Connect with us

Hi, what are you looking for?

သတင်း

တစ်ဖက်သတ်အပစ်ရပ်ရန် ညွှန်ကြားထားသော်လည်း စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ဟု TNLA ထုတ်ပြန်

TNLA နှင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ ၄ရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားခြင်းဖြစ်သည်။

(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေ အဘွားအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး၍ ရုပ်အလောင်းအား သယ်ယူနေစဉ်။ ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောက်မဲမြို့နေ အဘွားအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံး၍ ရုပ်အလောင်းအား သယ်ယူနေစဉ်။ ဓာတ်ပုံ - TNLA)

▪️ကျောက်မဲတွင် အရပ်သားတစ်ဦး ထပ်မံသေဆုံးကာ ၃ဦးဒဏ်ရာရ

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)က တစ်ဖက်သတ် အပစ်ရပ်ရန် အောက်ခြေသို့ ညွှန်ကြားထားသော်လည်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုဆက်လက်လုပ်ဆောင်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

TNLA နှင့် မဟာမိတ် ကိုးကန့်တပ်ဖွဲ့(MNDAA) တို့သည် ဇူလိုင် ၁၄ရက်ည ၁၂နာရီမှ ဇူလိုင် ၁၈ရက် ည ၁၂နာရီအထိ ၄ရက်တာ တစ်ဖက်သတ်အပစ်ရပ်ထားခြင်းဖြစ်သည်။

ထိုသို့ အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ကျောက်မဲနှင့် သိန္နီတွင် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု TNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇူလိုင် ၁၅ရက်) မွန်းလွဲ ပိုင်းတွင် ကျောက်မဲမြို့တွင် စစ်ကောင်စီမှ လက်နက်ကြီး အလုံး ၃၀ခန့်ပစ်ခတ်ခဲ့ရာ နမ့်ဟူးတောင် အထက်ကျေးရွာနေ အဖွားအို တစ်ဦးထိမှန်သေဆုံးခဲ့ရကြောင်း၊ အလားတူ ကျောက်မဲမြို့ ရပ်ကွက် (၉)တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် အရပ်သား သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

ထို့အပြင် သိန္နီမြို့ လမ်းဆုံတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုတွင် လူထိခိုက်မှုရှိမရှိ ဖော်ပြမထားပေ။ ဒေသခံ သတင်းရင်းမြစ်တို့၏ အဆိုအရ သိန္နီလမ်းဆုံ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း နေအိမ်အဆောက်အဦး၊ လမ်းနှင့် ကားအချို့ ပျက်စီးခဲ့သည်ဟုဆိုသည်။

တိုက်ပွဲ (၂၁) ရက်အတွင်းတွင် စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၆၇) ဦးသေဆုံးပြီး (၁၀၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်သည်။

TNLA နှင့် မဟာမိတ်တပ်များသည် ဇွန်လ ၂၅ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ပြန်လည်ဆင်နွှဲခဲ့ရာ နောင်ချိုမြို့ကို သိမ်းပိုက်ထားပြီးကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်ရှိစစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာတွင်လည်း တပ်စခန်းအများအပြားသိမ်းရထားသည်။ လားရှိုးမြို့ကိုလည်း MNDAAကဇူလိုင် ၃ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့နှင့်တပ်စခန်း အချို့ကို MNDAAက သိမ်းရထားဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် − မန္တလေးအမြန်လမ်း တောင်ငူမြို့နယ်လမ်းပိုင်းအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေပြီး နေအိမ် ၄၀၀ကျော်ရှိသည့် စပါးကြွယ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက် မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့ပေါ် ရှိ မြို့မရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို စီးနင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း စလင်းမြို့နယ်ပြည်သူပြည့်ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအောင်ဆန်းက လူထုနွေဦးသို့ ပြောသည်။

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ကြား တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်ဖို့ သင့်တော်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယုံကြည်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြောကြားခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသော မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယနေ့(မေလ ၂၃ရက်) ညနေ၅နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဒေသခံ၂ဦးဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။