Hi, what are you looking for?
ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ
ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲတွေမှာစစ်သင်္ဘောတွေ နစ်မြှပ်ပျက်စီးခဲ့တာကြောင့် ဗန်းမော်မြို့ရှိ အမှတ် ၂၁စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အမြောက်အပါအဝင်လက်နက်ခဲယမ်းတွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။
မြစ်ဆုံဆည်စီမံကိန်းကို ပြန်လည်အသက်သွင်းခြင်းဟာ အချိန်အခါမဟုတ်ဘဲ၊ ပါဝင်ပတ်သက်သူများ ကြား ကွဲပြားမှုကို ပိုမိုဖြစ်စေပြီး လက်နက်ကိုင်ပဋိပက္ခကို ပိုမိုပြင်းထန်လာစေနိုင်ကြောင်း ကချင်အဖွဲ့တွေ အပါအဝင်အဖွဲ့အစည်း ၁၂၉ဖွဲ့ရဲ့ ကချင်ဒေသတကျော့ပြန်စစ်ပွဲ (၁၅) နှစ်ပြည့်အထိမ်းအမှတ် ပူးတွဲသဘောထားထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က မြစ်ဆုံရေကာတာ စီမံကိန်းကို အာဏာသိမ်းစစ်တပ်က ပြန်လည်စတင်နိုင်ရေး ကြိုးပမ်းမှုတွေအပေါ် ပြည်သူလူထုတွေက ကန့်ကွက်ဆန္ဒပြမှုတွေ လုပ်ဆောင်လျက်ရှိရာ စီမံကိန်းကန့်ကွက်တဲ့ ပြည်သူတွေကို အားပေးကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။