Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောင်ကောင်မှာ ကိုဗစ်ကြောင့် သေနှုန်းမြင့်လာပြီး ကွန်တိန်နာပုံးတွေကို ယာယီ ရေခဲတိုက်အဖြစ် သုံးစွဲနေရ

အခုအခါ ဟောင်ကောင်မှာ ရေခဲတိုက်တွေက သိုလှောင် သိမ်းဆည်းနိုင်တဲ့ ပမာဏထက် အလောင်းတွေ ပိုများလာတဲ့အတွက် ကွန်တိန်နာ ပုံးကြီးတွေကို အအေးခန်း စနစ်တွေ ထည့်သွင်းပြီး ယာယီ ရေခဲတိုက်တွေအဖြစ် ပြောင်းလဲ အသုံးပြုနေရပါတယ်။

ဟောင်ကောင်မှာ ကိုဗစ်ရောဂါကြောင့် အသေအပျောက် များလာတဲ့အတွက် ကွယ်လွန်သူတွေရဲ့ ရုပ်အလောင်းတွေကို ကွန်တိန်နာ ပုံးကြီးတွေထဲမှာပါ ထည့်သွင်း ထားရှိနေရကြောင်း သိရပါတယ်။

ဟောင်ကောင်ဟာ ကိုဗစ်နဲ့ ပတ်သက်ရင် ကောင်းမွန်တဲ့ အစီအမံတွေနဲ့ တုံ့ပြန် ထိန်းချုပ်နိုင်ခဲ့ဖူးပေမယ့် လောလောဆယ်တော့ ကူးစက်နှုန်း မြန်ဆန်လွန်းတဲ့ Omicron မျိုးကွဲသစ် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဖိစီးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုအခါ ဟောင်ကောင်မှာ ရေခဲတိုက်တွေက သိုလှောင် သိမ်းဆည်းနိုင်တဲ့ ပမာဏထက် အလောင်းတွေ ပိုများလာတဲ့အတွက် ကွန်တိန်နာ ပုံးကြီးတွေကို အအေးခန်း စနစ်တွေ ထည့်သွင်းပြီး ယာယီ ရေခဲတိုက်တွေအဖြစ် ပြောင်းလဲ အသုံးပြုနေရပါတယ်။

အခုဆိုရင် ဟောင်ကောင်မှာ ကိုဗစ် အတည်ပြုလူနာ ၁ သန်းနီးပါး ရှိလာပြီး အသေအပျောက် ဦးရေက ၅၀၀၀ ကျော်လွန်လာပါပြီ။ အခုဆိုရင် ဟောင်ကောင်က ခေါင်းတလား လုပ်ငန်းတွေလည်း ပစ္စည်းပြတ်လပ်တဲ့ အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ လက်ကျန် ရှိနေတဲ့ အခေါင်း ၃၀၀ လောက်ကလည်း လာမယ့် သီတင်းပတ်လောက်ဆို ကုန်နေလောက်ပြီလို့ ခန့်မှန်းထားပါတယ်။

Public Service Announcement

Public Service Announcement

ဟောင်ကောင် အစိုးရအဖွဲ့ ခေါင်းဆောင် ကယ်ရီလမ်က တရုတ်ဆီကနေ အခေါင်းတွေ ကုန်တင် သင်္ဘော နှစ်စီးစာ အရေးပေါ် မှာယူထားကြောင်း ပြောပါတယ်။ အခုအခါမှာ တာဝန်ရှိသူတွေက ကိုဗစ်ကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဆရာဝန်ဆီက သေစာရင်း ထောက်ခံလက်မှတ် မလိုဘဲ မိသားစုဝင်တွေ အမြန်ဆုံး ထုတ်ယူ သင်္ဂြိုဟ်နိုင်အောင်လည်း ကြိုးစား ပေးနေရပါတယ်။

သုတေသီတွေက ဟောင်ကောင်မှာ ဆေးစစ်ရလဒ် Positiveဖြစ်တဲ့ လူနာ ၁ သန်းလောက် တွေ့ထားတယ် ဆိုပေမယ့် လူဦးရေ စုစုပေါင်း ၇.၄ သန်းရဲ့ ထက်ဝက်လောက်ထိ ရောဂါကူးစက်ပြီး ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအတောအတွင်း ဟောင်ကောင်က ဒေသခံ တချို့ဟာ အပန်းဖြေ ကမ်းခြေတွေမှာ နှာခေါင်းစည်း မတပ်ဘဲ နေပူစာ လှုံနေတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာတဲ့နောက် အစိုးရ ထိန်းချုပ် စီမံမှုအောက်မှာ ရှိနေတဲ့ ကမ်းခြေ တချို့ကို ပိတ်ထားလိုက်ပါတယ်။

လေ့လာမှုတွေအရ ဟောင်ကောင်မှာ ကိုဗစ်ကြောင့် သေဆုံးသူ အချိုးအစား အများစုဟာ ကာကွယ်ဆေးထိုးဖို့ ငြင်းဆိုခဲ့တဲ့ သက်ကြီးရွယ်အိုတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန် ‌မြောက်ဥက္ကလာပမြို့နယ် ဆေးရုံရဲ့ ရင်ခွဲရုံက သေဆုံးသွားသူရဲ့ အလောင်းထုတ်ပေးဖို့ အကြောင်း အမျိုးမျိုးပြနေတာကြောင့် အခက်အခဲကြုံရတဲ့ အကြောင်းကို ဝန်းရံမှူးလူမှုကူညီရေးအသင်း ဥက္ကဌဦးထွန်းမြတ်ညွှန့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ Live လွှင့်ပြောထားပါတယ်။

နိုင်ငံတကာ

ဟောင်ကောင်ရဲ့ ထင်ရှားတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ မီဒီယာ လုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင်ကို ထောင်ဒဏ် နှစ် ၂၀ စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အိမ်ရာ မီးလောင်မှုကြီးတစ်ခုနဲ့ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့တဲ့နောက် ဟောင်ကောင်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်အားလုံး ငြမ်းဆင်ရာမှာ အသုံးပြုတဲ့ အစိမ်းရောင်ပိုက်တွေကို ဖယ်ရှားဖို့ ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ

လူပေါင်း ၁၅၀ ကျော် သေဆုံးစေခဲ့တဲ့ အိမ်ရာ မီးလောင်မှုကြီးအပြီး ဟောင်ကောင် အာဏာပိုင်တွေဟာ လူ ၁၃ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။