နိုင်ငံတကာ တရုတ်မှာ တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ကိုဗစ်ကြောင့် လူသေဆုံး တရုတ်ဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ကိုဗစ်ကြောင့် သေဆုံးတာ ၂ ဦးသာ ရှိခဲ့ဖူးကြောင်း ထုတ်ပြန်ထားပြီး နောက်ဆုံး သေဆုံးခဲ့တာဟာ မနှစ်က ဇန်နဝါရီ ၂၅ ရက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်မှာ ကိုဗစ်ကူးစက်မှုတွေ ရှိခဲ့ပေမယ့် လူသေတဲ့ထိ အခြေအနေ မဆိုးခဲ့ဘူးလို့ ဆိုပါတယ်။ LuduNwayOoမတ် 19, 2022
နိုင်ငံတကာ ဟောင်ကောင်မှာ ကိုဗစ်ကြောင့် သေနှုန်းမြင့်လာပြီး ကွန်တိန်နာပုံးတွေကို ယာယီ ရေခဲတိုက်အဖြစ် သုံးစွဲနေရ အခုအခါ ဟောင်ကောင်မှာ ရေခဲတိုက်တွေက သိုလှောင် သိမ်းဆည်းနိုင်တဲ့ ပမာဏထက် အလောင်းတွေ ပိုများလာတဲ့အတွက် ကွန်တိန်နာ ပုံးကြီးတွေကို အအေးခန်း စနစ်တွေ ထည့်သွင်းပြီး ယာယီ ရေခဲတိုက်တွေအဖြစ် ပြောင်းလဲ အသုံးပြုနေရပါတယ်။ LuduNwayOoမတ် 18, 2022
နိုင်ငံတကာ ကိုဗစ်နောက်ဆက်တွဲ ဦးနှောက် ထိခိုက်မှုတွေ ရှိနိုင်ကြောင်း အောက်စ်ဖို့ဒ် သုတေသီတွေ သတိပေး အကျိုးဆက် အနေနဲ့ မှတ်ဉာဏ် ဆုံးရှုံးတာ၊ မေ့လျော့တတ်တာတွေ ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ကိုဗစ်အလွန် ဒီလို သက်ရောက်မှုတွေဟာ အချိန်ဘယ်လောက် အတိုင်းအတာထိ ကြာကြာ တည်မြဲနေမလဲ ဆိုတာကိုတော့ ဆက်ပြီး သုတေသနပြု လေ့လာနေဆဲပါ။ LuduNwayOoမတ် 8, 2022
News လေးကေကော်စစ်ဘေးရှောင်စခန်းမှာ ကိုဗစ်သံသယနဲ့ ကိုဗစ်လူနာတွေအတွက် ကွာရန်တင်းအဆောင်အခက်အခဲရှိနေ "ကိုဗစ်လက္ခဏာနဲ့တူညီတဲ့ ကြုံနေရတဲ့ စစ်ရှောင်တွေလည်းရှိနေတာပေါ့။ လူဦးရေ ၇၀၀ ရှိတဲ့ နေရာကျတော့ လောလောဆယ် ကွရန်တင်းမရှိသေးဘူး" လို့ စောနန္ဒဆူးက ဆိုပါတယ်။ LuduNwayOoမတ် 2, 2022
နိုင်ငံတကာ ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ ဗြိတိန် ဘုရင်မကြီး ဘုရင်မကြီး အနေနဲ့ လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ ခံယူနေပြီး သက်ဆိုင်ရာက ညွှန်ကြားချက်တွေကိုလည်း အတိအကျ လိုက်နာသွားမယ်လို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။ LuduNwayOoဖေဖော်ဝါရီ 20, 2022
နိုင်ငံတကာ Omicronရဲ့ ဆင့်ပွားမျိုးကွဲက ကူးစက်နှုန်းရော၊ ရောဂါ ပြင်းထန်နိုင်ခြေပါ ပိုဆိုးလာနိုင်တယ်လို့ဆို ပိုပြီး သတိထားရမယ့် အချက်က BA.2ဟာ လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကုထုံးတချို့ကိုပါ ကျော်လွှားနိုင်ခြေ ရှိနေခြင်းပါပဲ။ ဂျပန်မှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေအရ BA.2ဟာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တတ်တဲ့ Delta မျိုးကွဲထက်တောင် ပိုပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း... LuduNwayOoဖေဖော်ဝါရီ 18, 2022
News ပိုးတွေ့လူနာများတွေ့ရှိ၍ ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာကန့်သတ်ချက်များ ဆောမြို့နယ် (ပအဖ) ထုတ်ပြန် ဆောမြို့နယ် ပြင်ပမှ ပြန်လာသူ ကျောက်ထုတိုက်နယ်တွင်း နယ်ခံပြည်သူများအား ကနဦး Quarantine ရက် ထားရှိမည်ဖြစ်ကြောင်း၊ ကျောက်ထုမြို့နယ် ပြင်ပမှ ခရီးသွားများလည်း သေရေးရှင်ရေးကိစ္စမှအပ တိုက်နယ် အတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ဖော်ပြသည်။ LuduNwayOoဖေဖော်ဝါရီ 18, 2022
နိုင်ငံတကာ ၁၄ လ ကြာတဲ့ထိ ကိုဗစ် မပျောက်သေးတဲ့သူ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကိုဗစ်ရောဂါ စတင် ဖြစ်ပွားပြီး ကတည်းက ဆေးရုံကို တက်လိုက်ဆင်းလိုက် လုပ်နေရပေမယ့် ကာယာဆန်ကတော့ စိတ်ဓာတ် ကျမနေပါဘူး။ သူ့ရဲ့ ကိုဗစ်ရောဂါက အမဖြစ်နိုင်ပြီး သူ့ကို စွဲလမ်းနေတာ နေလိမ့်မယ်လို့ ကာယာဆန်က ခပ်နောက်နောက် ပြောပါတယ်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News မြန်မာအသင်း ကိုဗစ်ကူးစက်ခံရလို့ AFF U 23 ဘောလုံးပြိုင်ပွဲကနေ နုတ်ထွက် ဒီလိုအခြေအနေမှာ ကစားသမားတစ်ဦးချင်းစီရဲ့ အသက်ဟာ ဘောလုံးပွဲစဉ်တွေထက် အရေးကြီးတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်လိုက်တာလို့သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 15, 2022
News ကိုဗစ်ကြောင့် ရန်ကုန်ဆေးရုံကြီး ရဲ့ အထူးကုပြင်ပလူနာဌာန ငါး ခုကို ခေတ္တပိတ်လိုက်ရ ကင်ဆာဆေးကုဌာန ကလွဲရင် အခြားဌာန လေးခုကို ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်အထိ ပိတ်ထားမယ်လို့သိရပါတယ်။ LuduNwayOoဖေဖော်ဝါရီ 14, 2022