Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် ခလရ(၂၇၄)တပ်အနီးတိုက်ပွဲ စစ်ကောင်စီတပ် တစ်ဦးသေ၊ CDF အချို့ဒဏ်ရာရ

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး မင်းတပ် CDF တပ်ဖွဲ့ဘက်မှ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။ ဒဏ်ရာရသူများ မပြင်းထန်ဟုလည်း ဖော်ပြထားသည်။

(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Tantan Naing/FB)
(မင်းတပ် CDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - Tantan Naing/FB)

ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄)အနီး (၄)မိုင်ကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၃၀ရက်) နံနက် ၇နာရီခွဲခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး မင်းတပ် CDF တပ်ဖွဲ့ဘက်မှ နှစ်ဦးဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။ ဒဏ်ရာရသူများ မပြင်းထန်ဟုလည်း ဖော်ပြထားသည်။

တိုက်ပွဲဖြစ်စဉ်နှင့် စစ်ရေးအခြေအနေများကို မေးမြန်းရန် မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ အချို့အား ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မင်းတပ် CDF စစ်ဒေသမှူး ဆလိုင်းနိုင်းတမ်က မင်းတပ် CDF၏ စစ်ရေးလှုပ်ရှားမှုနှင့် ဆောင်ရွက်ချက်အချို့ကို ယမန်နေ့က အသိပေးထားရာ မင်းတပ် CDF တပ်အနေဖြင့် အင်အား ၁၀၀ ခန့် ပါ စစ်ကြောင်းကို စစ်ဒေသမှူးနှင့် ဗျူဟာမှူးဦးဆောင်ပြီးယောနယ်တလျှောက် ဖြန့်ကျက်ထားခဲ့သည်မှာ၂လခန့်ရှိပြီဖြစ်သည်ဟု ဖော်ပြသည်။

အကြောင်းအမျိုးမျိုးကြောင့် အဆိုပါတပ်ကို ခဏ ပြန်ဆုတ်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

မင်းတပ် CDFအနေဖြင့် မင်းတပ်မြို့ လွတ်မြောက်ရေး တစ်ခုတည်း တိုက်ပွဲဝင်နေခြင်းမဟုတ်သကဲံသို့ နယ်မြေချဲ့ရန် ယောနယ်အထိ တပ်ဖြန့်ထားခြင်းမဟုတ်ကြောင်း အသိပေးထားပြီး မင်းတပ် – ကျောက်ထုလမ်းမကို ဆက်လက်ထိန်းချုပ်ထားမည်ဟု ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။