Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Omicronရဲ့ ဆင့်ပွားမျိုးကွဲက ကူးစက်နှုန်းရော၊ ရောဂါ ပြင်းထန်နိုင်ခြေပါ ပိုဆိုးလာနိုင်တယ်လို့ဆို

ပိုပြီး သတိထားရမယ့် အချက်က BA.2ဟာ လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကုထုံးတချို့ကိုပါ ကျော်လွှားနိုင်ခြေ ရှိနေခြင်းပါပဲ။ ဂျပန်မှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေအရ BA.2ဟာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တတ်တဲ့ Delta မျိုးကွဲထက်တောင် ပိုပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း သိရပါတယ်။

Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆင့်ပွားမျိုးကွဲသစ်ဟာ Omicronထက် ကူးစက်နှုန်း ပိုမြန်ပြီး ရောဂါ လက္ခဏာတွေလည်း ပိုမို ပြင်းထန်နိုင်ကြောင်း ဓာတ်ခွဲခန်း သုတေသန ရလဒ်တစ်ခု ထွက်ပေါ်လာပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်တွေထဲကမှ BA.1လို့ နာမည်ပေးထားတဲ့ မျိုးစိတ်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က BA.1ကို Omicronလို့ တရားဝင် နာမည် သတ်မှတ်ပေးလိုက်ပြီး Sars-Cov-2တွေထဲမှာ ကူးစက်နိုင်စွမ်း အမြင့်ဆုံး မျိုးကွဲလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အရင် မျိုးကွဲဟောင်းတွေနဲ့ ယှဉ်ရင်တော့ Omicronဟာ ရောဂါ ပြင်းထန်နိုင်ခြေ သိသိသာသာ လျော့သွားခဲ့ပါတယ်။

အဲဒီနောက် Omicronကနေ ဆင့်ပွား မျိုးဗီဇ ထပ်ပြောင်းလာတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို ထပ်တွေ့ခဲ့ပြီး BA.2လို့ နာမည်ပေးထားပါတယ်။ အဲဒီ BA.2ဟာ ကူးစက်နိုင်စွမ်း အားကောင်းလှပါတယ်ဆိုတဲ့ Omicronထက်တောင် ကူးစက်နှုန်း ပိုမြန်ပြီး ရောဂါလက္ခဏာတွေလည်း အရင်ကထက် ပြင်းထန်နိုင်ခြေ ပိုများလာကြောင်း ဂျပန် သုတေသီတွေက ပြောပါတယ်။

ပိုပြီး သတိထားရမယ့် အချက်က BA.2ဟာ လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကုထုံးတချို့ကိုပါ ကျော်လွှားနိုင်ခြေ ရှိနေခြင်းပါပဲ။ ဂျပန်မှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေအရ BA.2ဟာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တတ်တဲ့ Delta မျိုးကွဲထက်တောင် ပိုပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် Omicron ကူးစက် ခံရသူတွေအတွက် လတ်တလော သုံးစွဲနေတဲ့ Sotrovimabလို ကုထုံးမျိုးတွေကိုပါ BA.2က ခံနိုင်ရည် ရှိနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ အဲဒီ တွေ့ရှိချက် အသစ်တွေကို ကနဦးအဆင့် ဖြန့်ဝေထားပြီး ဆေးပညာ ဂျာနယ်တွေမှာတော့ မထုတ်ဝေသေးပါဘူး။ ကနဦး တွေ့ရှိချက်တွေကို တခြား သုတေသီတွေကပါ ပြန်လည် သုံးသပ် အတည်ပြုပြီးမှ ပုံနှိပ်သွားမယ်လို့ သိရပါတယ်။

BA.2ဟာ ဝူဟန်မြို့မှာ ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ Sars-Cov-2 ဗိုင်းရပ်စ် မူရင်းပုံစံကနေ သိသိသာသာ မျိုးဗီဇ ပြောင်းလဲသွားသလို မျိုးဗီဇ ဖွဲ့စည်းပုံ ကွဲလွဲမှုတွေက ဒါဇင်နဲ့ချီ များပြားနေပါတယ်။ ပြီးတော့ Omicronနဲ့လည်း မတူတော့ပါဘူး။ ဒီအချက်တွေက BA.2ဟာ လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ပိုပြီး အားလျော့သွားစေနိုင်တယ်လို့ ညွှန်ပြနေကြောင်း တိုကျို တက္ကသိုလ်က ဒေါက်တာ ကိုင်ဆာတိုက ပြောပါတယ်။

လောလောဆယ်တော့ BA.2ဟာ Omicronကို ကျော်လွှားပြီး တစ်ကမ္ဘာလုံးမှာ အလွှမ်းမိုးနိုင်ဆုံး Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာမယ်လို့ တပ်အပ် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီမျိုးကွဲကို သေသေချာချာ ဂရုတစိုက် စောင့်ကြည့်နေဖို့တော့ လိုလိမ့်မယ်လို့ ဒေါက်တာ ဆာတိုက မှတ်ချက် ပေးပါတယ်။ သူတို့ကတော့ BA.2ကို ကိုယ်ပျောက် Omicronလို့လည်း ခေါ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ PCR Test နည်းနဲ့ ဆေးစစ်တဲ့အခါ S-geneကို ပစ်မှတ်ထား ရှာဖွေရင် ပျောက်နေတတ်တာကြောင့်ဖြစ်ကြောင်း သူက ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့လည်း BA.2နဲ့ ပတ်သက်လို့ စောစောစီးစီး စောင့်ကြည့် လေ့လာမှုတွေ လုပ်ထားသင့်ပြီလို့ ဒေါက်တာ ဆာတိုက သတိပေးခဲ့ပါတယ်။ BA.2ရဲ့ ကူးစက်နှုန်းကို တိတိကျကျ တပ်အပ် မပြောနိုင်ပေမယ့် Omicronထက် ၃၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းကြားလောက် ပိုမြန်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ BA.2 ကူးစက်မှုတွေကို နိုင်ငံပေါင်း ၇၄ ခုမှာ တွေ့ရှိထားပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

ကိုဗစ်ရောဂါ ဖြစ်ပွားခဲ့ကြောင်း အထောက်အထား တွေ့ရှိခဲ့တဲ့ အာခေါင်တို့ဖတ် နမူနာကို ဟွာနန်း ပင်လယ်စာ စျေးထဲက တွန်းလှည်းတစ်ခုနဲ့ ရက်ကွန်းဝံ တစ်ကောင်စီကနေ စုဆောင်း ရရှိခဲ့တာလို့လည်း သိရပါတယ်။

နိုင်ငံတကာ

PSCက တရုတ်ဟာ ကပ်ရောဂါအပေါ် အောင်ပွဲရယူ ကျော်လွှားနိုင်ခဲ့ပြီလို့ ပြောပေမယ့် ကပ်ရောဂါဆိုး ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ တကျော့ပြန် ခေါင်းထောင်လာနိုင်ခြေတွေအပေါ် လျှော့မတွက်ဖို့တော့ ပြည်သူတွေကို အလေးအနက် သတိပေးထားပါတယ်။