Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေး-ချင်းနယ်စပ် ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်ကို CNA/CDF/PDF ပူးပေါင်းတိုက်ခိုက်

ကန်ပက်လက်နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မကွေးတိုင်း ဆောမြို့နယ်တွင်လည်း ဇူလိုင်လလယ်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသတွင်း ကာကွယ်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

▪️ဇူလိုင် ၂၄ရက်တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၂၀ဦးသေဟု NUGကာကွယ်ရေး အသိပေး

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် ဇူလိုင် ၂၄ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေး အစိုးရကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်ကယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကြောင်းထိုးဝင်ရောက်လာသော ရန်သူ့တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဇူလိုင် ၂၄ရက်က နေရာ ၂ခု၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

ကန်ပက်လက်မြို့နယ်၊ မောချောင်းနှင့် လှိုင်ဒုတ် ကြားတွင် ဇူလိုင် ၂၄ရက် နံနက်က တပ်မ (၈၈)၊ ခလရ(၃၀၄) ပူးပေါင်းအင်အား ၁၀၀ခန့်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁)စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၆) နှင့်CDF ကန်ပက်လက် ခေါနုတပ်ခွဲ ပူးပေါင်းမဟာမိတ်တပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သား ၁၀ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ပွဲတွင် မဟာမိတ်ပူးပေါင်းတပ်သား လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(CNA/CDF/PDF ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – MOD/NUG)

ထို့အပြင် ဇူလိုင် ၂၄ရက် ညနေပိုင်းတွင် တပ်မ(၈၈) လက်အောက်ခံ ခမရ (၃၀၁)(၃၁၇)ပူးပေါင်းတပ်အင်အား (၁၅၀) ခန့်စစ်ကြောင်းကို လဲပုံးလမ်းခွဲ အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၃)နှင့် CNA/CDF ကန်ပက်လက် မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံစောင့်ကြိုပစ်ခတ်ခဲ့ရာ ရန်သူ့တပ်သား ၁၀ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲ၌ မဟာမိတ်ပူးပေါင်းတပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

ရန်သူ့တပ်သည် မကွေးတိုင်းအနောက်ခြမ်းဒေသနှင့် ချင်းပြည်နယ်ကို စိုးမိုးထိန်းချုပ်ရန် တပ်အင်အားအများအပြား၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ပူးပေါင်းတပ်များက လက်တွဲညီညီ ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည်ဟု အသိပေးထားသည်။

ကန်ပက်လက်နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် မကွေးတိုင်း ဆောမြို့နယ်တွင်လည်း ဇူလိုင်လလယ်မှစ၍ စစ်ကောင်စီတပ်နှင့် ဒေသတွင်း ကာကွယ်ရေးတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။