သတင်း မင်းတပ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီယာဥ်တစ်စီးကို CDF တိုက်ခိုက် မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့ရာ ကင်းလှည့်လာသည့် ယာဉ်တိုက်ခိုက်ခံရ၍ စစ်သား၊ရဲများ သေဆုံးမှုရှိသည့်အပြင် ဒဏ်ရာပြင်းထန်သည့် ရဲ လေးဦး မင်းတပ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 30, 2023
သတင်း မင်းတပ် ခလရ(၂၇၄)တပ်အနီးတိုက်ပွဲ စစ်ကောင်စီတပ် တစ်ဦးသေ၊ CDF အချို့ဒဏ်ရာရ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး မင်းတပ် CDF တပ်ဖွဲ့ဘက်မှ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။ ဒဏ်ရာရသူများ မပြင်းထန်ဟုလည်း ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 30, 2023
သတင်း ကျင်ဒွေးသို့ဦးတည်နေသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ ကန်ပက်လက် CDF ထုတ်ပြန် ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းသို့ ဦးတည်သည့် စစ်ကြောင်းနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့ရာ ကားမိုင်းနှင့် နင်းမိုင်းများစွာ ပေါက်ကွဲခဲ့သည်ဟု ကန်ပက်လက် CDFက ဖော်ပြသည်။ LuduNwayOoဇူလိုင် 29, 2023
သတင်း ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးထပ်မံသေဟု CDF အသိပေး ဇူလိုင် ၂၅ရက် နံနက်တွင်လည်း နတ်စင်ကုန်းအနီး၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိနေပြီး CDF ရဲဘော် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 27, 2023
သတင်း မကွေး-ချင်းနယ်စပ် ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်ကို CNA/CDF/PDF ပူးပေါင်းတိုက်ခိုက် ကန်ပက်လက်နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မကွေးတိုင်း ဆောမြို့နယ်တွင်လည်း ဇူလိုင်လလယ်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသတွင်း ကာကွယ်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း ကျင်ဒွေးသို့ ရိက္ခာပို့စစ်ကြောင်းနှင့် ကန်ပက်လက်မြို့မှတပ်ချိန်းထွက်လာသည့် စစ်ကြောင်းကို CDFနှင့် PDF ပူးပေါင်းတပ် တိုက်ခိုက် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် လာသည့် စစ်ကောင်စီတပ်နှင့် ကန်ပက်လက်မြို့တွင် တပ်ချိန်းပြီးထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 24, 2023
သတင်း မကွေး-ချင်းနယ်စပ် တိုက်ပွဲ စစ်ကောင်စီတပ်မှ ၂၀ဦးသေ၊ အများအပြား ဒဏ်ရာရဟု ကန်ပက်လက် CDF အသိပေး တိုက်ပွဲ၌ အထိနာသည့် စစ်ကောင်စီတပ်သည် ဇူလိုင် ၁၉ရက်တွင် ဆောမြို့နယ်မှ အင်အား ၁၀၀ကျော်ပါ စစ်ကြောင်း တစ်ခု ကန်ပက်လက်မြို့နယ်သို့ ဦးတည်ပြီး စစ်ကူပေးရန် စစ်ရေးလှုပ်ရှားလာနေသည်ဟု ဆောဒေသခံက ယနေ့ ပြောကြားသည်။ LuduNwayOoဇူလိုင် 19, 2023
သတင်း ကျင်ဒွေးမြို့ဦးတည်သည့် စစ်ကောင်စီတပ်ကို ကန်ပက်လက် CDF တိုက်ခိုက် ပြည်သူလူထုများအနေဖြင့်လည်း လတ်တလော အခြေအနေတွင် ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်များကို လိုက်နာရန်နှင့် ကာကွယ်ရေးတပ်ဖွဲ့များကို ပံ့ပိုးကူညီရန် ဒေသခံသတင်းရင်းမြစ်က တိုက်တွန်းထားသည်။ LuduNwayOoဇူလိုင် 18, 2023
သတင်း ကန်ပက်လက်မြို့ပေါ် တွင်တပ်စွဲထားသောစစ်ကောင်စီတပ်ကို CDF/PDF ပူးပေါင်းတပ် တိုက်ခိုက် ကန်ပက်လက် CDF တာဝန်ရှိသူတစ်ဦးကလည်း “ အဲဒီမှာတော့ စကစဘက်က အထိအခိုက်တော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့ဟာတွေရှိတယ်။ သေဆုံးမှုကတော့ မသိရဘူး။ မြို့ပေါ် စေတီကုန်းအထိုင်စခန်းကို တိုက်ခိုက်တာ” ဟု ပြောကြားသည်။ LuduNwayOoဇူလိုင် 15, 2023
သတင်း ကလေး- သိုင်းငင်း လမ်းကို ယနေ့မှစ၍ လုံးဝအသုံးမပြုရန် CDF ပန်ကြားချက်ထုတ်ပြန် ကလေးမြို့နှင့် ချင်းပြည်နယ် မြောက်ပိုင်း အဓိက လမ်းမကြီးဖြစ်သည့် ကလေး - သိုင်းငင်း လမ်း အသုံးပြုနိုင်ရေး ပြန်လည် အကြောင်းကြားမည်ဖြစ်သည်ဟုလည်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 14, 2023