Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့ ဗြိတိန် ဘုရင်မကြီး

ဘုရင်မကြီး အနေနဲ့ လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ ခံယူနေပြီး သက်ဆိုင်ရာက ညွှန်ကြားချက်တွေကိုလည်း အတိအကျ လိုက်နာသွားမယ်လို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။

ဗြိတိန် ဘုရင်မကြီး အဲလိဇဘက်သ်ဟာ ကိုဗစ်ရောဂါ စွဲကပ် ခံစားနေရကြောင်း ဘက်ကင်ဂမ် နန်းတော်က အတည်ပြု ကြေညာလိုက်ပါတယ်။

ဘုရင်မကြီးဟာ တုပ်ကွေးဆန်ဆန် ရောဂါလက္ခဏာ အပျော့စားတချို့ စွဲကပ် ခံစားနေရတဲ့နောက် ဆေးစစ်ကြည့်တဲ့အခါ Positive အဖြေ ထွက်ခဲ့ကြောင်း သိရပါတယ်။ ရောဂါ ဖြစ်နေပေမယ့် ဘုရင်မကြီးဟာ လာမယ့် သီတင်းပတ်တွေအတွင်း သိပ်ပြီး မပင်ပန်းတဲ့ လုပ်ငန်းတာဝန်တွေကို ဆက်ယူထားဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

ဘုရင်မကြီး အနေနဲ့ လိုအပ်တဲ့ ဆေးဝါး ကုသမှုတွေ ခံယူနေပြီး သက်ဆိုင်ရာက ညွှန်ကြားချက်တွေကိုလည်း အတိအကျ လိုက်နာသွားမယ်လို့ နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ပါရှိပါတယ်။

အသက် ၉၅ နှစ်အရွယ် ဘုရင်မကြီးဟာ နန်းမွေခံ သားတော်ကြီး ချားလ်စ်နဲ့ အနီးကပ် ထိတွေ့မိရာက ရောဂါ ကူးစက် ခံရတာပါ။ ချားလ်စ်လည်း ပြီးခဲ့တဲ့ အပတ်က ဆေးစစ်အဖြေ Positive ထွက်ခဲ့ပါတယ်။ ပြီးတော့ ချားလ်စ်က ကိုဗစ်ရောဂါ ဒုတိယအကြိမ် ဖြစ်ပွားတာပါ။ ချားလ်စ်ရဲ့ ကြင်ရာတော် ကွန်းဝဲလ် နယ်စားကတော်လည်း ဆေးစစ်အဖြေ Positive ထွက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဘုရင်မကြီးက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာ ပထမဆုံးအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီး နောက်ထပ် ဆေးဘယ်နှလုံး ထိုးထားသလဲ ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ နန်းတော်ကတော့ ကပ်ရောဂါ ကာလမှာ ဘုရင်မကြီးရဲ့ ကျန်းမာရေးကို အထူးဂရုပြု စောင့်ရှောက်ထားကြောင်း ပြောပါတယ်။

ဗြိတိန်မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်လည်း ကိုဗစ်ရောဂါ ကူးစက်ခံရဖူးပြီး ဆေးရုံတက်ခဲ့ရတဲ့အပြင် အရေးပေါ် ကြပ်မတ်ကုသဆောင် ICUထိ ရောက်ရှိခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဗြိတိန်နိုင်ငံရေးလောကမှာ အချိန်အတော်ကြာ လူသိများခဲ့တဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အင်ဒီ ဘန်းဟမ်း (Andy Burnham) ဟာ အခုအခါမှာတော့ နိုင်ငံရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် နေရာကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။