Connect with us

Hi, what are you looking for?

သတင်း

တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ဟု TNLA ထုတ်ပြန်

TNLA နှင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ ၄ရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေ အဘွားအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး၍ ရုပ်အလောင်းအား သယ်ယူနေစဉ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေ အဘွားအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး၍ ရုပ်အလောင်းအား သယ်ယူနေစဉ်။ ဓာတ်ပုံ - TNLA)

▪️ကျောက်မဲတွင် အရပ်သားတစ်ဦး ထပ်မံသေဆုံးကာ ၃ဦးဒဏ်ရာရ

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)က တစ်ဖက်သတ် အပစ်ရပ်ရန် အောက်ခြေသို့ ညွှန်ကြားထားသော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုဆက်လက်လုပ်ဆောင်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

TNLA နှင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ ၄ရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားခြင်းဖြစ်သည်။

ထိုသို့ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ကျောက်မဲနှင့် သိန္နီတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇူလိုင် ၁၅ရက်) မွန်းလွဲ ပိုင်းတွင် ကျောက်မဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီး အလုံး ၃၀ခန့်ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင် အထက်ကျေးရွာနေ အဖွားအို တစ်ဦးထိမှန်သေဆုံးခဲ့ရကြောင်း၊ အလားတူ ကျောက်မဲမြို့ ရပ်ကွက် (၉)တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ထို့အပြင် သိန္နီမြို့ လမ်းဆုံတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုတွင် လူထိခိုက်မှုရှိမရှိ ဖော်ပြမထားပေ။ ဒေသခံ သတင်းရင်းမြစ်တို့၏ အဆိုအရ သိန္နီလမ်းဆုံ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း နေအိမ်အဆောက်အဦး၊ လမ်းနှင့် ကားအချို့ ပျက်စီးခဲ့သည်ဟုဆိုသည်။

တိုက်ပွဲ (၂၁) ရက်အတွင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆၇) ဦးသေဆုံးပြီး (၁၀၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLA နှင့် မဟာမိတ်တပ်များသည် ဇွန်လ ၂၅ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ပြန်လည်ဆင်နွှဲခဲ့ရာ နောင်ချိုမြို့ကို သိမ်းပိုက်ထားပြီးကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ရှိစစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာတွင်လည်း တပ်စခန်းအများအပြားသိမ်းရထားသည်။ လားရှိုးမြို့ကိုလည်း MNDAAကဇူလိုင် ၃ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့နှင့်တပ်စခန်း အချို့ကို MNDAAက သိမ်းရထားဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။