Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်တိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးထပ်မံသေဟု CDF အသိပေး

ဇူလိုင် ၂၅ရက် နံနက်တွင်လည်း နတ်စင်ကုန်းအနီး၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိနေပြီး CDF ရဲဘော် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

(ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - Chin Defence Force -Kanpetlet)
(ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်။ ဓာတ်ပုံ - Chin Defence Force -Kanpetlet)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဇူလိုင် ၂၄ရက်ကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သုံးဦးထပ်မံသေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့နယ်ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသည့် အင်အား ၃၀၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်များသည် ဇူလိုင် ၂၄ရက် ညနေပိုင်းက အုံလမ်းခွဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

အဆိုပါတိုက်ပွဲအတွင်း ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိဟု ဖော်ပြသည်။

ထို့ပြင် ဇူလိုင် ၂၅ရက် နံနက်တွင်လည်း နတ်စင်ကုန်းအနီး၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရသူများရှိနေပြီး CDF ရဲဘော် တစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ကန်ပက်လက်နယ်တွင် ကျင်ဒွေးမြို့သို့ ဦးတည်သည့် စစ်ကြောင်းနှင့် ကန်ပက်လက်မြို့၌ တပ်ချိန်းပြီး ဆောမြို့နယ် ကျောက်ထုမြို့သို့ဦးတည်သည့် စစ်ကြောင်းကို CDFနှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်လျက်ရှိရာစစ်ကောင်စီတပ်ကသေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း CDFက ယခင်နေ့များက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။