Hi, what are you looking for?
မြန်မာနိုင်ငံ၏ အခြေအနေမှန်များ၊ မြန်မာပြည်သူလူထု၏ဆန္ဒများကို မျက်ကွယ်ပြုပြီး စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရှုမြင်အားပေးနေကြသည့် နိုင်ငံအချို့အနေနဲ့ဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားမှု မပြုမိကြရန် သတိပေး တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။
အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် ကြေညာပြီးနောက် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နည်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိရာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်သည့် ကျူးလွန်မှုများ ပိုမိုလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားပြီး စစ်ကောင်စီ၏ လုပ်ရပ်ကို နိုင်ငံတကာက မျက်စိမှိတ်မနေရန်...
မွန်ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်စစ်ကျွန်သက်ဆိုးရှည်မည့်စစ်ကော် မရှင်၏ အတုအ ယောင်ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုဘဲ၎င်းရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA က ယနေ့ ထုတ်ပြန်ခဲ့ပြီး မွန်နိုင်ငံရေးပါတီများအနေဖြင့်လည်းအတု အယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်မနေဘဲ၊ မွန် ပြည်သူတစ်ရပ်လုံးနှင့်အတူဝိုင်းဝန်းဆန့်ကျင်ရန် တိုက်တွန်းထုတ်ပြန်သည်။