Connect with us

Hi, what are you looking for?

သတင်း

CDF ရဲဘော်များတိုက်ခိုက်မှုကြောင့် မင်းတပ် ရဲခရိုင်မှူး ဒဏ်ရာပြင်းထန်

ယနေ့ (ဇူလိုင် ၃၁ရက်) နံနက်တွင်လည်း တိုက်ပွဲဖြစ်ပွားရာ အရှေ့ပြင်ရပ်ကွက် သစ်တောရုံးဘက်သို့ အင်အားအလုံးအရင်းဖြင့် ဆင်းလာနေကြောင်း၊ စစ်ကောင်စီတပ်များက လူနေအိမ်များကို အကြောင်းမဲ့ ရမ်းပစ်ခတ်၍ အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်သည်ဟု သိရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

CDF ရဲဘော်များတိုက်ခိုက်မှုကြောင့် မင်းတပ် ရဲခရိုင်မှူး ဒဏ်ရာပြင်းထန်
CDF ရဲဘော်များတိုက်ခိုက်မှုကြောင့် မင်းတပ် ရဲခရိုင်မှူး ဒဏ်ရာပြင်းထန်

မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)နှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ ညနေပိုင်းက မင်းတပ်မြို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး ဒဏ်ရာရသူများအနက် မင်းတပ်ခရိုင် ဒုရဲမှူးကြီးလည်းပါဝင်ပြီး ဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ဇူလိုင် ၃၀ရက် နံနက်က မင်းတပ်မြို့ ခလရ(၂၇၄) တပ်အနီးလေးမိုင်ကုန်း၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်ကို မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်၌ မင်းတပ် CDF ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ခုနစ်ဦး သေဆုံးကာ ဒဏ်ရာရသူများရှိသည်ဟု မင်းတပ် CDFက ထုတ်ပြန်သည်။

ပြင်းထန်ဒဏ်ရာရသူများအနက် ရဲ လေးဦးပါဝင်ပြီး ခရိုင်ဒုရဲမှူးကြီး အောင်မြတ်သူလည်း ပါဝင်သည်ဟုဆို သည်။

Public Service Announcement
Public Service Announcement

“အပေါက်ဆိုးတဲ့ ရဲခရိုင်မှူးအောင်မြတ်သူနှင့် တပ်သားတွေ ပြင်းထန်ဒဏ်ရာရရှိပြီး ယခုလက်ရှိ မင်းတပ်ပြည်သူ့ဆေးရုံတွင်ဆေးကုသမှု ခံယူနေပါတယ်။ ရဲခရိုင်မှူးက မျက်လုံး၊ ပါးတစ်ခြမ်း ပြင်းထန်စွာထိခိုက်။အကြီးပိုင်းများ လုံခြုံရေးအပြည့်ဖြင့် လူနာသတင်းလာမေးကြတယ်လို့ သိရ”ဟု မင်းတပ်ဒေသ သတင်းရင်းမြစ်က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဇူလိုင် ၃၁ရက်) နံနက်တွင်လည်း တိုက်ပွဲဖြစ်ပွားရာ အရှေ့ပြင်ရပ်ကွက် သစ်တောရုံးဘက်သို့ အင်အားအလုံးအရင်းဖြင့် ဆင်းလာနေကြောင်း၊ စစ်ကောင်စီတပ်များက လူနေအိမ်များကို အကြောင်းမဲ့ ရမ်းပစ်ခတ်၍ အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်သည်ဟု သိရကြောင်း သတင်းရင်းမြစ်က ဆိုသည်။

ယမန်နေ့ညတိုက်ပွဲတွင် ကင်းလှည့်သည့် ကားတစ်စီးပျက်စီးပြီး ၎င်းကားကို စစ်ကောင်စီတပ်က လာယူသည်ဟု ခန့်မှန်းထားသည်။

ထိခိုက်ပျက်စီးသည့် ကား၏မှတ်တမ်းဓာတ်ပုံမျာ ရှိထားပြီး ပေးပို့လာခြင်းမရှိသေးကြောင်းလည်း သတင်းရင်းမြစ်က ပြောသည်။

ခရိုင်ဒုရဲမှူးကြီး ထိခိုက်မှုနှင့်ပတ်သက်ပြီး မင်းတပ် ဒေသခံသတင်းရင်းမြစ်က “စစ်ဖက်က ကာနယ်တော့ရှိပါသေးတယ်။ ရဲဖက်က အကြီးပေါ့”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ မနေ့က ဇွန် ၃၀ရက်မနက်ကနေ ဒီကနေ့ ဇူလိုင် ၁ရက် မနက်အထိ ၂၄နာရီအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။