Connect with us

Hi, what are you looking for?

News

ပေါက်နယ် ချက်ကန်ရွာတိုက်ပွဲ YRF၏ မိုင်းများကြောင့် စစ်ကောင်စီတပ်အထိနာ

မေလ ၄ရက် နေ့လယ်ပိုင်းက အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းသည် ဒီးဒုတ်ကွင်းရွာမှ ချက်ကန်ကျေးရွာသို့ စစ်ကြောင်းထိုးလာရာ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု YRFက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီး ၃၀ခန့်သေပြီး YRF ရဲဘော်နှစ်ဦးကျဆုံးဟု ထုတ်ပြန်

မကွေးတိုင်း ပေါက်မြို့နယ် ချက်ကန်ကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသတွင်းတော်လှန်ရေးတပ် Young Revolution Front (Y.R.F) က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့ပြီး YRF မှလည်း ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

မေလ ၄ရက် နေ့လယ်ပိုင်းက အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းသည် ဒီးဒုတ်ကွင်းရွာမှ ချက်ကန်ကျေးရွာသို့ စစ်ကြောင်းထိုးလာရာ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု YRFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် YRF ရဲဘော်များမှ အသင့်စောင့်ကြို ထောင်ထားသော မိုင်းများကို အကြိမ်ကြိမ်တိုက်မိကာ အထိအခိုက်၊ အကျအဆုံးများစွာဖြင့် ညနေ ၄နာရီခန့်အချိန်တွင် ပြန်လည်နောက်ဆုတ်သွားခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်က လူအင်အား ထပ်မံဖြည့်တင်းပြီး ထပ်မံထိုးစစ်ဆင်လာရာ ကျည်မလုံလောက်ခြင်း ၊လက်နက်အင်အား မမျှခြင်းတို့ကြောင့် နောက်ဆုတ်ပေးခဲ့ကြောင်း YRFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ချက်ကန်ရွာကိုမီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း YRFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။