Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပေါက်နယ်တောင်ပိုင်းတွင် စစ်ဘေးသင့်ပြည်သူသောင်းချီရှိနေပြီး မိုးတွင်းကာလ အခက်အခဲများကြုံတွေ့နေ

ပေါက်နယ်တောင်ပိုင်းသည်စစ်​ကောင်စီတပ်၊ပျူများနှင့်ဒေသခံPDFများ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အကြမ်းဖက်စစ်တပ်က ကျေးရွာ ပေါင်း၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူများအား ပေါက် ပ.လ.ဖ အဖွဲ့က အလှူငွေပေးလှုနေစဥ်။ ။ဓါတ်ပုံ-ပေါက် ပ.လ.ဖ)
(စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူများအား ပေါက် ပ.လ.ဖ အဖွဲ့က အလှူငွေပေးလှုနေစဥ်။ ။ဓါတ်ပုံ-ပေါက် ပ.လ.ဖ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ဘေးသင့်မီးဘေးသင့်ပြည်သူသောင်းချီရှိနေပြီးမိုးတွင်းကာလဖြစ်၍ နေထိုင်စားသောက်ရေးအခက်အခဲများကြုံတွေ့နေရကြောင်းပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

ပေါက်နယ်တောင်ပိုင်းသည်စစ်​ကောင်စီတပ်၊ပျူများနှင့်ဒေသခံPDFများ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အကြမ်းဖက်စစ်တပ်က ကျေးရွာ ပေါင်း၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပေါက်နယ်တောင်ပိုင်းတွင် စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူ တစ်သောင်းကျော်ရှိနေပြီး ယခုမိုးတွင်းတွင် နေထိုင်စားသောက်ရေး များစွာဒုက္ခရောက်နေကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

(စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူများအား ပေါက် ပ.လ.ဖ အဖွဲ့က အလှူငွေပေးလှုနေစဥ်။ ။ဓါတ်ပုံ-ပေါက် ပ.လ.ဖ)
(စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူများအား ပေါက် ပ.လ.ဖ အဖွဲ့က အလှူငွေပေးလှုနေစဥ်။ ။ဓါတ်ပုံ-ပေါက် ပ.လ.ဖ)

သြဂုတ်လ ၁၇ရက်နေ့က ပေါက်မြို့နယ်လုံးဆိုင်ရာ ပ.က.ဖ ၏ လမ်းညွှန်ချက်အရ ဇုန်(၂) ပ.က.ဖ ၊ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများ အား တစ်အိမ်ထောင်လျှင် ၄၈၀၀ကျပ် နှုန်းဖြင့်မီးရှို့ ခံ ကျေးရွာ(၄)ရွာခန့်အား သွားရောက်လှူဒါန်းခဲ့သည်ဟု ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်တောင်ပိုင်းတွင် စစ်ဘေးသင့် မီးဘေးသင့်ပြည်သူများ ယခု မိုးတွင်းကာလတွင် နေထိုင်စားသောက်ရေး များစွာခက်ခဲနေ၍ စစ်ဘေးသင့် မီးဘေးသင့်ပြည်သူများအား ပါဝင်လှူဒါန်းပေးပါရန် ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။

ပါဝင်လှူဒါန်းလိုပါက ပေါက်မြို့နယ် ပ.က.ဖ၊ ပ. လ.ဖတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာများနှင့် ဖုန်း၀၉၄၂၄၄၂၉၁၀၊ ၀၉၄၄၅၉၈၄၉၉၁ တို့ထံဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စပါးမချွေရသေးသော ကောက်လှိုင်းများအား ပေါက်တောင်ပိုင်း ပလဖ ဇုန်(၂) ဒေါင်းမင်းစခန်းမှ ပလဖတပ်ဖွဲ့ ဝင်များက တောင်သူများနှင့်အတူ သွားရောက်ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။

သတင်း

စစ်ဘေးသင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်များ၊တိရိစ္ဆာန်များ၊ စားသောက်ကုန်နှင့်အိမ်သုံးပရိဘောဂများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး စိုက်ပျိုးသီးနှံဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။

သတင်း

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သည် နောက်(၆)နာရီအတွင်း ကုန်းတွင်း မုန်တိုင်းငယ်အဖြစ် အားလျော့သွားနိုင်ပြီး မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း(မြောက်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သို့ ရောက်ရှိနိုင်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် မိုးဇလကအသိပေးသည်။

သတင်း

မတ်လ ၁၇ရက်ကလည်း ပခုက္ကူခရိုင်တပ်ရင်းတစ်ခုမှ တပ်ခွဲတစ်ခုကိုလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့်အားယူပြီး မြေပြင်စစ်ကြောင်းများက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။ သို့သော် အဆိုပါ စခန်းမှ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။