Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Omicronရဲ့ ဆင့်ပွားမျိုးကွဲက ကူးစက်နှုန်းရော၊ ရောဂါ ပြင်းထန်နိုင်ခြေပါ ပိုဆိုးလာနိုင်တယ်လို့ဆို

ပိုပြီး သတိထားရမယ့် အချက်က BA.2ဟာ လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကုထုံးတချို့ကိုပါ ကျော်လွှားနိုင်ခြေ ရှိနေခြင်းပါပဲ။ ဂျပန်မှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေအရ BA.2ဟာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တတ်တဲ့ Delta မျိုးကွဲထက်တောင် ပိုပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း သိရပါတယ်။

Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဆင့်ပွားမျိုးကွဲသစ်ဟာ Omicronထက် ကူးစက်နှုန်း ပိုမြန်ပြီး ရောဂါ လက္ခဏာတွေလည်း ပိုမို ပြင်းထန်နိုင်ကြောင်း ဓာတ်ခွဲခန်း သုတေသန ရလဒ်တစ်ခု ထွက်ပေါ်လာပါတယ်။

ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာ ဗိုင်းရပ်စ်တွေထဲကမှ BA.1လို့ နာမည်ပေးထားတဲ့ မျိုးစိတ်ကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တောင်အာဖရိက နိုင်ငံမှာ စတင် တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က BA.1ကို Omicronလို့ တရားဝင် နာမည် သတ်မှတ်ပေးလိုက်ပြီး Sars-Cov-2တွေထဲမှာ ကူးစက်နိုင်စွမ်း အမြင့်ဆုံး မျိုးကွဲလို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အရင် မျိုးကွဲဟောင်းတွေနဲ့ ယှဉ်ရင်တော့ Omicronဟာ ရောဂါ ပြင်းထန်နိုင်ခြေ သိသိသာသာ လျော့သွားခဲ့ပါတယ်။

အဲဒီနောက် Omicronကနေ ဆင့်ပွား မျိုးဗီဇ ထပ်ပြောင်းလာတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို ထပ်တွေ့ခဲ့ပြီး BA.2လို့ နာမည်ပေးထားပါတယ်။ အဲဒီ BA.2ဟာ ကူးစက်နိုင်စွမ်း အားကောင်းလှပါတယ်ဆိုတဲ့ Omicronထက်တောင် ကူးစက်နှုန်း ပိုမြန်ပြီး ရောဂါလက္ခဏာတွေလည်း အရင်ကထက် ပြင်းထန်နိုင်ခြေ ပိုများလာကြောင်း ဂျပန် သုတေသီတွေက ပြောပါတယ်။

ပိုပြီး သတိထားရမယ့် အချက်က BA.2ဟာ လက်ရှိ သုံးစွဲနေတဲ့ ကိုဗစ်ရောဂါ တိုက်ဖျက်ရေး ကုထုံးတချို့ကိုပါ ကျော်လွှားနိုင်ခြေ ရှိနေခြင်းပါပဲ။ ဂျပန်မှာ ပြုလုပ်တဲ့ သုတေသန ရလဒ်တွေအရ BA.2ဟာ ရောဂါလက္ခဏာ အရမ်းပြင်းထန်တတ်တဲ့ Delta မျိုးကွဲထက်တောင် ပိုပြီး ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် Omicron ကူးစက် ခံရသူတွေအတွက် လတ်တလော သုံးစွဲနေတဲ့ Sotrovimabလို ကုထုံးမျိုးတွေကိုပါ BA.2က ခံနိုင်ရည် ရှိနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ အဲဒီ တွေ့ရှိချက် အသစ်တွေကို ကနဦးအဆင့် ဖြန့်ဝေထားပြီး ဆေးပညာ ဂျာနယ်တွေမှာတော့ မထုတ်ဝေသေးပါဘူး။ ကနဦး တွေ့ရှိချက်တွေကို တခြား သုတေသီတွေကပါ ပြန်လည် သုံးသပ် အတည်ပြုပြီးမှ ပုံနှိပ်သွားမယ်လို့ သိရပါတယ်။

BA.2ဟာ ဝူဟန်မြို့မှာ ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ Sars-Cov-2 ဗိုင်းရပ်စ် မူရင်းပုံစံကနေ သိသိသာသာ မျိုးဗီဇ ပြောင်းလဲသွားသလို မျိုးဗီဇ ဖွဲ့စည်းပုံ ကွဲလွဲမှုတွေက ဒါဇင်နဲ့ချီ များပြားနေပါတယ်။ ပြီးတော့ Omicronနဲ့လည်း မတူတော့ပါဘူး။ ဒီအချက်တွေက BA.2ဟာ လက်ရှိ အသုံးပြုနေတဲ့ ကာကွယ်ဆေးတွေရဲ့ အာနိသင်ကို ပိုပြီး အားလျော့သွားစေနိုင်တယ်လို့ ညွှန်ပြနေကြောင်း တိုကျို တက္ကသိုလ်က ဒေါက်တာ ကိုင်ဆာတိုက ပြောပါတယ်။

လောလောဆယ်တော့ BA.2ဟာ Omicronကို ကျော်လွှားပြီး တစ်ကမ္ဘာလုံးမှာ အလွှမ်းမိုးနိုင်ဆုံး Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ ဖြစ်လာမယ်လို့ တပ်အပ် မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီမျိုးကွဲကို သေသေချာချာ ဂရုတစိုက် စောင့်ကြည့်နေဖို့တော့ လိုလိမ့်မယ်လို့ ဒေါက်တာ ဆာတိုက မှတ်ချက် ပေးပါတယ်။ သူတို့ကတော့ BA.2ကို ကိုယ်ပျောက် Omicronလို့လည်း ခေါ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ PCR Test နည်းနဲ့ ဆေးစစ်တဲ့အခါ S-geneကို ပစ်မှတ်ထား ရှာဖွေရင် ပျောက်နေတတ်တာကြောင့်ဖြစ်ကြောင်း သူက ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့လည်း BA.2နဲ့ ပတ်သက်လို့ စောစောစီးစီး စောင့်ကြည့် လေ့လာမှုတွေ လုပ်ထားသင့်ပြီလို့ ဒေါက်တာ ဆာတိုက သတိပေးခဲ့ပါတယ်။ BA.2ရဲ့ ကူးစက်နှုန်းကို တိတိကျကျ တပ်အပ် မပြောနိုင်ပေမယ့် Omicronထက် ၃၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းကြားလောက် ပိုမြန်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။ BA.2 ကူးစက်မှုတွေကို နိုင်ငံပေါင်း ၇၄ ခုမှာ တွေ့ရှိထားပြီလို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေမြင့်တက်လာနေတဲ့အပေါ် ကျန်းမာရေး ပညာရှင် တစ်ဦးက သတိပေး ထောက်ပြခဲ့ပါတယ်။

သတင်း

စစ်​ကောင်စီက၂၀၂၂-၂၀၂၃ ဘဏ္ဍာ​ရေးနှစ်တွင်ကိုဗစ်ရောဂါ ထိန်းချုပ်ကုစားရေး ​ခေါင်းစဥ်ဖြင့်အသုံးစရိတ်ခွဲ​ပေးရာတွင် ကာကွယ်ရေးဝန် ကြီးဌာနသည် အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်နှစ်ဆကျော် ပိုများခဲ့သည်။