Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို လွန်စွာစိတ်ပျက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများပူးတွဲထုတ်ပြန်

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီသည် ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် စိတ်ဆန္ဒမရှိဘဲ ကတိများကို အကြိမ်များစွာချိုးဖောက်ကြောင်း ပြစ်တင်ဝေဖန်သည်။

(အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများ)
(အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများ)

စစ်ကောင်စီ၏ ကတိကဝတ်ပျက်ကွက်မှုနှင့် အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ် တိုးတက်မှုမရှိခြင်းတို့အပေါ် လွန်စွာစိတ်ပျက်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ယနေ့ပူးတွဲထုတ်ပြန် သည်။

ကမ္ဘောဒီးယား၊ ဖနွမ်းပင်၌ ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်မပေးခဲ့ဘဲ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ခြင်းအပါအဝင် နိုင်ငံအတွင်းဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းအပေါ် စိုးရိမ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထုတ်ဖော်ပြောဆိုသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် လာမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်ကောင်စီ၏ အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်ဖော်မှုတိုးတက်မှုအခြေအနေကို လေ့လာဆန်းစစ်ကာ နောက်ထပ်အဆင့်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ရန် အကြံပြုခဲ့သည်။

(အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများ)
(အာဆီယံနိုင်ငံခြား​ရေးဝန်ကြီးများ)

အာဆီယံအထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာတွေ့ဆုံထိုက်သူအားလုံးနှင့်ထိတွေ့ ဆက်ဆံခွင့်ပေးခွင့် အစောလျင်ဆုံးပေးရန်လည်း အထက်ပါနိုင်ငံခြားရေးဝန်ကြီးများက သဘော တူဆုံးဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့ရာတွင်အာဆီယံအထူးကိုယ်စားလှယ်သည်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် ၎င်း၏ ပြီးခဲ့သည့်ခရီးစဉ်များတွင် တောင်းဆိုခဲ့သော်လည်း အကြမ်းဖက် စစ်ကောင်စီကခွင့်ပြုခွင့်မရှိပေ။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် ၂၀၂၁ ဧပြီတွင် သဘောတူခဲ့သော အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်တွင် အကြမ်းဖက်မှုရပ်တန့်ရန်၊ ပါဝင်ပတ်သက်သူများအကြားထိတွေ့ဆက်ဆံပြီးငြိမ်းချမ်းစွာအဖြေရှာရန်၊ အာဆီယံအထူးကိုယ်စားလှယ်ကို ပြည်တွင်းရှိ တွေ့ဆုံထိုက် သူအားလုံးနှင့် ဆွေးနွေးခွင့်ပေးရန် အချက်များပါဝင်သည်။ အဆိုပါ ၃ ရပ်ကို စစ်ကောင်စီက လိုက်နာရန် ပျက်ကွက်နေခြင်းဖြစ်သည်။

ထို့အပြင် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် မေတ္တာရပ်ခံနေသည့်ကြားမှပင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို ဥပဒေမဲ့သတ်ဖြတ်လိုက်ခြင်းသည် အာဆီယံကို မထီမဲ့မြင်ပြုခြင်းဖြစ်ပြီး ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ရန်လိုအပ်နေပြီဟုယခုကျင်းပခဲ့သောအစည်းအဝေး၌ ဝေဖန်သံများထွက်ပေါ် ခဲ့သည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ပြတ်သားစွာဝေဖန်လေ့ရှိသော မလေးရှားနိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို အာဆီယံ၏ ဝန်ကြီးအဆင့်အစည်းအဝေးတွင် တက်ရောက်ခွင့်ပေးမည်မဟုတ် ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် NUG ၊ NUCC တို့နှင့်ထိတွေ့ဆက်ဆံသင့်ကြောင်း တိုက်တွန်းခဲ့သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း ၎င်းတို့နိုင်ငံခြားရေးဝန်ကြီးများသည် ဘုံဆုံးဖြတ်ချက် ၅ ရပ် အကောင်အထည်မှုတိုးတက်ခြင်းမရှိသည့် မြန်မာ့အရေးအပါအဝင် အဓိကအကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်လိုက်ခြင်းသည် အာဆီယံ၏ ကြိုးပမ်းမှုကိုများစွာဆုတ်ယုတ်သွားစေကြောင်း ပြောသည်။

“ဒါပေမဲ့ ကျွန်တော်တို့အလုပ် ကျွန်တော်တို့ဆက်လုပ်ရပါမယ်။ ကျွန်တော်တို့ကိုယ်တိုင် ဓားစားခံတော့ အဖြစ်မခံနိုင်ပါဘူး” ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း စစ်ကောင်စီသည် ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင် အထည်ဖော်ရန် စိတ်ဆန္ဒမရှိဘဲ ကတိများကို အကြိမ်များစွာချိုးဖောက်ကြောင်း ပြစ်တင်ဝေဖန်သည်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။