Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ် ဇီးပြားရဲစခန်းမှရဲနှစ်ဦး လက်နက်များဖြင့် CDM ပြုလုပ်၊ ကျပ်သိန်း ၁၀၀စီ ချီးမြှင့်ခံရပြီး လွတ်မြောက်နယ်မြေပို့ဆောင်

အဆိုပါ ရဲ နှစ်ဦးအား တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီ ပေးအပ်ဂုဏ်ပြုခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း မြိုင်(ပ.က.ဖ) က ထုတ်ပြန်သည်။

ပေါက်နယ်
ပေါက်နယ်

မကွေးတိုင်း၊ ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှ ရဲနှစ်ဦး လက်နက်နှင့်ကျည်များဖြင့် CDMဝင်ရောက် လာ၍ ကျပ်သိန်း ၁၀၀စီချီးမြှင့်ကာ လွတ်မြောက် နယ်မြေသို့ ပို့ဆောင်ပေးလိုက်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၁၀ရက်) မွန်းလွဲ ၂နာရီခန့်က မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ပေါက်မြို့နယ်၊ ဇီးပြားရဲစခန်းက ရဲ နှစ်ဦးသည် G3 တစ်လက်နှင့် ကျည်ဘောက်၂ ခု၊ G4 တစ်လက်နှင့် ကျည်ဘောက်၄ ခု၊ ကျည် ၄၇၀တောင့်၊ လက်ပစ်ဗုံး ၁လုံးနှင့်အတူ ပူးပေါင်းလာခဲ့ကြောင်း မြိုင် (ပ.က.ဖ)ကအသိပေးသည်။

အဆိုပါ ရဲ နှစ်ဦးအား တစ်ဦးလျှင် ကျပ်သိန်း ၁၀၀ စီ ပေးအပ်ဂုဏ်ပြုခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း မြိုင်(ပ.က.ဖ) က ထုတ်ပြန်သည်။

CDM ရဲနှစ်ဦးနှင့်ပတ်သက်၍ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ယျာက “သူတို့က ရခိုင်မှာ တာဝန်ကျနေတုန်းကတည်းက ကျွန်တော်တို့ဆီဆက်သွယ်လာတာ။ မကွေးကိုရောက်တာ တစ်လခွဲလောက်ပဲရှိသေးတယ်။ မကွေးတိုင်းရုံးရောက်တော့လည်း ဆက်သွယ်တယ်။ ပခုက္ကူခရိုင်ရုံးရောက်တော့လည်း ဆက်သွယ်တယ်။ ပေါက်ရောက်တော့လည်း ဆက်သွယ်တယ်။ ဇီးပြားရောက်တော့လည်း ဆက်သွယ်တယ်။ သူတို့ကိုခေါ်ထုတ်လာပြီးတော့မှ အခုလွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးနေကြပြီ။ သူတို့က ဒီဟာကို(ရဲအလုပ်ကို)မလုပ်ချင်တော့လို့ ကျွန်တော်တို့ဆီဆက်သွယ်နေတာကြာပြီ။လွန်ခဲ့တဲ့ ရှစ်လလောက်ကတည်းက။ ကျွန်တော်တို့က သူတို့ဆီကနေလက်နက်ပါဖို့ရာ သိမ်းသွင်းရတာရှိတယ်။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ကျန်ရှိသည့် ရဲဘော်များအနေဖြင့်လည်း အမြင်မှန်ရကာ ပြည်သူနှင့် ပူးပေါင်းရန် မြိုင်(ပ.က.ဖ) အဖွဲ့က မေတ္တာရပ်ခံ သတိပေးသည်။

မြိုင်(ပ.က.ဖ)၏ ထုတ်ပြန်ချက်တွင် CDMဝင်လာသည့်ရဲနှစ်ဦး၏ ရာထူးနှင့်အခြားအလက်များအား အသိပေးထားခြင်းမရှိပါ။

ယခု CDM ဝင်ရောက်လာသည့် ရဲနှစ်ဦး၏ မှတ်တမ်းဓာတ်ပုံကို ဖော်ပြနိုင်ရန် အင်တာနက် လိုင်းအခက်အခဲကြောင့် နှောက်နှေးနေရသည်ဟု မြိုင် PDFက ဆိုသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နယ်နှင့် ပေါက်နယ်များသည် နယ်မြေချင်းထိစပ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းရာ ဒေသများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

အသက် ၁၄ နှစ်အရွယ်ကလေးတစ်ယောက် လက်ထဲက သေနတ်တစ်လက်ကြောင့် ထိုင်းနိုင်ငံမှာ လူ ၉ ဦး သေဆုံးခဲ့ပြီးတဲ့နောက် သေနတ်တွေ ဘယ်လောက်အထိလွယ်လွယ်ကူကူလက်လှမ်းမီနေသလဲဆိုတာနဲ့ နိုင်ငံအတွင်း လက်နက်တွေ ပျံ့နှံ့နေမှု အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာကြပါတယ်။