သတင်း ပေါက်နယ်တွင် မိုင်းထိသေဆုံးစစ်သားအား စစ်ကောင်စီတပ်ကိုယ်တိုင် မီးရှိူ့သွားဟုဆို ယနေ့(သြဂုတ် ၁၈ရက်) နံနက် ၇ နာရီ မိနစ်၅၀ ခန့်က မြိုင်နယ်တောင်ပိုင်းမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူများအား ပေါက်မြို့နယ် ချိုင်စောက်ရွာနှင့် ဝန်တင်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သားတစ်ဦးသေဆုံးကြောင်း မြိုင်(ပ.က.ဖ)က အသိပေးသည်။ LuduNwayOoဩဂုတ် 18, 2022
သတင်း ပေါက်နယ်တောင်ပိုင်းတွင် စစ်ဘေးသင့်ပြည်သူသောင်းချီရှိနေပြီး မိုးတွင်းကာလ အခက်အခဲများကြုံတွေ့နေ ပေါက်နယ်တောင်ပိုင်းသည်စစ်ကောင်စီတပ်၊ပျူများနှင့်ဒေသခံPDFများ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အကြမ်းဖက်စစ်တပ်က ကျေးရွာ ပေါင်း၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။ LuduNwayOoဩဂုတ် 18, 2022
သတင်း ပေါက်နယ် ဇီးပြားရဲစခန်းမှရဲနှစ်ဦး လက်နက်များဖြင့် CDM ပြုလုပ်၊ ကျပ်သိန်း ၁၀၀စီ ချီးမြှင့်ခံရပြီး လွတ်မြောက်နယ်မြေပို့ဆောင် အဆိုပါ ရဲ နှစ်ဦးအား တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီ ပေးအပ်ဂုဏ်ပြုခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း မြိုင်(ပ.က.ဖ) က ထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 11, 2022
သတင်း ပေါက်နယ်ရှိရွာကို မီးရှိုရန်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးကို PRF တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေ ဇွန်လ ၁၀ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို PRFက မိုင်းလေးလုံးဖြင့် စတင်ခုခံတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 11, 2022
News ပေါက်နယ် ချက်ကန်ရွာတိုက်ပွဲ YRF၏ မိုင်းများကြောင့် စစ်ကောင်စီတပ်အထိနာ မေလ ၄ရက် နေ့လယ်ပိုင်းက အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းသည် ဒီးဒုတ်ကွင်းရွာမှ ချက်ကန်ကျေးရွာသို့ စစ်ကြောင်းထိုးလာရာ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု YRFက ထုတ်ပြန်သည်။ LuduNwayOoမေ 7, 2022
News စစ်ကောင်စီတပ်က ၁၅ရွာထက်မနည်း မီးရှို့ခဲ့သည့် ပေါက်နယ်မှဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာသို့ ပထမစတင်ဝင်ရောက်စဉ်က နွားတစ်ကောင်ကို မောင်းယူသွားသော်လည်း မီးရှို့မသွားကြောင်း၊ထို့နောက် ထပ်မံလာရောက်သည့် စစ်ကြောင်းက ရွာကို မီးရှို့ခဲ့၍ အိမ်ခြေ ၁၅၆လုံးရှိသည့် လယ်ယာရွာမှ အိမ်ခြေ ၆၆လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံတစ်ဦးက ပြော သည်။ LuduNwayOoဧပြီ 30, 2022
News ပေါက်နယ်တွင် PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ငါးဦးသေဆုံး စစ်ကောင်စီတပ်သည် ပေါက်မြို့နယ်ရှိ ကျေးရွာများအား ဧပြီ ၇ရက်မှစ၍ ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်ခဲ့၍ ကျေးရွာ ၂၀ခန့်မှ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရသည်။ LuduNwayOoဧပြီ 25, 2022
News ပေါက်နယ်ရှိ ဒီးဒုတ်ကွင်း ပျူစောထီးရွာကို PDF ပူးပေါင်းတပ် ဝင်တိုက်၊ စစ်ကူလာသည့် စစ်ကောင်စီ ယာဉ်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက် “အဲဒီမှာ ဒီးဒုတ်ကွင်းရွာ ကိုဝင်စီးတဲ့အချိန်မှာ ပေါက်ကနေစစ်ကား တစ်စီးက စစ်ကူလာတာ။ အဲဒါကို ကျွန်တော်တို့က လမ်းမှာ စောင့်ပြီး ဆွဲမိုင်းတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရရှိမှုက ဆက်လက်စုံစမ်းနေဆဲပါ” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ LuduNwayOoဧပြီ 24, 2022
News ပေါက်နယ်တွင် ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်က တောထဲရှောင်ပုန်းနေသည့် ဒေသခံများ၏ ရိက္ခာများကိုပါ ထပ်မံမီးရှို့ဖျက်ဆီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ် ရှိ ကျေးရွာများကို မီးရှို့ခဲ့ရာ ရွာ ၁၃ရွာထက်မနည်းမီးရှို့ခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ ပေါက်နှင့် ဆက်စပ်နေသည့် ပခုက္ကူနှင့် ဆိပ်ဖြူနယ်ရှိ ကျေးရွာအချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့သွားသည်ဟု ဆိုသည်။ LuduNwayOoဧပြီ 15, 2022
News ပေါက်နယ်နှင့် ဆက်စပ်ဒေသရှိ ကျေးရွာ ၉ရွာထက်မနည်းကို စစ်ကောင်စီတပ်က ရက်ပိုင်းအတွင်း မီးတင်ရှို့ “အခုက စစ်ရေးတင်းမာနေတော့ ပြည်သူတွေအနေနဲ့ စစ်ကြောင်းတွေနဲ့ ဝေးတဲ့နေရာ မှာနေဖို့ရယ် ပြီးလို့ရှိရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီပေးဖို့ရယ် ဒါလောက်ပဲပြောချင်ပါတယ်” ဟု ပေါက် PDF တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။ LuduNwayOoဧပြီ 11, 2022