Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီယာဥ်တစ်စီးကို CDF တိုက်ခိုက်

မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့ရာ ကင်းလှည့်လာသည့် ယာဉ်တိုက်ခိုက်ခံရ၍ စစ်သား၊ရဲများ သေဆုံးမှုရှိသည့်အပြင် ဒဏ်ရာပြင်းထန်သည့် ရဲ လေးဦး မင်းတပ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု ဆိုသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်မြို့ခရိုင်ကျန်းမာရေးရုံး၌ တွေ့ရသော စစ်ကောင်စိတပ်သားများ။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် မင်းတပ်မြို့ခရိုင်ကျန်းမာရေးရုံး၌ တွေ့ရသော စစ်ကောင်စိတပ်သားများ။ ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီတပ်အထိနာ၍ ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ကြောင်း ဒေသခံသတိပေး

ချင်းပြည်နယ် မင်းတပ်မြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်ကို ယနေ့(ဇူလိုင် ၃၀ရက်) ညနေပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ရဲများသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ယနေ့နံနက်က မင်းတပ် ခလရ(၂၇၃) တပ်ရင်းအနီးရှိ လေးမိုင်ကုန်းမှ စစ်ကောင်စီတပ်သားများကို CDFက တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်း၌ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက် သစ်တောဝိုင်းအနီးတွင် ယနေ့ညနေ ၃နာရီ ၄၀မိနစ်တွင် ကင်းလှည့်လာသည့် စစ်သားနှင့် ရဲသားများပါ ယာတစ်စီးအား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ခုနစ်ဉီးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများရှိကြောင်း၊ စစ်ကောင်စီတပ်၏ ကားနှင့် လက်နက်များကိုအခြေအနေအရ သိမ်းဆည်းနိုင်ခြင်းမရှိခဲ့သော်လည်း ဒဏ်ရာရလူနာများ နှင့်အလောင်းများအား ကားဖြင့်ပြန်လည်သယ်သွားကြကြောင်း မင်းတပ် CDFက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး မင်းတပ် CDFအရာရှိ အချို့ထံဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့ရာ ကင်းလှည့်လာသည့် ယာဉ်တိုက်ခိုက်ခံရ၍ စစ်သား၊ရဲများ သေဆုံးမှုရှိသည့်အပြင် ဒဏ်ရာပြင်းထန်သည့် ရဲ လေးဦး မင်းတပ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု ဆိုသည်။

“ဂရုစိုက်သွားလာကြပါ။ယခင် အတွေ့အကြုံများအရ ပြောတာပါပစ်ချင်မှလည်းပစ်မှာပါ။ ဂရုစိုက်ကြဖို့ ကြိုသတိပေးတာပါဗျ ။တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနားရှိ ပြည်သူ့နေအိမ်များကို ရှာဖွေမှုများ ၊ ဖမ်းဆီးမှုများပြုလုပ်တတ်သောကြောင့် သတိထားကြဖို့သတိပေးပါရစေ”ဟု မင်းတပ်ဒေသခံ သတင်းရင်းမြစ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။