Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်အထက်ပိုင်း မိုးကောင်းလို့ ဧရာဝတီမြစ်ရေတိုးလာ

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

Screenshot

ဇွန်-၁၆၊၂၀၂၆။စိုင်းနော်/People’s Spring

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

ပူတာအိုမြို့နယ်အပါအဝင် ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေမှာ ဇွန်လဆန်းကတည်းက မိုးကောင်းနေတာဖြစ်ပြီး ဇွန်လ ၁၄ရက်နောက်ပိုင်းမှာ မိုး ရေချိန်ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ဧရာဝတီမြစ်ရေက မြစ်ကြီးနားမှာလည်းတိုးလာတယ်။ မိုးကဆက်ပြီးတော့ကောင်းနေမယ်ဆိုရင် ရေဘေးသေချာပေါက်ကြုံရဦးမယ်။ မြစ်ကမ်းဘေးကနေရာတွေ ကြိုတင်ပြင်ဆင်မှုလိုမယ်လို့ထင်တယ်”လို့ မြစ်ကြီးနားမြို့က အရပ်ဖက်အရေဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ ဖားကန့်မြို့နယ်အတွင်း ဇွန်လ ၁၄ရက် မနက်ပိုင်းကစပြီး ရပ်ကွက်နဲ့ကျေးရွာအချို့ ရေနစ်မြုပ်ပြီးရေဘေးကြုံတွေ့နေရပါတယ်။ဒီ‌နေ့ ဇွန်လ ၁၆ရက်အထိ ရေဆက်တိုးနေတယ်လို့ ဖားကန့်‌ဒေသခံ တွေကပြောပါတယ်။

ပြီးခဲ့တဲ့မေလကနေ ဇွန်လအတွင်း ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းတွေမှာ မိုးကြီးပြီး တောင်ကျရေနဲ့မြေပြိုမှုတွေ၊ လေပြင်း ဘေးတွေကြောင့်လူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ယမန်နေ့ ဇွန်လ၁၅ရက်နေ့က ရခိုင်ပြည်နယ်ပုဏ္ဍားကျွန်းမြို့နယ်မှာ မိုးကြီးပြီးလေပြင်းတိုက်ခတ်ချိန် ချောင်းတစ်ခုအတွင်း စက်လှေတိမ်းမှောက်ပြီး ၁၁ဦး သေဆုံးခဲ့တယ်လို့ ရခိုင်သတင်းရင်းမြစ်တွေကပြောပါတယ်။

ယခုရက်ပိုင်းမှာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်းနဲ့သံလွင်မြစ်အပါအဝင် မြစ်ချောင်းအများအပြားမှာရေတိုးလာတယ်လို့ သိရပါတယ်။

မြန်မာ့ကမ်းရိုးတန်းဒေသ တွေနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ အနောက်တောင် မုတ်သုံလေအားကောင်းနေသလို ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာလည်း လေပွေလှိုင်းတစ်ခု ဖြစ်ပေါ်နိုင်တာကြောင့် ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မိုးကြီးလို့ဖြစ်နိုင်တဲ့ရေဘေးအပြင် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြတ် ရေလွှမ်းမိုးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေပြိုခြင်း၊ တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေ အထူးသတိပြုနေထိုင်ကြဖို့ MoSLHAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာဒီကနေ့ (ဇူလိုင် ၂၉) နံနက်အစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့မှာအိမ်တွေထဲထိ ရေကြီး၊ ရေဝင်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းရာက ရေကြီးမှုတွေကြောင့် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။