Connect with us

Hi, what are you looking for?

News

မြန်မာအသင်း ကိုဗစ်ကူးစက်ခံရလို့ AFF U 23 ဘောလုံးပြိုင်ပွဲကနေ နုတ်ထွက်

ဒီလိုအခြေအနေမှာ ကစားသမားတစ်ဦးချင်းစီရဲ့ အသက်ဟာ ဘောလုံးပွဲစဉ်တွေထက် အရေးကြီးတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်လိုက်တာလို့သိရပါတယ်။

တစ်သင်းလုံးနီးပါး ကိုဗစ်ကူးစက်ခံရတဲ့အတွက် အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ AFF U23 ဘောလုံးပြိုင်ပွဲကနေ မြန်မာအသင်းနုတ်ထွက်လိုက်တယ်လို့ အသင်းရဲ့နည်းပြ ပိုပေါ့က သူရဲ့ဖေ့ဘွတ်ခ်ကနေအသိပေးထားပါတယ်။

ကစားသမား ၂၆ ဦးမှာ ၅ ဦးသာ ကျန်းမာရေးကောင်းပြီး ကျန်သူတွေဟာ ကိုဗစ်ကူးစက်ခံရတာ ၊ ကိုဗစ် လက္ခဏာ ခံစားနေရတယ်လို့ မြန်မာအသင်း နည်းပြပို့ပေါ့က ရေးသားထားပါတယ်။

ဒီလိုအခြေအနေမှာ ကစားသမားတစ်ဦးချင်းစီရဲ့ အသက်ဟာ ဘောလုံးပွဲစဉ်တွေထက် အရေးကြီးတာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်လိုက်တာလို့သိရပါတယ်။

AFF U 23 ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်ကနေ ဖေဖော်ဝါရီလ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပမှာပါ။

Public Service Announcement

Public Service Announcement

ဒီပြိုင်ပွဲမှာ မြန်မာအသင်းဟာ အုပ်စု ခ မှာ မလေးရှား ၊ အင်ဒိုနီးရှား ၊လာအိုတို့နဲ့အတူကျရောက်နေပါတယ်။

မြန်မာအသင်းဟာ ဗွေဆော်ဦး ပွဲမတိုင်ခင်မှာ နုတ်ထွက်သွားတာပါ။

ဒီပြိုင်ပွဲဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်မှာ ကျင်းပနေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ မကြာခင် ဖနွမ်းပင်မှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကိုတက်ခွင့်မရဘဲ နိုင်ငံရေးအရကိုယ်စားမပြုသူကိုသာ တက်ခွင့်ပြုလို့ အဖွဲ့ဝင်နိုင်ငံအချို့နဲ့လည်းမကျေမလည်ဖြစ်နေတာပါ။

အစည်းအဝေးကို တက်ခွင့်မရတဲ့အတွက် နိုင်ငံရေးအရ ကိုယ်စားပြုသူလည်းမလွှတ်တော့ဘူးလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဌာနက မနေ့ကသဘောထားထုတ်ပြန်ထားတာရှိပါတယ်။

မြန်မာဘောလုံးပရိသတ်ကတော့ စစ်ကောင်စီလက်အောက်မှာ နိုင်ငံကို ကိုယ်စားပြုပြီးသွားရောက်ယှဉ်ပြိုင်တဲ့ ပွဲစဉ်တွေကို အားမပေးကြတော့ပါဘူး ။

ကစားသမားအချို့ကလည်း စစ်ကောင်စီကိုဆန့်ကျင်တဲ့အနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ငြင်းဆန်ကြတာတွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။

Infographics

လက်ရှိ တရုတ်နိုင်ငံမှာ တုပ်ကွေးနဲ့ ကိုဗစ်ဆန်တဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုး ဖြစ်ပွားစေတဲ့ Human metapneumovirus (HMPV)ကို ၂၀၀၁ ခုနှစ်တုန်းက နယ်သာလန် ဆေးသိပ္ပံ ပညာရှင်တွေက စတင် အတည်ပြု တွေ့ရှိခဲ့ပါတယ်။ အဲဒီတုန်းက ကလေးတွေမှာ အမျိုးအမည် ခွဲခြားမသိတဲ့ ဗိုင်းရပ်စ်...