Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီယာဥ်တစ်စီးကို CDF တိုက်ခိုက်

မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့ရာ ကင်းလှည့်လာသည့် ယာဉ်တိုက်ခိုက်ခံရ၍ စစ်သား၊ရဲများ သေဆုံးမှုရှိသည့်အပြင် ဒဏ်ရာပြင်းထန်သည့် ရဲ လေးဦး မင်းတပ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်မြို့ခရိုင်ကျန်းမာရေးရုံး၌ တွေ့ရသော စစ်ကောင်စိတပ်သားများ။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်မြို့ခရိုင်ကျန်းမာရေးရုံး၌ တွေ့ရသော စစ်ကောင်စိတပ်သားများ။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ်အထိနာ၍ ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ကြောင်း ဒေသခံသတိပေး

ချင်းပြည်နယ် မင်းတပ်မြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ယနေ့(ဇူလိုင် ၃၀ရက်) ညနေပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ရဲများသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ယနေ့နံနက်က မင်းတပ် ခလရ(၂၇၃) တပ်ရင်းအနီးရှိ လေးမိုင်ကုန်းမှ စစ်ကောင်စီတပ်သားများကို CDFက တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်း၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက် သစ်တောဝိုင်းအနီးတွင် ယနေ့ညနေ ၃နာရီ ၄၀မိနစ်တွင် ကင်းလှည့်လာသည့် စစ်သားနှင့် ရဲသားများပါ ယာတစ်စီးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ခုနစ်ဉီးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိကြောင်း၊ စစ်ကောင်စီတပ်၏ ကားနှင့် လက်နက်များကိုအခြေအနေအရ သိမ်းဆည်းနိုင်ခြင်းမရှိခဲ့သော်လည်း ဒဏ်ရာရလူနာများ နှင့်အလောင်းများအား ကားဖြင့်ပြန်လည်သယ်သွားကြကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မင်းတပ် CDFအရာရှိ အချို့ထံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့ရာ ကင်းလှည့်လာသည့် ယာဉ်တိုက်ခိုက်ခံရ၍ စစ်သား၊ရဲများ သေဆုံးမှုရှိသည့်အပြင် ဒဏ်ရာပြင်းထန်သည့် ရဲ လေးဦး မင်းတပ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု ဆိုသည်။

“ဂရုစိုက်သွားလာကြပါ။ယခင် အတွေ့အကြုံများအရ ပြောတာပါပစ်ချင်မှလည်းပစ်မှာပါ။ ဂရုစိုက်ကြဖို့ ကြိုသတိပေးတာပါဗျ ။တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနားရှိ ပြည်သူ့နေအိမ်များကို ရှာဖွေမှုများ ၊ ဖမ်းဆီးမှုများပြုလုပ်တတ်သောကြောင့် သတိထားကြဖို့သတိပေးပါရစေ”ဟု မင်းတပ်ဒေသခံ သတင်းရင်းမြစ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကမ္ဘာ့ရွှေ အမြင့်စျေးဖြင့် စျေးကွက်ပိတ်ခဲ့ပြီး ပြည် တွင်း၌ ရွှေသန့်စင်ဖိုများလုပ်ငန်းယာယီရပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ရွှေလုပ်ငန်းရှင် အချို့ကပြောသည်။

သတင်း

ရန်ကုန်မြို့မှာစစ်ကောင်စီရဲ့လက်အောက်ခံ ရဲတွေနဲ့ စစ်ကောင်စီက ပျူစောထီး​ခေါ် ပြည်သူ့စစ်တွေ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လူမိုက်အဖွဲ့တွေနဲ့ အချင်းချင်းကြားပြန်လည်ပစ်ခတ်မှုတွေဖြစ်နေပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်တွင်အဓိကကုန်သွယ်ရေးဂိတ်ဖြစ်လာသည့် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကကြေညာပြီးနောက် မူဆယ်သို့သွားမည့် ကုန်ကားများကို လားရှိူးမှ စောင့်၍ ဖမ်း‌ဆီး​နေသည်။

သတင်း

ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်တွင်အခြေခံလုပ်အားခတိုးမြှင့်ရေးဦးဆောင်တောင်းဆိုသည့် စက်ရုံလုပ်သားတစ်ဦးကို စစ်ကောင်စီဖမ်းဆီးသွားသည်မှာ ငါးရက်ရှိပြီ ဖြစ်ပြီးပြန်လွတ်မလာ​သေး​ကြောင်း ဖြစ်စဥ်ကိုသိ​သူများက​ပြောသည်။