Connect with us

Hi, what are you looking for?

သတင်း

ကျင်ဒွေးသို့ ရိက္ခာပို့စစ်ကြောင်းနှင့် ကန်ပက်လက်မြို့မှတပ်ချိန်းထွက်လာသည့် စစ်ကြောင်းကို CDFနှင့် PDF ပူးပေါင်းတပ် တိုက်ခိုက်

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် လာသည့် စစ်ကောင်စီတပ်နှင့် ကန်ပက်လက်မြို့တွင် တပ်ချိန်းပြီးထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ကန်ပက်လက် ချင်းဒေသကာကွယ်ရေးတပ် (CDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)
(ကန်ပက်လက် ချင်းဒေသကာကွယ်ရေးတပ် (CDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF)

▪️လေးရက်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ် ၁၆ဦးသေ၊ CDFပူးပေါင်းတပ်မှ တစ်ဦးကျဆုံး ငါးဦးဒဏ်ရာရဟု အသိပေး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက် ချင်းဒေသကာကွယ်ရေးတပ်(CDF)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၁၆ဦးသေဆုံးခဲ့ကြောင်း ကန်ပက်လက် CDFက အသိပေးထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် လာသည့် စစ်ကောင်စီတပ်နှင့် ကန်ပက်လက်မြို့တွင် တပ်ချိန်းပြီးထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျင်ဒွေးမြို့သို့ ဦးတည်စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ကျော်ပါရှိသည့် စစ်ကောင်စီတပ် သည် လက်ရှိတွင် လှိုင်ဒုတ်ကျေးရွာသစ်အနီးသို့ ရောက်ရှိနေကြောင်း၊ ယင်းစစ်ကြောင်းနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များအကြား ဇူလိုင် ၂၁ရက် က မဆာတွီရွာနှင့် မောချောင်းရွာအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက် က အထိအခိုက်အကျအဆုံးမရှိဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇူလိုင် ၂၄ရက်) နံနက်တွင်လည်း မောချောင်းနှင့် လှိုင်ဒုတ်ကျေးရွာသစ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ လေးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးဖော်ပြသည်။

Public Service Announcement
Public Service Announcement

ကန်ပက်လက်မြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် ယနေ့မနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန် သည်။ ကန်ပက်လက်မြို့ပေါ်မှ တပ်ချိန်းပြီး ပြန်လည်ထွက်လာသည့် စစ်ကြောင်းနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ CDFရဲဘော် တစ်ဦးကျဆုံးပြီး ၁ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

ယမန်နေ့(ဇူလိုင် ၂၃ရက်)ကလည်း အဆိုပါ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ ပါကွန်းရွာ အောက်ဘက် ကတင်းချောင်းအနီး ထိတွေ့မှု ဖြစ်ပွားခဲ့ရာစစ်ကောင်စီတပ်က ငါးဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်သည်။

ယမန်နေ့ တိုက်ပွဲတွင် CDF ဘက်က အထိအခိုက် အကျအဆုံးမရှိသော်လည်း စစ်ကောင်စီထောင် ထားသည့် မိုင်းနင်းမိ၍ ပြည်သူတစ်ဦး အသက် ဆုံးရှုံးခဲ့ရသည်ဟု အသိပေးထားသည်။

နွေဦးတော်လှန်ရေးအစမှ ယနေ့အထိ စစ်ကောင်စီကို တွန်းလှန်နေသည့် ကန်ပက်လက် CDF အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများ ပံ့ပိုးကူညီမှုများ လိုအပ်နေကြောင်း အသိပေးထားပြီး ပြည်သူများအနေဖြင့် အားပေးကူညီကြရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ် ကံကုန်းကို ရောက် နေတဲ့ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်တွေ မနေ့ညပိုင်းက အပြင်းထန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်အထိခိုက်အကျဆုံးများတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တိုက်ပွဲ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေမှာ စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။