Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုဗစ်နောက်ဆက်တွဲ ဦးနှောက် ထိခိုက်မှုတွေ ရှိနိုင်ကြောင်း အောက်စ်ဖို့ဒ် သုတေသီတွေ သတိပေး

အကျိုးဆက် အနေနဲ့ မှတ်ဉာဏ် ဆုံးရှုံးတာ၊ မေ့လျော့တတ်တာတွေ ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ကိုဗစ်အလွန် ဒီလို သက်ရောက်မှုတွေဟာ အချိန်ဘယ်လောက် အတိုင်းအတာထိ ကြာကြာ တည်မြဲနေမလဲ ဆိုတာကိုတော့ ဆက်ပြီး သုတေသနပြု လေ့လာနေဆဲပါ။

ကိုဗစ်ရောဂါဟာ ဦးနှောက်ရဲ့ အရွယ်အစားကို ကျုံ့သွားစေတာမျိုး နောက်ဆက်တွဲ သက်ရောက်မှုတွေ ရှိစေနိုင်တယ်လို့ ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်ရဲ့ ပညာရှင်တွေက ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

သုတေသီတွေရဲ့ လေ့လာမှုအရ ကိုဗစ် ဖြစ်ဖူးတဲ့ လူနာဟောင်း တချို့ရဲ့ ဦးနှောက်က စိတ်ခံစားချက်နဲ့ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ အပိုင်းတွေမှာ Grey Matter လျော့ကျတာတွေ ရှိနေကြောင်း သိရပါတယ်။ ဒီလို သက်ရောက်မှုမျိုးဟာ ရောဂါလက္ခဏာ ပြင်းထန်သူတွေသာ မကဘဲ ဆေးရုံ မတက်ရတဲ့ သာမန် လူနာတွေမှာပါ တွေ့ရတယ်လို့ ဆိုပါတယ်။

အကျိုးဆက်အနေနဲ့ မှတ်ဉာဏ် ဆုံးရှုံးတာ၊ မေ့လျော့တတ်တာတွေ ဖြစ်လာနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ ကိုဗစ်အလွန် ဒီလို သက်ရောက်မှုတွေဟာ အချိန်ဘယ်လောက် အတိုင်းအတာထိ ကြာကြာ တည်မြဲနေမလဲ ဆိုတာကိုတော့ ဆက်ပြီး သုတေသနပြု လေ့လာနေဆဲပါ။

သေချာတဲ့ အချက်က ကိုဗစ်ရောဂါရယ်၊ ဦးနှောက်မှာ မူမှန်မဟုတ်တဲ့ အခြေအနေတွေ ဖြစ်ပေါ်မှုရယ်က တိုက်ရိုက် ဆက်စပ်တယ်ဆိုတာ ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေကြောင်း အောက်စ်ဖို့ဒ်ရဲ့ သုတေသန အဖွဲ့က ပြောပါတယ်။ အတော်လေး ပျော့ပျောင်းတဲ့ ကိုဗစ် လက္ခဏာမျိုးသာ ပြသခဲ့တဲ့ လူနာဟောင်းတွေမှာတောင် ဦးနှောက် ကျုံ့သွားတဲ့ လက္ခဏာမျိုး ပြသတတ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တချို့ ကိုဗစ်လူနာတွေဟာ သတိလက်လွတ် ဖြစ်တာမျိုး၊ အာရုံစိုက်နိုင်စွမ်း လျော့ကျသွားတာမျိုး၊ အလွယ်တကူ မှတ်မိနေကျ ကိစ္စတွေကိုတောင် မေ့လျော့တာမျိုးတွေ ခံစားရတတ်တယ်လို့လည်း သိရပါတယ်။

လောလောဆယ်တော့ အောက်စ်ဖို့ဒ်က သုတေသီ အဖွဲ့ဟာ ကိုဗစ် ကာကွယ်ရေးတွေ ထိုးနှံမှုကရော ဦးနှောက်အပေါ် ဘယ်လိုဘယ်ပုံ သက်ရောက်နိုင်သလဲ ဆိုတာကို ဆက်လက် လေ့လာနေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ခန္ဓာကိုယ်ခုခံအားဆဲလ်များဖြင့် ကင်ဆာကို တိုက်ဖျက်မည့် ကမ္ဘာ့ပထမဆုံး တွေ့ရှိချက်"

နိုင်ငံတကာ

လက်ဘနွန်ကို အစ္စရေးက ဆက်ပြီး တိုက်ခိုက်နေမယ်ဆိုရင် နောင်တရသွားလောက်အောင် လက်တုံ့ပြန်ရလိမ့်မယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။