Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်နယ်ရှိရွာကို မီးရှိုရန်လာသည့် စစ်ကောင်စီနှင့် ပျူစောထီးကို PRF တိုက်ခိုက်၊ စစ်ကောင်စီတပ် ငါးဦးသေ

ဇွန်လ ၁၀ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို PRFက မိုင်းလေးလုံးဖြင့် စတင်ခုခံတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)
ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)

မကွေးတိုင်း ပေါက်မြို့နယ် ချောင်းဝ​ကျေးရွာရှိ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်စီးရန်လာသော စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျူစောထီးများအား ယမန်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)က ထုတ်ပြန် သည်။

ဇွန်လ ၁၀ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင် စီတပ်ကို PRFက မိုင်းလေးလုံးဖြင့် စတင်ခုခံတိုက်ခိုက်ခဲ့ပြီး နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)
ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏လက်ပါးစေဖြစ်သော ရွှေဘုံသာရွာမှ ပျူစောထီးခေါင်းဆောင် တင်ညိုအပါအဝင် ငါးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ‌ ကြောင်းသိရသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

PRF ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ခုခံနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖုန်းနှစ်လုံးနှင့် ကျည်ဘောက်တစ်ခုကို သိမ်းဆည်းရရှိခဲ့သည်ဟု အသိပေးထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပါက သက်ဆိုင်ရာ KNLA တပ်ရင်းတပ်ဖွဲ့များ၊ PDFများက ခုခံရန် ပြင်ဆင်ထားကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နေ့(ဒီဇင်ဘာ ၃ ရက်)နံနက်ပိုင်းက ဒီပဲယင်းမြို့မှထွက်လာသော အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညနေပိုင်းတွင် ရေဦးနှင့် ဒီပဲယင်းမြို့နယ်စပ် ဆည်ကြီးကျေးရွာသို့ ဝင်ရောက်လာခဲ့သည်။

သတင်း

ဒီလို ကုန်ကျစရိတ်တိုးကောက်ရတာဟာ ဂျပန်ယန်းဈေးနှုန်းအပြောင်းအလဲကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

သတင်း

စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများမည်မျှပင် သေဆုံးစေကာမူ နှိပ်စက် ဖျက်ဆီးမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှတဆင့် နိုင်ငံတကာသို့ ပြောသည်။