Connect with us

Hi, what are you looking for?

သတင်း

သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့”ဆိုကာ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း စစ်ကိုင်းတိုင်းမှာ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၁၀)မှာ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ကြွေးကြော်ကာ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲကို ဆန့်ကျင်ကြောင်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

ဓာတ်ပုံ - စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေဘိုလူထုသပိတ်

စက်တင်ဘာ-၁၀၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၁၀)မှာ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ကြွေးကြော်ကာ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲကို ဆန့်ကျင်ကြောင်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းဟာ “ဖက်ဆစ်ရွေးကောက် သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” စာသားနဲ့ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ရွှေဘိုလူထုသပိတ်

တော်လှန်ပြည်သူတွေဟာ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ကြွေးကြော်ပြီး ဖမ်းဆီးထားသောနိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။