Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီလက်နက်ကြီးကျည်ထိမှန်၍ မဘသဆရာတော်ကျောင်း ပျက်စီး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဆရာတော်၏ ကျောင်းတိုက် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးထိမှန်ခဲ့သော မဘသဆရာတော်၏ကျောင်းအား တွေ့ရစဥ်။ဓာတ်ပုံ-Yesagyo Township Info Commettee

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ)ဆရာတော်၏ ကျောင်းတိုက် ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

ဩဂုတ် ၁၃ရက် ညပိုင်းက စစ်ကောင်စီတပ်သည် လက်နက်ကြီးဖြင့် ငါးကြိမ် ပစ်ခတ်ခဲ့ရာ တစ်လုံးမှာ ရေစကြိုမြို့နယ်၊ ရွာသစ်ရွာမြောက်ပိုင်း ကန်ဦးဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းအဆောက်အအုံအချို့ ပျက်စီးခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ(Yesagyo Township Info Commettee)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါကျောင်းမှ ဆရာတော်သည် မဘသအဖွဲ့ဝင်ဖြစ်ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီ မဲပေးကြရန် လိုက်လံစည်းရုံးခဲ့သော ဘုန်းကြီးဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ဆရာတော်က မင်းအောင်လှိုင်ကို ကျိန်ဆဲနေတယ်ပြောတယ်။”ဟု ရေစကြိုဒေသခံတစ်ဦးကပြောသည်။

ရေစကြိုမြို့ ရုံးပေါင်းစုံဝင်းအတွင်းရှိ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေ၍ ပြည်သူများ ထိခိုက်သေဆုံးမှုရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။