Connect with us

Hi, what are you looking for?

သတင်း

မကွေး-ချင်းနယ်စပ် ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်ကို CNA/CDF/PDF ပူးပေါင်းတိုက်ခိုက်

ကန်ပက်လက်နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မကွေးတိုင်း ဆောမြို့နယ်တွင်လည်း ဇူလိုင်လလယ်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသတွင်း ကာကွယ်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

▪️ဇူလိုင် ၂၄ရက်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၀ဦးသေဟု NUGကာကွယ်ရေး အသိပေး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဇူလိုင် ၂၄ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်ကယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကြောင်းထိုးဝင်ရောက်လာသော ရန်သူ့တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၄ရက်က နေရာ ၂ခု၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

ကန်ပက်လက်မြို့နယ်၊ မောချောင်းနှင့် လှိုင်ဒုတ် ကြားတွင် ဇူလိုင် ၂၄ရက် နံနက်က တပ်မ (၈၈)၊ ခလရ(၃၀၄) ပူးပေါင်းအင်အား ၁၀၀ခန့်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁)စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၆) နှင့်CDF ကန်ပက်လက် ခေါနုတပ်ခွဲ ပူးပေါင်းမဟာမိတ်တပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား ၁၀ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းတပ်သား လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

ထို့အပြင် ဇူလိုင် ၂၄ရက် ညနေပိုင်းတွင် တပ်မ(၈၈) လက်အောက်ခံ ခမရ (၃၀၁)(၃၁၇)ပူးပေါင်းတပ်အင်အား (၁၅၀) ခန့်စစ်ကြောင်းကို လဲပုံးလမ်းခွဲ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၃)နှင့် CNA/CDF ကန်ပက်လက် မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံစောင့်ကြိုပစ်ခတ်ခဲ့ရာ ရန်သူ့တပ်သား ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲ၌ မဟာမိတ်ပူးပေါင်းတပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ရန်သူ့တပ်သည် မကွေးတိုင်းအနောက်ခြမ်းဒေသနှင့် ချင်းပြည်နယ်ကို စိုးမိုးထိန်းချုပ်ရန် တပ်အင်အားအများအပြား၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ပူးပေါင်းတပ်များက လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

ကန်ပက်လက်နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မကွေးတိုင်း ဆောမြို့နယ်တွင်လည်း ဇူလိုင်လလယ်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသတွင်း ကာကွယ်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။