Connect with us

Hi, what are you looking for?

News

ပေါက်နယ်နှင့် ဆက်စပ်ဒေသရှိ ကျေးရွာ ၉ရွာထက်မနည်းကို စစ်ကောင်စီတပ်က ရက်ပိုင်းအတွင်း မီးတင်ရှို့

“အခုက စစ်ရေးတင်းမာနေတော့ ပြည်သူတွေအနေနဲ့ စစ်ကြောင်းတွေနဲ့ ဝေးတဲ့နေရာ မှာနေဖို့ရယ် ပြီးလို့ရှိရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီပေးဖို့ရယ် ဒါလောက်ပဲပြောချင်ပါတယ်” ဟု ပေါက် PDF တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။

▪️ဒေသခံများစွာ စစ်ရှောင်နေရ၊ ပေါက်မြို့နယ်၌ PDFနှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်နေ

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ကျေးရွာများနှင့် ဆက်စပ်ဒေသရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့ကြောင်း ပေါက်ဒေသခံနှင့် ပေါက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်တို့က ပြောကြားသည်။

ပေါက် -ဆိပ်ဖြူလမ်းပိုင်း ဧပြီ ၆ရက်က စစ်ကောင်စီတပ် အရာရှိ အပါအဝင် ၇ဦးကို လက်နက်ခဲယမ်း၊ ခဲယမ်းကုန်ကြမ်းတင်ယာဉ် သုံးစီးတို့နှင့်အတူ PDF ပူးပေါင်းအဖွဲ့က ဖမ်းမိခဲ့ရာ ဧပြီ ၇ရက်မှစ၍ စစ်ကောင်စီတပ်က မြေပြင် စစ်ကြောင်း ထိုးစစ်ဆင်ခြင်း၊ ရဟတ်ယာဉ်အသုံးပြု တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ်ရှိ ရေကျော်၊ ကျောင်းကုန်း၊ အင်းငယ်ထောင့်၊ ဒိန်းကွင်း၊ တောင်ဘက်၊ ဇီးတော၊ တောင်ချို ကျေးရွာများ၊ ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာ၊လယ်သာရွာ ပခုက္ကူမြို့နယ် မြစ်ဖျားကျေးရွာ တို့ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံနှင့် PDF တပ်ဖွဲ့ဝင်တို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ကို ငါးရွာလောက်ရှို့တယ်လို့ သိရတယ်။ အင်းငယ်ဒေါင့်၊ ရှားလှ၊ တောင်ချို၊ တောင်ဘက်၊ ဇီးတော ။ ရှားလှကတော့ ဆိပ်ဖြူနယ်ထဲမှာ ပါတာပေါ့။ အဲဒီဘက်တွေက မနေ့ညကနေ စပြီး ဒိန်းကွင်းဘက်ကို သွားရှို့တာပေါ့။ အဲဒီဘက်တွေက ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိတယ်ထင်လို့ သွားရှို့တယ်ထင်ပါတယ်။အခု ရှို့တဲ့ရွာတွေက အရင်တစ်ခါ ပထမဆုံးရှို့တဲ့ ကင်းမရွာနဲ့နီးတယ်။ ကင်းမနားမှာပဲ ရှိတာ တောင်ချိုတို့ ရှားလှတို့ဆိုတာ တကြောထဲပါပဲ”ဟု ပေါက် PDF တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။

ယနေ့တွင်လည်း ပေါက်မြို့နယ်တစ်နေရာ၌ PDF တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ကျဆုံးအခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

“အခုက စစ်ရေးတင်းမာနေတော့ ပြည်သူတွေအနေနဲ့ စစ်ကြောင်းတွေနဲ့ ဝေးတဲ့နေရာ မှာနေဖို့ရယ် ပြီးလို့ရှိရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ကူညီပေးဖို့ရယ် ဒါလောက်ပဲပြောချင်ပါတယ်” ဟု ပေါက် PDF တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။

မီးရှို့ခံထားရသည့် ကျေးရွာများမှ ပြည်သူလူထုများကို အကူအညီပေးရန်လည်း ၎င်းက မေတ္တာရပ်ခံသည်။

“လူဦးရေက တအားများတယ် မခန့်မှန်းနိုင်ဘူး။ ဘေးနားက ရွာတွေပါ ရှောင်ရတာ” ဟု ၎င်းက ဒေသတွင်း စစ်ရှောင်ဦးရေများ၍ မခန့်မှန်းနိုင်သေးဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။