Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို တရားဝင်မှုပေးသလို မဖြစ်ရန်နှင့် စစ်ကောင်စီ၏ နိုင်ငံရေးအမြတ်ထုတ်မှုမခံရရန် ကုလအထူးကိုယ်စားလှယ် သတိကြီးစွာထားရမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ၂၀၂၁ နှစ်မကုန်ခင်ကတည်းက မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သော်လည်း အကြမ်းဖက်စစ် ကောင်စီက ပြည်ဝင်ခွင့်မပေးသဖြင့် ဝင်ရောက်ခွင့်မပေးခဲ့ပေ။

စစ်ကောင်စီကို တရားဝင်မှုပေးသလို မဖြစ်ရန်နှင့် စစ်ကောင်စီ၏ နိုင်ငံရေးအမြတ်ထုတ်မှုမခံရရန် ကုလအထူးကိုယ်စားလှယ် သတိကြီးစွာထားရမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး
စစ်ကောင်စီကို တရားဝင်မှုပေးသလို မဖြစ်ရန်နှင့် စစ်ကောင်စီ၏ နိုင်ငံရေးအမြတ်ထုတ်မှုမခံရရန် ကုလအထူးကိုယ်စားလှယ် သတိကြီးစွာထားရမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

▪️ခရီးစဉ်အတွင်း ကုလအထူးကိုယ်စားလှယ်၏ တောင်းဆိုချက်များကို စစ်ကောင်စီလိုက်လျောမည်မဟုတ်ဟုဆို

ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် စစ်ကောင်စီကို တရားဝင်မှုပေးသလို မဖြစ်ရန်နှင့် စစ်ကောင်စီ၏ နိုင်ငံရေးအမြတ်ထုတ်မှုမခံရရန် သတိကြီးစွာထားရမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် Stakeholders အားလုံးနှင့် တွေ့ဆုံရမည့် တာဝန်အရ မြန်မာနိုင်ငံသို့သွားခြင်းဖြစ်သည်ဟု နား လည်ပြီး အချိန်အခါသင့်(Right Time)ဟုတ်၊ မဟုတ်ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးက People’s Spring ကို ပြောသည်။

“ခရီးစဉ်က နေ ကျမတို့ မျှော်လင့်ထားတာ မရှိပါဘူး ။ စကစ ကို တရားဝင်မှု ပေးသလို မဖြစ်ဖို့ ၊ စကစ က နိုင်ငံရေး အမြတ်ထုတ်တာမခံရဖို့ သတိကြီးကြီးထားရမယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် NUG အစိုးရအဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်လည်း အခါအားလျှော်စွာ အွန်လိုင်းမှ ဆက်သွယ်တွေ့ဆုံမှုများရှိပြီး ယခုခရီးစဉ်မတိုင်မီ တွေ့ဆုံခဲ့ရာ၌လည်း စစ်အုပ်စု၏ အသုံးချခံမဖြစ်ရန် NUG နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကုလကိုယ်စားလှယ်အနေနဲ့ သေဒဏ်ကွက်မြက်မှုတွေ ရပ်တန့်ဖို့ ၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ကိစ္စတွေ တောင်းဆိုဖို့ ရှိပါလိမ့်မယ်။ ဒါပေမယ့် စကစ က ဒါတွေကို လက်ခံ သဘောတူလိမ့်မယ်လို့တော့ ကျမ မထင်ပါဘူး” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ၂၀၂၁ နှစ်မကုန်ခင်ကတည်းက မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သော်လည်း အကြမ်းဖက်စစ် ကောင်စီက ပြည်ဝင်ခွင့်မပေးသဖြင့် ဝင်ရောက်ခွင့်မပေးခဲ့ပေ။

အထူးကိုယ်စားလှယ်၏ ယခုပထမဆုံးအကြိမ်မြန်မာနိုင်ငံခရီးစဉ်မတိုင်မီတစ်ရက်အလိုတွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။