Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကုလညီလာခံကျင်းပနေချိန် နယူးယောက်၌ NUG၊ NUCC၊ CRPH ကိုယ်စားလှယ်အဖွဲ့နှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

မလေးရှားသည် မြေပြင်ရှိ လူသားချင်းစာနာမှုအကူ အညီပေးနေသည့် NGO များကို ဆက်လက်ကူညီထောက်ပံ့မည်ဟု နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

ဓာတ်ပုံ - Saifuddin Abdullah/Twitter
ဓာတ်ပုံ - Saifuddin Abdullah/Twitter

▪️NUG၊ NUCCတို့နှင့် ထိတွေ့ဆက်ဆံရန် မလေးရှားထပ်မံတိုက်တွန်း

ကုလသမဂ္ဂညီလာခံတက်ရောက်ရန် နယူးယောက်သို့ရောက်ရှိနေသော မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် NUG၊ NUCC၊ CRPH တို့မှ ကိုယ်စားလှယ်များနှင့် ယမန်နေ့က တွေ့ဆုံကာ မြန်မာ့အရေးနောက်ဆုံးအခြေအနေကို ဆွေးနွေးခဲ့သည်။

“NUG အစိုးရဆီကနေ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ၊ အဆိုပြုချက်တွေ ရရှိခဲ့ပါတယ်။ အာဆီယံအနေနဲ့ NUG၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသင့်ပြီး မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးအဆုံးသတ်တိုက်ပွဲအတွက် မူဘောင်တွေဆီဦးတည်လုပ်ဆောင်ကြဖို့ မလေးရှားအနေနဲ့ ထပ်မံတောင်းဆိုပါတယ်”ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

ထို့အပြင် အာဆီယံအနေဖြင့် စစ်ကောင်စီပါဝင်သည့် လက်ရှိ လူသားချင်းစာနာမှုအကူအညီပေးရေးလုပ်ငန်းအဖွဲ့ကို ပြန်လည်သုံးသပ်သင့်ကြောင်း မလေးရှားက ထပ်မံတိုက်တွန်းသည်။

မလေးရှားသည် မြေပြင်ရှိ လူသားချင်းစာနာမှုအကူ အညီပေးနေသည့် NGO များကို ဆက်လက်ကူညီထောက်ပံ့မည်ဟု နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - Saifuddin Abdullah/Twitter
ဓာတ်ပုံ – Saifuddin Abdullah/Twitter

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးထင်လင်းအောင်၊ ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းနှင့် တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။