ အဆိုပြုချက်တွေ ရရှိခဲ့ပါတယ်။ အာဆီယံအနေနဲ့ NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသင့်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအဆုံးသတ်တိုက်ပွဲအတွက် မူဘောင်တွေဆီဦးတည်လုပ်ဆောင်ကြဖို့ မလေးရှားအနေနဲ့ ထပ်မံတောင်းဆိုပါတယ်”ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

ထို့အပြင် အာဆီယံအနေဖြင့် စစ်ကောင်စီပါဝင်သည့် လက်ရှိ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းအဖွဲ့ကို ပြန်လည်သုံးသပ်သင့်ကြောင်း မလေးရှားက ထပ်မံတိုက်တွန်းသည်။

မလေးရှားသည် မြေပြင်ရှိ လူသားချင်းစာနာမှုအကူ အညီပေးနေသည့် NGO များကို ဆက်လက်ကူညီထောက်ပံ့မည်ဟု နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Saifuddin Abdullah/Twitter
ဓာတ်ပုံ – Saifuddin Abdullah/Twitter

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ အစည်းအဝေး တက်ရောက်ရင်း တရုတ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံခဲ့ပါတယ်။