Connect with us

Hi, what are you looking for?

သတင်း

ရုရှားနိုင်ငံခြားရေးဝန်ကြီးလာ​သော​နေ့တွင် ရွှေ​ဈေး ၂၄သိန်းခန့်​အထိတက်လာပြီးဒေါ်လာဝယ်မရ​တော့

အကြမ်းဖက်စစ်ကောင်စီထံသို့ ရုရှားနိုင်ငံခြားဝန်ကြီးက ဩဂုတ် ၃ ရက်က လာရောက်တွေ့ဆုံပြီးနောက် ဈေးကွက်အတွင်း ရွှေဈေးနှင့်ဒေါ်လာ​ဈေးမှာမြှင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

(တစ်ကျပ်သားလျှင် ၂၄ သိန်းခန့်အထိ့တက်လာ​သော အကယ်ဒမီ​ရွှေ)
(တစ်ကျပ်သားလျှင် ၂၄ သိန်းခန့်အထိ့တက်လာ​သော အကယ်ဒမီ​ရွှေ)

●ရုရှားဝန်ကြီးမလာခင်ရက်က စစ်​ကောင်စီနှင့်ပတ်သပ်​သောလုပ်ငန်းရှင်များ​ကဒေါ်လာကိုလိုက်ဝယ်ခဲ့ဟု​လုပ်ငန်းရှင်အချို့​ပြော

မြန်မာနိုင်ငံသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးလာသည့်​နေ့တွင်ပြည်တွင်းရွှေဈေးတစ်ကျပ်သားကျပ် ၂၄သိန်းခန့်အထိတက်လာ​ကြောင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီထံသို့ ရုရှားနိုင်ငံခြားဝန်ကြီးက ဩဂုတ် ၃ ရက်က လာရောက်တွေ့ဆုံပြီးနောက် ဈေးကွက်အတွင်း ရွှေဈေးနှင့်ဒေါ်လာ​ဈေးမှာမြှင့်တက်လာခြင်းဖြစ်သည်ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ရုရှားနိုင်ငံခြား​ရေးဝန်ကြီး​မလာခင် ဩဂုတ် ၂ရက်ကတည်းပင် စစ်​ကောင်စီနှင့်ပတ်သတ်သည့်​ငွေလဲလုပ်ငန်းရှင်းများက ​ငွေလဲ​ကောင်တာမှတစ်ဆင့် ​​ဒေါ်လာများကို ​ဈေးအမြင့်ဖြင့်လိုက်လံဝယ်ယူခဲ့သည်ဟု ​ငွေလဲ​ကောင်တာပိုင်ရှင်အချို့က​ပြောသည်။ယ​နေ့တွင်လည်း ​ဒေါ်လာများကို ကြိုက်​ကြေး​ပေးဝယ်​နေသည်။

“အခုကဈေးတွေမငြိမ်ဘူး။ ကျွန်မတို့ဆိုင်မှာ ၁၀၀တန်တစ်ရွက်ပဲ လာရောင်းကြတယ်။ ကျွန်မတို့လည်း ပြင်ပဈေးကွက် လိုက်ဝယ်နေတာ ဝယ်လို့မရဘူးဖူးဖြစ်နေတယ်”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဈေးကွက်ထဲတွင် ပမာဏာအနည်းငယ်ဖြင့်​ရောင်းဝယ်ပါကတစ်ဒေါ်လာ ကျပ် ၂၆၀၀ပေးဝယ်သော်လည်း ရောင်းမည့်သူမရှိကြောင်း ၎င်းကဆက်​ပြောသည်။ တဒေါ်လာကို ကျပ် ၂၆၄၀အထိပေးလျှင် ဒေါ်လာ ၁၀၀ တန် တစ်ရွက်၊ နှစ်ခန့်သာ ဝယ်ယူ၍ ရနိုင်သေးသည်ဟု ၎င်းကဆက်​ပြောသည်။ ​ပြင်ပ​ဈေးကွက်တွင် ​ဒေါ်လာကိုပမာဏာများစွာဝယ်ယူလိုပါက (၃၀၀၀)ကျပ်ဝန်းကျင်​အထိ့​ဈေး​ပေါက်​နေ​ကြောင်းသိရသည်။

​ရွှေ​ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂,၃၉၀,၀၀၀ အထိမြင့်တက်လာသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။ သို့သော်လည်း စစ်ကောင်စီလက်​အောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၀၆၀,၀၀၀သာ ဈေးဖွင့်ထားသည်။

“အခုကုန်သည်တွေလည်း ဝယ်ရမလား၊ရောင်းရမလား တော်တော်အကျပ်ရိုက်နေတယ်။ မကြာခင်လဲ ရွှေတစ်ကျပ်သား ၂၅သိန်းအထိ ရောက်လာတော့မယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီလက်ပါးစေများက ရွှေနှင့် ဒေါ်လာ ဝယ်ရောင်းလုပ်သူများကို လိုက်လံဖမ်းဆီးနေ၍ ပြင်ပဈေးကွက်တွင်လည်း အရောင်းရပ်တန့်လုနီးပါးရှိနေသည်ဟုလုပ်ငန်းရှင်အချို့ကပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် ဘဏ်များအပေါ် ယုံကြည်မှုနည်းသဖြင့် ဘဏ်မှငွေများထုတ်ပြီး ရွှေ၊ဒေါ်လာနှင့်မြေများဝယ်ယူမှုများခဲ့ရာ ၂၀၂၁စက်တင်ဘာလက ၁ ဒေါ်လာလျှင် ၂၇၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သား ၂၂သိန်းကျော် အများဆုံးဈေးတက်ခဲ့ဖူးသည်။ ၂၀၂၂ ဇလိုင် လကုန်ပိုင်းတွင် ပြင်ပ​ဈေးကွက်၌ ၁ ​ဒေါ်လာလျှင် ၂၈၀၀ ကျပ်အထိ့စံချိန်တင်​ဈေးတက်ခဲ့ပြီး ထို​နောက်​ဈေးပြန်ကျရာမှ သြဂုတ် ၃ ရက်တွင် ၂၆၀၀ သို့ပြန်တက်လာသည်။

ယခုအခါ စစ်ကောင်စီက ၁ ဒေါ်လာလျှင် ၁၈၅၀ သတ်မှတ်ထားသော်လည်း လက်တွေ့တွင် ထိုဈေးနှုန်းဖြင့်ပြင်ပ​ဈေးကွက်တွင်​ရောင်းဝယ်မရကြောင်း ငွေလဲလုပ်ငန်းရှင်များကဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။