Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို တရားဝင်မှုပေးသလို မဖြစ်ရန်နှင့် စစ်ကောင်စီ၏ နိုင်ငံရေးအမြတ်ထုတ်မှုမခံရရန် ကုလအထူးကိုယ်စားလှယ် သတိကြီးစွာထားရမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ၂၀၂၁ နှစ်မကုန်ခင်ကတည်းက မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သော်လည်း အကြမ်းဖက်စစ် ကောင်စီက ပြည်ဝင်ခွင့်မပေးသဖြင့် ဝင်ရောက်ခွင့်မပေးခဲ့ပေ။

▪️ခရီးစဉ်အတွင်း ကုလအထူးကိုယ်စားလှယ်၏ တောင်းဆိုချက်များကို စစ်ကောင်စီလိုက်လျောမည်မဟုတ်ဟုဆို

ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် စစ်ကောင်စီကို တရားဝင်မှုပေးသလို မဖြစ်ရန်နှင့် စစ်ကောင်စီ၏ နိုင်ငံရေးအမြတ်ထုတ်မှုမခံရရန် သတိကြီးစွာထားရမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် Stakeholders အားလုံးနှင့် တွေ့ဆုံရမည့် တာဝန်အရ မြန်မာနိုင်ငံသို့သွားခြင်းဖြစ်သည်ဟု နား လည်ပြီး အချိန်အခါသင့်(Right Time)ဟုတ်၊ မဟုတ်ဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးက People’s Spring ကို ပြောသည်။

“ခရီးစဉ်က နေ ကျမတို့ မျှော်လင့်ထားတာ မရှိပါဘူး ။ စကစ ကို တရားဝင်မှု ပေးသလို မဖြစ်ဖို့ ၊ စကစ က နိုင်ငံရေး အမြတ်ထုတ်တာမခံရဖို့ သတိကြီးကြီးထားရမယ် ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် NUG အစိုးရအဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့်လည်း အခါအားလျှော်စွာ အွန်လိုင်းမှ ဆက်သွယ်တွေ့ဆုံမှုများရှိပြီး ယခုခရီးစဉ်မတိုင်မီ တွေ့ဆုံခဲ့ရာ၌လည်း စစ်အုပ်စု၏ အသုံးချခံမဖြစ်ရန် NUG နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးခဲ့ သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ကုလကိုယ်စားလှယ်အနေနဲ့ သေဒဏ်ကွက်မြက်မှုတွေ ရပ်တန့်ဖို့ ၊ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ကိစ္စတွေ တောင်းဆိုဖို့ ရှိပါလိမ့်မယ်။ ဒါပေမယ့် စကစ က ဒါတွေကို လက်ခံ သဘောတူလိမ့်မယ်လို့တော့ ကျမ မထင်ပါဘူး” ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာသည် ၂၀၂၁ နှစ်မကုန်ခင်ကတည်းက မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သော်လည်း အကြမ်းဖက်စစ် ကောင်စီက ပြည်ဝင်ခွင့်မပေးသဖြင့် ဝင်ရောက်ခွင့်မပေးခဲ့ပေ။

အထူးကိုယ်စားလှယ်၏ ယခုပထမဆုံးအကြိမ်မြန်မာနိုင်ငံခရီးစဉ်မတိုင်မီတစ်ရက်အလိုတွင် တရားမဝင်အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် ထောင်ဒဏ် ၆ နှစ် ထပ်မံချမှတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဝိုင်းမော်တွင် အင်အားထောင်ချီစုစည်းကာ KIA သိမ်းပိုက်ထားသည့် ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တီကို ထိုးစစ်ဆင်ရန် စစ်ကောင်စီပြင်ဆင်နေဟုဆို

သတင်း

လားရှိုးမြို့ပေါ် ရပ်ကွက်များအတွင်း PDF များရှိနေသည်ဟု ဆိုကာ စစ်ကောင်စီက လိုက်လံစစ်ဆေးနေပြီး လူငယ်သုံးဦးကိုလည်း TNLA တပ်ဖွဲ့ဝင်များဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း ​​ဒေသခံအချို့က​ပြောသည်။

သတင်း

ပြည်သူတွေအပေါ် အကြမ်းဖက်မှုကျူးလွန်နေတဲ့ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုသင်တန်းပေးနေတဲ့ ဘယ်လာရုစ်တက္ကသိုလ်တွေကို နိုင်ငံတကာပညာ‌ရေးအသိုင်းအဝိုင်းက သပိတ်မှောက်ဖို့နဲ့ ကန့်ကွက်ဖို့ Justice For Myanmar က တောင်းဆိုလိုက်သည်။