Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်တောင်ပိုင်းတွင် စစ်ဘေးသင့်ပြည်သူသောင်းချီရှိနေပြီး မိုးတွင်းကာလ အခက်အခဲများကြုံတွေ့နေ

ပေါက်နယ်တောင်ပိုင်းသည်စစ်​ကောင်စီတပ်၊ပျူများနှင့်ဒေသခံPDFများ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အကြမ်းဖက်စစ်တပ်က ကျေးရွာ ပေါင်း၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူများအား ပေါက် ပ.လ.ဖ အဖွဲ့က အလှူငွေပေးလှုနေစဥ်။ ။ဓါတ်ပုံ-ပေါက် ပ.လ.ဖ)
(စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူများအား ပေါက် ပ.လ.ဖ အဖွဲ့က အလှူငွေပေးလှုနေစဥ်။ ။ဓါတ်ပုံ-ပေါက် ပ.လ.ဖ)

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် စစ်ဘေးသင့်မီးဘေးသင့်ပြည်သူသောင်းချီရှိနေပြီးမိုးတွင်းကာလဖြစ်၍ နေထိုင်စားသောက်ရေးအခက်အခဲများကြုံတွေ့နေရကြောင်းပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

ပေါက်နယ်တောင်ပိုင်းသည်စစ်​ကောင်စီတပ်၊ပျူများနှင့်ဒေသခံPDFများ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အကြမ်းဖက်စစ်တပ်က ကျေးရွာ ပေါင်း၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပေါက်နယ်တောင်ပိုင်းတွင် စစ်ဘေးနှင့် မီးဘေးသင့်ပြည်သူ တစ်သောင်းကျော်ရှိနေပြီး ယခုမိုးတွင်းတွင် နေထိုင်စားသောက်ရေး များစွာဒုက္ခရောက်နေကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

(စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူများအား ပေါက် ပ.လ.ဖ အဖွဲ့က အလှူငွေပေးလှုနေစဥ်။ ။ဓါတ်ပုံ-ပေါက် ပ.လ.ဖ)
(စစ်ဘေးနှင့်မီးဘေးသင့်ပြည်သူများအား ပေါက် ပ.လ.ဖ အဖွဲ့က အလှူငွေပေးလှုနေစဥ်။ ။ဓါတ်ပုံ-ပေါက် ပ.လ.ဖ)

သြဂုတ်လ ၁၇ရက်နေ့က ပေါက်မြို့နယ်လုံးဆိုင်ရာ ပ.က.ဖ ၏ လမ်းညွှန်ချက်အရ ဇုန်(၂) ပ.က.ဖ ၊ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများ အား တစ်အိမ်ထောင်လျှင် ၄၈၀၀ကျပ် နှုန်းဖြင့်မီးရှို့ ခံ ကျေးရွာ(၄)ရွာခန့်အား သွားရောက်လှူဒါန်းခဲ့သည်ဟု ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်တောင်ပိုင်းတွင် စစ်ဘေးသင့် မီးဘေးသင့်ပြည်သူများ ယခု မိုးတွင်းကာလတွင် နေထိုင်စားသောက်ရေး များစွာခက်ခဲနေ၍ စစ်ဘေးသင့် မီးဘေးသင့်ပြည်သူများအား ပါဝင်လှူဒါန်းပေးပါရန် ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။

ပါဝင်လှူဒါန်းလိုပါက ပေါက်မြို့နယ် ပ.က.ဖ၊ ပ. လ.ဖတို့၏ ဖေ့ဘွတ်ခ်စာမျက်နှာများနှင့် ဖုန်း၀၉၄၂၄၄၂၉၁၀၊ ၀၉၄၄၅၉၈၄၉၉၁ တို့ထံဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုနဲ့ ထိုးစစ် ဆင်လာတာကြောင့် ကျေးရွာ ၄၀ကျော်က ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ ဘေးလံတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနယ်စပ်က ဒုက္ခသည်စခန်း​တွေမှာ ခိုလှုံနေတဲ့ မြန်မာ စစ်​ဘေးဒုက္ခသည်တွေကို ပြည်တွင်းမှာ တရားဝင် အလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရက လက်ခံခဲ့တဲ့အပေါ် ကုလသမဂ္ဂက ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကကြိုဆိုခဲ့ပါတယ်။

သတင်း

စပါးမချွေရသေးသော ကောက်လှိုင်းများအား ပေါက်တောင်ပိုင်း ပလဖ ဇုန်(၂) ဒေါင်းမင်းစခန်းမှ ပလဖတပ်ဖွဲ့ ဝင်များက တောင်သူများနှင့်အတူ သွားရောက်ကူညီလုပ်ကိုင်ပေးခဲ့ကြောင်း သိရသည်။

သတင်း

စစ်ဘေးသင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် မိုခါမုန်တိုင်းကြောင့် နေအိမ်များ၊တိရိစ္ဆာန်များ၊ စားသောက်ကုန်နှင့်အိမ်သုံးပရိဘောဂများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး စိုက်ပျိုးသီးနှံဧကပေါင်းများစွာ ရေနစ်မြုပ်ပျက်စီးခဲ့ရသည်။