Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုဗစ်ကြောင့် ရန်ကုန်ဆေးရုံကြီး ရဲ့ အထူးကုပြင်ပလူနာဌာန ငါး ခုကို ခေတ္တပိတ်လိုက်ရ

ကင်ဆာဆေးကုဌာန ကလွဲရင် အခြားဌာန လေးခုကို ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်အထိ ပိတ်ထားမယ်လို့သိရပါတယ်။

ဆရာဝန်တွေ ကိုဗစ်ဖြစ်နေတာကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရဲ့ အထူးကုပြင်ပလူနာဌာန ငါး ခုကို ခေတ္တ ပိတ်ထားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီဌာနတွေကတော့ ကင်ဆာဆေးကုဌာန ၊ အစာအိမ်နဲ့အူလမ်းကြောင်းဆေးကုဌာန ၊ အကြောအဆစ်အထူးကုဌာန ၊ ဟော်မုန်းရောဂါအထူးဌာန ၊ အထွေထွေအထူးကုသမားတော်ဌာန တို့ဖြစ်ပါတယ်။

ကင်ဆာဆေးကုဌာန ကလွဲရင် အခြားဌာန လေးခုကို ဖေဖော်ဝါရီလ ၁၅ ရက်ကနေ ဖေဖော်ဝါရီလ ၂၅ ရက်အထိ ပိတ်ထားမယ်လို့သိရပါတယ်။

ကင်ဆာဆေးကုဌာနကတော့ ဖေဖော်ဝါရီလ ၁၅ ရက်မှာစတင်ပိတ်ထားမယ့် ပြန်ဖွင့်မယ့်အချိန်ကိုတော့ ဖော်ပြထားတာမတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နှလုံးအထူးကုဆရာဝန်ကြီးတွေ ကိုဗစ်ကူးခံရလို့ နှလုံးဆေးကုပြင်ပလူနာဌာနကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၁ ရက်အထိပိတ်ထားမယ်လို့ ကြေညာထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။