Connect with us

Hi, what are you looking for?

သတင်း

အာဆီယံကို စစ်ကောင်စီမလေးစားကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးထုတ်ပြော

အာဆီယံအနေနဲ့တော့ မြန်မာ့အရေးအတွက် နှောင့်နှေးနေမှာမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။

(Photos by Basil Kwok/MFA)
(Photos by Basil Kwok/MFA)

အတိုက်အခံတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်တဲ့စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အာဆီယံကို မလေးစားကြောင်းရှင်းရှင်းလင်းလင်းပြသနေတာလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောလိုက်ပါတယ်။

ဒီနေ့ကမ္ဘောဒီးယားနိုင်ငံ ၊ဖနွမ်းပင်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကိုကျင်းပခဲ့ပြီး မြန်မာ့နိုင်ငံရဲ့အခြေအနေကိုထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဆွေးနွေးမှုမှာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုစစ်ကောင်စီက ဖော်ဆောင်ဖို့ပျက်ကွက်တာ ၊ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့သေဒဏ်စီရင်မှုတွေဟာ အာဆီယံက ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတွေကို နောက်ပြန်ဆုတ်သွားစေကြောင်း ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုထားပါတယ်။

(Photos by Basil Kwok/MFA)
(Photos by Basil Kwok/MFA)

ဒီလိုကွပ်မျက်မှုဟာ အာဆီယံအပေါ် စစ်ကောင်စီက မလေးစားကြောင်း ထင်ဟပ်စေတယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးမှာဆွေးနွေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအနေနဲ့တော့ မြန်မာ့အရေးအတွက် နှောင့်နှေးနေမှာမဟုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်။

ကုလသမဂ္ဂရေးရာကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC- M)က စစ်ကောင်စီကို သံတမန်နည်းလမ်းနဲ့ ဆက်ဆံလိုမရသလို အာဆီယံနဲ့ ကုလသမဂ္ဂဟာလည်း မြန်မာပြည်သူတွေအပေါ် တာဝန်မကျေဘူးလို့ပွင့်ပွင့်လင်းလင်းဝေဖန်ထားပါတယ်။

စစ်ကောင်စီကို ထိရောက်တဲ့ဖိအားပေးအရေးယူမှုတွေလုပ်သင့်တယ်လို့တိုက်တွန်းထားကြပါတယ်။

မြန်မာ့အရေးဖြေရှင်းဖို့အတွက်ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကို စစ်ကောင်စီက မလိုက်နာတဲ့အတွက် နည်းလမ်းသစ်ကိုလည်းစဉ်းစားသင့်ကြောင်း SAC-M အကြံပြုထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စင်ကာပူမှာ အမြဲတမ်း နေထိုင်ခွင့် (PR) ရထားတဲ့ မြန်မာတစ်ဦးကို အကြမ်းဖက် အားပေးမှု စွပ်စွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။