Connect with us

Hi, what are you looking for?

News

ပိုးတွေ့လူနာများတွေ့ရှိ၍ ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာကန့်သတ်ချက်များ ဆောမြို့နယ် (ပအဖ) ထုတ်ပြန်

ဆောမြို့နယ် ပြင်ပမှ ပြန်လာသူ ကျောက်ထုတိုက်နယ်တွင်း နယ်ခံပြည်သူများအား ကနဦး Quarantine ရက် ထားရှိမည်ဖြစ်ကြောင်း၊ ကျောက်ထုမြို့နယ် ပြင်ပမှ ခရီးသွားများလည်း သေရေးရှင်ရေးကိစ္စမှအပ တိုက်နယ် အတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ဖော်ပြသည်။

ဆောမြို့နယ် ကျောက်ထုတိုက်နယ်အတွင်း၌ ကိုဗစ်ပိုးတွေ့လူနာများ စစ်ဆေးတွေ့ရှိရ၍ ခွင့်ပြုချက်မရှိဘဲ လူစုလူဝေး မလုပ်ရန်အပါအဝင် ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များကို ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီ ၁၃ရက်က ရန်ကုန်မြို့မှ ပြန်လာသည့် ခရီးပြန် ပြည်သူ ​လေးဦးနှင့် ခရီးသွားရာဇဝင်မရှိသည့် ကျေးလက်နေ ပြည်သူတစ်ဦးတို့ ဖေဖော်ဝါရီ ၁၇ရက် တွင် ကိုဗစ် အိုမီခရွန် သံသယာဖြင့် စစ်ဆေးကြည့်ရာ Positive ဖြစ်နေသည်ကိုတွေ့ရှိ အတည်ပြုနိုင်ခဲ့ကြောင်း၊ လူနာများအား ရောဂါလခဏ္ခာ ပြင်းထန်မှုရှိ၊မရှိ အနီးကပ် စောင့်ကြည့်ကာ လိုအပ်သည့်ကူညီမှုများ ပေးထားကြောင်း ဖော်ပြသည်။

ထိုကူးစက်ခံရမှုသည် အိုမီခရွန် ဖြစ်နိုင်ကြောင်း ကျောက်ထုတိုက်နယ် ကျန်းမာရေးအဖွဲ့မှ မှတ်ချက်ပြုပြီး အထိအခိုက် အနည်းဆုံးဖြစ်စေရန် ကိုဗစ်ထိန်းချုပ်ရေး အစီအမံမျး တင်ပြလာကြောင်း ဆော(ပအဖ)ကဆိုသည်။

ထို့ကြောင့် ဆောမြို့နယ် ကျောက်ထုတိုက်နယ်တွင်း နယ်ခံပြည်သူများအား ကနဦး Quarantine ထားရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး အလှူပွဲ၊ မင်္ဂလာပွဲ အပါအဝင် လူစုလူဝေး ကိစ္စရပ်များအား မြို့နယ်တိုက်နယ်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၏ ခွင့်ပြုချက်မရဘဲ လုံး၀မပြုလုပ်ရဟု တားမြစ်သည်။

Public Service Announcement

Public Service Announcement

ဆောမြို့နယ် ပြင်ပမှ ပြန်လာသူ ကျောက်ထုတိုက်နယ်တွင်း နယ်ခံပြည်သူများအား ကနဦး Quarantine ရက် ထားရှိမည်ဖြစ်ကြောင်း၊ ကျောက်ထုမြို့နယ် ပြင်ပမှ ခရီးသွားများလည်း သေရေးရှင်ရေးကိစ္စမှအပ တိုက်နယ် အတွင်း ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ဖော်ပြသည်။

စျေးဝယ်လာသူများအား ကျေးရွာအတွင်းသို့ ဝင်ရောက်လည်ပတ် ဝယ်ယူခွင့်ပြုမည် မဟုတ်ဘဲ တိုက်နယ် ကျေးရွာ ကိုဗစ်ထိန်းချုပ်ရေးဆိုင်ရာဂိတ်များမှ အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက် ဝယ်ယူပေးမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

ကျောက်ထု တိုက်နယ်သို့ ဝင်ရောက်လာသည့် ကုန်သွယ်၊ ကားမောင်းသူများအနေဖြင့် တိုက်နယ် ကျေးရွာများမှ သတ်မှတ်ပေးထားသည့် နေရာများတွင်သာ ကုန်တင်ကုန်ချ ပြုကြရမည်ဖြစ်ပြီး ကားပေါ်ပါလူပုဂ္ဂိုလ်များကိုလည်း ကျေးရွာများအတွင်း ချက်ချင်း ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ကျေးရွာ၏ ကိုဗစ်ထိန်းသိမ်းရေးလုပ်ငန်းများကို လိုက်နာကြရမည်ဖြစ်ကြောင်း မြို့နယ် ပအဖက ကြေညာသည်။

ယခု ကြေညာချက်သက်တမ်းကို ဖေဖော်ဝါရီ ၂၈ရက် အထိ သတ်မှတ်ပေးထားပြီး လိုအပ်ချက်အရ သက်တမ်း တိုးမြှင့်ခြင်း၊ ရုတ်သိမ်းခြင်း ပြုလုပ်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတချို့သိမ်းရထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောနှင့် ပေါက်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲရာ ပျက်ဆီးဆုံးရှုံးမှုများရှိခဲ့သည်။

နိုင်ငံတကာ

တစ်ပတ်အတွင်း လူ ၆ ဦး သေဆုံးခဲ့တဲ့နောက် ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ပိုမို နိုးကြားကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။