Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကူးတွင် စစ်တပ်ပစ်သည့် လက်နက်ကြီးထိ၍ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထပ်မံသေဆုံး

ဇီးကုန်းရွာနေ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ကျွန်းဦးရွာနေ အမျိုးသားတစ်ဦးပါ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာများသို့စီးနင်းရန်ထွက်လာသော စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဉ်
ကျေးရွာများသို့စီးနင်းရန်ထွက်လာသော စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဉ်

▪️ကျွန်းပေါ်ရွာများ စီးနှင်းရန် ကြိုးပမ်းနေသည့် စစ်အုပ်စုအား တော်လှန်ရေးရဲဘော်များတိုက်ခိုက်

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးထိ၍ (၈)နှစ် အရွယ်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထပ်မံသေဆုံးပြီး တစ်ရက်တည်း လေးဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၂ ရက် နေ့လယ် ၁နာရီခွဲခန့်က စဥ့်ကူးမြို့နယ်၊ တောင်အင်းရွာရှိ စစ်ကောင်စီတပ်က ၁၂ဝ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆင်သေကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိခဲ့သည်။

ထို့အပြင် ဇီးကုန်းရွာနေ (၈)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ကျွန်းဦးရွာနေ အမျိုးသားတစ်ဦးပါ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အခြား ထိခိုက်ဒဏ်ရာရသူများလည်းရှိနေကြောင်း သိရသည်။

ဇွန်လ ၁၁ ရက် နံနက်ပိုင်းကလည်း စဥ့်ကူးမြို့နယ်၊ ရွာသာယာ ပျူစောထီးရွာမှ စစ်ကောင်စီတပ်တိုက်ခိုက်ခံရ၍ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ထီးကုန်းကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး CDM ကျောင်းဆရာမ တစ်ဦး သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်က ပြည်သူများအား ပစ်ခတ်နေသည့်နည်းတူ ၎င်းတို့ကိုလည်း တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နေသည်။

ထို့အပြင် စဥ့်ကူးမြို့နယ်ရှိ သာယာဝတီရွာသို့ ဝင်စီးရန် ကြိုးပမ်းသည့် စစ်ကောင်စီရေယာဥ်ကိုတိုက်ခိုက်ရာ နှစ်ဦးသေဆုံးပြီး ရေယာဥ်ပါ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇွန်လ ၁၂ ရက် ညနေ ၄နာရီခန့်က စဥ့်ကူးမြို့နယ်၊ ထုံးကြီးကျေးရွာမှ စစ်ကောင်စီတပ်သည် ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ကျွန်းပေါ်ရွာများသို့ လက်နက်ကြီးများ၊စက်လက် များဖြင့် ပစ်ခတ်ခဲ့သည်။

ထို့နောက် စစ်ကောင်စီတပ်က ချောဆွဲထားသော ပုဂ္ဂလိကပိုင်သံခွံရေယာဥ်အားမောင်းနှင်ပြီး သာယာဝတီရွာသို့ တက်ရန်ကြိုးပမ်းချိန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ တာဝန်ရှိသူက ပြောသည်။

“သံခွံ(ရေယာဥ်)ဦးထိုးကပ်ပြီး ကမ်းပေါ်တက်ဖို့ ကြိုးစားတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ဆီးပစ်လို့ အထိနာပြီး ပြန်လှည့်သွားတယ်။”ဟု ဒေသတွင်းရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်မှုကြောင့် ရေယာဥ်ပေါ်ပါ စစ်သား နှစ်ဦးသေဆုံးပြီး လေးဦးပြင်းထန်ဒဏ်ရာရရှိကြောင်း၊ ရေယာဥ်မှာလည်း လက်နက်ကြီးထိ၍ မောင်းနှင်၍မရတော့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာနှင့် တောင်အင်းပျူရွာဘက်မှ စစ်အုပ်စုက အနီးဝန်းကျင်ရွာများသို့ ဒရုန်းဖြင့် ဗုံးချပြီးနောက် လက်နက်ကြီးပါ ပစ်ခတ်ကာ စီးနင်းဝင်ရောက်ရန် ပြင်ဆင်နေကြောင်း Wetlet Informational Network အဖွဲ့ထံမှ သိရသည်။

(ကျေးရွာများသို့စီးနင်းရန်ထွက်လာသော စစ်ကောင်စီရေယာဥ်တစ်စီးအား တွေ့ရစဉ်။ ဓာတ်ပုံ-Wetlet Informational Network)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ် ၁ဦးသေဆုံးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။