သတင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဂိုထောင်တစ်လုံးမီးလောင် ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက် ၂နာရီခန့်မှစ၍ ၁၀၅မိုင်အနီး တိုက်ပွဲငြိမ်သက်နေရာမှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သံများပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 27, 2023
သတင်း ရေစကြိုမြို့ထွေအုပ်ရုံး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ (၄၀)မမတစ်လုံးသည် ရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦး ထိခိုက်ဒဏ်ရာရှိသည်ဟု MBT တပ်ဖွဲ့က အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 26, 2023
သတင်း နမ့်ဆန်မြို့နယ်အတွင်း စစ်ကောင်စီက ညအချိန် လက်နက်ကြီးပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ စစ်ကောင်စီ၏ လက်နက်ကြီးကျည် သုံးလုံး အုမ်းစွမ်ရွာအတွင်ကျရောက်ပေါက်ကွဲပြီး (၁၄)နှစ်အရွယ် ၆တန်းကျောင်းသူ လွေးမြသန္တာလင်း၏ ရင်ဘက်၌ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်းဖြစ်သည်။ LuduNwayOoနိုဝင်ဘာ 21, 2023
သတင်း မူဆယ်(၁၀၅)မိုင် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ခတ်၍ (၇၀)အရွယ်အဖွားအို တစ်ဦးသေဆုံး စစ်ကောင်စီတပ်သည် ယမန်နေ့ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာသို့ လက်နက်ကြီးများဖြင့် အကြိမ်ပေါင်း ၃၀ကျော် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း အသိပေးသည်။ LuduNwayOoနိုဝင်ဘာ 20, 2023
သတင်း ကိုင်းရွာစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ အလားတူ ယနေ့ နိုဝင်ဘာ၁၉ ရက် နံနက်ပိုင်းက ကိုင်းရွာအနီးရှိ ဆီမီးခုံမြို့တွင်လည်း စစ်ကောင်စီတပ်က လက်ဖက်ရည်ဆိုင်များပါဝင်ရောက်ကာ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoနိုဝင်ဘာ 19, 2023
သတင်း ရှမ်းမြောက်ရှိ စစ်ရေးအရရှုံးနိမ့်ထားသည့် မြို့၊ဒေသများကို စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ စစ်ကောင်စီသည် '၁၀၂၇ စစ်ဆင်ရေး'အတွင်း လေကြောင်းတိုက်ခိုက်ခြင်းကိုသာ အဓိကထားပြုလုပ်လာနေပြီး နိုဝင်ဘာလ (၁၁) ရက်နေ့တစ်ရက်တည်းတွင် ကွမ်းလုံမြို့တစ်မြို့တည်း၌ပင် အကြိမ် (၉၀) နီးပါးထိ စံချိန်တင်ပစ်ခတ်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ယနေ့ ထုတ်ပြန်သည်။ LuduNwayOoနိုဝင်ဘာ 12, 2023
သတင်း စိုင်ပြင်တွင် စစ်တပ်က လေကြောင်းမှဗုံးကျဲပြီးလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူအချို့ဒဏ်ရာရ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး မျက်ခုံးနှင့် ဦးခေါင်းတို့၌ လက်နက်ကြီးစထိမှန်ပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး တင်ပါးထိမှန် ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။ LuduNwayOoနိုဝင်ဘာ 6, 2023
သတင်း ဒေါ့ဖုန်းယန် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ မြို့အတွင်း လက်နက်ကြီးများပစ်ခတ်၍ ပြည်သူ နှစ်ဦးဒဏ်ရာရ နိုဝင်ဘာ ၅ရက် နေ့လယ် ၂နာရီ ၄၄မိနစ်ခန့်တွင် ဒေါ့ဖုန်းယန် ခလရ(၁၄၂)တပ်က မြို့အတွင်းသို့ လက်နက်ကြီး ခုနစ်လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း မင်းတပ်တွင် တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုပြုလုပ်၊ နေအိမ်အချို့ပျက်စီး မင်းတပ် CDFနှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ၂၅ရက်က မင်းတပ်မြို့တွင်း၌ ထိတွေ့မှု တစ်ကြိမ်ဖြစ်ပွားခဲ့သည်။ LuduNwayOoနိုဝင်ဘာ 5, 2023
သတင်း စစ်ကောင်စီလက်နက်ကြီးကြောင့် လိုင်ဇာမြို့ရှိ နေအိမ် ပျက်စီးမှုရှိ၊ တရုတ်ဘက်ကျ၍ တစ်ဦးသေဟု KIAပြော KIAသည် ကချင်နှင့် ရှမ်းမြောက်တွင်သာမက လက်ရှိတွင် စစ်ကိုင်းဘက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည်။ LuduNwayOoနိုဝင်ဘာ 5, 2023