Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးတစ်ဦးအပါအဝင် သုံးဦးသေဆုံး

ချောင်းကြီးကျေးရွာသည် မိုးကုတ် – မန္တလေးလမ်းပေါ်၌တည်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းများလည်း ပိတ်ထားကြောင်း သတင်းရရှိသည်။

သပိတ်ကျင်း ချောင်းကြီးကျေးရွာတွင် စစ်တပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)
သပိတ်ကျင်း ချောင်းကြီးကျေးရွာတွင် စစ်တပ်၏လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓာတ်ပုံ - ကင်းထောက်မြေပြင်သတင်းအဖွဲ့(စဥ့်ကူး)

​အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း ကလေးတစ်ဦးအပါအဝင် ဒေသခံပြည်သူ သုံးဦး သေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၂၆ ရက်က ချောင်းကြီးကျေးရွာသို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်ချိန် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် (၆)တန်းကျောင်းသားတစ်ဦးသေဆုံးကာ တစ်ဦး ခြေထောက်ဖြတ်လိုက်ရပြီး ကိုရင် နှစ်ပါးပါ ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်လင်းယုန်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အလားတူ ဇွန်လ ၂၈ရက်ကလည်း စစ်တပ်က ချောင်းကြီးကျေးရွာသို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ (၅၇)နှစ်အရွယ် ဒေါ်ထွေးတင်နှင့် သားဖြစ်သူ (၁၇)နှစ်အရွယ် မောင်ပိုင်ပိုင်တို့ သေဆုံးခဲ့ရကြောင်း၊ ထို့အပြင် အမျိုးသမီးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီးများမှာ သပိတ်ကျင်းမြို့နယ်၊ ဝက်သေကျေးရွာအနီးရှိ ထာဝရဦးမောင်ကိုပိုင်ဆိုင်သော Myanmar Golden Point Family ကုမ္ပဏီအတွင်းရှိ လက်နက်ကြီးကုန်းနှင့် ရေထွက်ကျေးရွာရှိ စစ်ကောင်စီထောက်တိုင် ဦးမန်းစိန်ပိုင်ဆိုင်သော ဆိုက်အတွင်းမှ ၁၂၀မမ လက်နက်ကြီးများဖြင့် ၁၇လုံးထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်းယုန်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“တစ်ရွာလုံးနီးပါး ထွက်ပြေးနေရတယ်။ အခုထိခိုက်သေဆုံးတဲ့သူတွေက မပြေးနိုင်ဘဲ ပိတ်မိသွားတာ။”ဟု ချောင်းကြီးဒေသခံတစ်ဦးက ပြောသည်။

ချောင်းကြီးကျေးရွာသည် မိုးကုတ် – မန္တလေးလမ်းပေါ်၌တည်ရှိပြီး တိုက်ပွဲများဖြစ်ပွားနေ၍ လမ်းများလည်း ပိတ်ထားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းမြောက်ခြမ်း မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်းနှင့် မိုးကုတ်အစရှိသည့်ဒေသများ၌ စစ်ကောင်စီတပ်နှင့် PDFများ ဇွန်လနောက်ဆုံးပတ်မှစတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။