Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရာထူးက နုတ်ထွက်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ကြေညာ

ရွေးကောက်ပွဲမှာ ကိုယ်စားပြုပါတီရဲ့ ရလဒ်တွေ ညံ့ဖျင်းခဲ့တဲ့နောက် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာဟာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရွေးကောက်ပွဲမှာ ကိုယ်စားပြုပါတီရဲ့ ရလဒ်တွေ ညံ့ဖျင်းခဲ့တဲ့နောက် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာဟာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

အစဉ်အလာအရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)ဟာ ဂျပန် ရွေးကောက်ပွဲတွေမှာ အမြဲလိုလို သောင်ပြိုကမ်းပြို ရလဒ်နဲ့ အသာစီးရပြီး အာဏာရ ပါတီအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ထောက်ခံမဲ အများဆုံး ရခဲ့တဲ့တိုင် သောင်ပြိုကမ်းပြိုတော့ အနိုင်မရတော့ပါဘူး။

ပါတီထဲမှာလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဂယက်ထမှုတွေ ရှိနေခဲ့ပြီး အီရှီဘာကို ဖိအားပေး နုတ်ထွက်စေဖို့ စုပေါင်း အဆိုပြုမှုတစ်ခု တင်သွင်းဖို့ အစီအစဉ်မျိုးကိုတောင် တချို့ အမတ်တွေက ဆွေးနွေးနေပါတယ်။ စက်တင်ဘာ ၇ ရက်နေ့မှာတော့ အီရှီဘာဟာ ပါတီထဲမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာနိုင်ခြေကို ရှောင်နိုင်ဖို့အတွက် ရာထူးက တာဝန်ယူ နုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း တောက်လျှောက်လိုလို ဂျပန်ရဲ့ အာဏာရပါတီ ဖြစ်ခဲ့တဲ့ LDPထဲမှာ ခေါင်းဆောင်သစ် တစ်ဦးကို ရွေးချယ်တင်မြှောက်ဖို့ အီရှီဘီက ညွှန်ကြားခဲ့ပါတယ်။ ဂျပန်ရဲ့ စည်းမျဉ်းတွေအရ အာဏာရပါတီ ခေါင်းဆောင်သစ်ဟာ ဝန်ကြီးချုပ် နေရာကိုလည်း ဆက်ခံခွင့် ရမှာပါ။

Public Service Announcement

Public Service Announcement

အီရှီဘာက သူဟာ ဆက်ခံသူတစ်ယောက် ပေါ်ထွန်းမလာသေးခင် အထိပဲ ဝန်ကြီးချုပ် တာဝန်ကို ဆက်ယူထားမယ်လို့ ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေး ကဏ္ဍမှာ အမေရိကန်ဆီက ပြင်းထန်တဲ့ ဖိအားပေးမှုတွေ ရှိမလာအောင် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အောင်အောင်မြင်မြင် ညှိနှိုင်းပေးနိုင်ခဲ့ပြီး မကြာခင်မှာပဲ အီရှီဘာဟာ ရာထူးက နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။ သူက ထရမ့်နဲ့ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာ ဂျပန်အတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခုကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ နုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ကြေညာချိန်မှာ အီရှီဘာဟာ စိတ်ထိခိုက်ဟန်နဲ့ အသံနည်းနည်း တုန်နေခဲ့ပါတယ်။ သူက အခုအခါ မျိုးဆက်သစ်တွေဆီ တာဝန် လက်လွှဲဖို့ အချိန် ရောက်လာပြီလို့လည်း ပြောပါတယ်။

ထရမ့်ကတော့ အီရှီဘာရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ နည်းနည်း အံ့ဩသွားမိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ သတင်းထောက်တွေက နှစ်ကုန်ပိုင်းကျရင် ထရမ့်အနေနဲ့ တောင်ကိုရီးယားကို သွားရောက်မယ့် ခရီးစဉ်မှာ ဂျပန်ကိုပါ တစ်ပါတည်း လှည့်ဝင်မလားလို့ မေးခဲ့ပြီး ထရမ့်က စောင့်ကြည့်ရဦးမယ်လို့ ပြန်ဖြေသွားပါတယ်။

လေ့လာ စောင့်ကြည့်သူတွေကတော့ LDP အတွင်းပိုင်းထဲမှာ အီရှီဘာ ကြုံနေရတဲ့ နိုင်ငံရေး ဖိအားတွေဟာ တဖြည်းဖြည်း ပိုမိုကျပ်တည်း ပြင်းထန်လာနေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဂျပန်မှာ နောက်ထပ် ဝန်ကြီးချုပ် ဖြစ်လာတဲ့ ဘယ်သူမဆို လူထု ထောက်ခံမှုကို ပိုမိုခိုင်ခိုင်မာမာ ရရှိနိုင်အောင် ရည်ရွယ်ပြီး ကြားဖြတ် ရွေးကောက်ပွဲတစ်ခု ကျင်းပတာမျိုးလည်း ရှိလာနိုင်တယ်လို့ အကဲခတ်တွေက ပြောကြားထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာမှုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လူပေါင်း သိန်းနဲ့ချီ အရေးပေါ် ပြောင်းရွှေ့နေစေသလို လေယာဉ် ခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။