Connect with us

Hi, what are you looking for?

သတင်း

ဖလူးဒေသမှာ တိုက်ပွဲဆက်ဖြစ်၊ စစ်တပ်ရဲ့ လက်နက်ခဲယမ်းအချို့ KNLA ပူးပေါင်းတပ် ထပ်မံသိမ်းရ

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

ဇူလိုင် ၃၀၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ဖလူးဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဇူလိုင် ၂၉ရက်တိုက်ပွဲမှာ လက်နက်ခဲယမ်းအချို့ထပ်မံသိမ်းရခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောကြားပါတယ်။

အာဏာသိမ်းစစ်တပ်က ဖလူးဒေသ ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားအလုံးအရင်း၊ လေကြောင်း ပစ်ကူ၊ ဒရုန်း၊လက်နက်ကြီး ပစ်ခတ်မှုများစွာပြုလုပ် ထိုးစစ်ဆင်လာတဲ့အပေါ် KNLA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်လျက်ရှိရာ စစ်တပ်အထိနာလျက်ရှိပါတယ်။

“ဒီနေ့ ရထားတာ။ ရန်သူ က ၅၈၅၊ ၂၀၃၊ ၂၁၀ အထိတော့ တော်တော်နားသွားတာ” လို့ KNLA တပ်မှူးက ဖလူးဒေသ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့မှု၊ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့မှု နဲ့ စစ်တပ် စစ်ကြောင်းမှာ ပါတဲ့ တပ်ရင်းတွေအထိနာခဲ့တဲ့ အခြေအနေကို ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ KNLA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဇူလိုင်လလယ်နဲ့ ဇူလိုင်နောက်ဆုံးပတ် တိုက်ပွဲတွေမှာ အရာရှိအပါအဝင် တပ်သားတွေ သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေက သိမ်းရထားတာရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားအချို့ လက်နက်နဲ့ အလင်းဝင်လာတာ၊ စစ်သုံ့ပန်းအချို့ ဖမ်းမိတာတွေလည်း ရှိခဲ့ပါတယ်။

အခုရက်ပိုင်းအတွင်း စကခ(၁၃) လက်အောက်ခံ ခမရ(၅၅၇)တပ်ရင်းက တပ်သား ၂ဦးဟာ လက်နက် ၃လက်ယူဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်လာပါတယ်။

ဇူလိုင် ၁၆ရက်နဲ့ဇူလိုင် ၂၃ရက် တိုက်ပွဲတွေမှာ စစ်တပ်က ဒုတပ်ရင်းမှူးအဆင့် အပါအဝင် အရာရှိ စစ်သည်တွေကျဆုံးထိခိုက်များခဲ့တယ်လို့ KNLA တပ်မှူးက ပြောပါတယ်။

ဇူလိုင် ၂၈ရက်က မြဝတီမြို့နယ်တောင်ဘက် မြဝတီ-ဝေါလေလမ်းပိုင်းရှိ သုံးထပ်ကွေ့နားက ရပ်တော်မူဘုရား ဘုန်းကြီးကျောင်းမှာ ဝါဆိုသင်္ကန်း ကပ်လှူနေစဉ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းထိုင်ဆရာတော်အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်က ဇူလိုင် ၂၈ ရက် နံနက် ၁၀ နာရီမှာ သုံးထပ်ကွေ့ဒေသကို ပေါင် ၅၀၀ ဗုံးတွေ ကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဇူလိုင် ၂၄ရက်က လေးကေ့ကော်မြို့သစ်အနောက်ဘက်နားက ရဲကုန်းနေရာမှာလည်း တိုက်ပွဲပြင်းထန်ခဲ့ပြီး အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်အောက်ခံ ခမရ(၅၈၅)

တပ်ရင်းက စစ်ကြောင်းမှူး ဗိုလ်မှူး အပါအဝင် သေဆုံးမှု များခဲ့တယ်လို့စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။ဒါအပြင် အဲဒီစစ်​ကြောင်းက စစ်သား၆ဦးဟာ တော်လှန်ရေးတပ်ဖွဲ့တွေထံ ထွက်ပြေး အညံ့ခံခဲ့ပါတယ်။

ဖလူးဒေသ တိုက်ပွဲပြင်းထန်နေချိန် ဒေသတွင်း ကရင်လက်နက်ကိုင်တပ်ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ကလည်းကြေညာချက်တရပ် ဇူလိုင် ၂၉ရက်မှာ ထုတ်ပြန်ခဲ့ရာ ဒေသတွင်း စစ်ရေးပဋိပက္ခတွေမှာ DKBA တပ်ဖွဲ့ဝင်မည်သူ တစ်ဦးတစ်ယောက်မှ ပါဝင်ပတ်သက်မှု မရှိဖို့ဖော်ပြထားပါတယ်။ ပါဝင်ပတ်သက်ရင် ပြင်းထန်စွာ အရေးယူမယ်လို့လည်း DKBAက ကြေညာထားပါတယ်။

ဒီထုတ်ပြန်ချက်ဟာ ဖလူးလေးအနီးမှာရှိတဲ့ DKBA စစ်ဦးစီးအရာရှိချုပ် စောဆန်းအောင်ရဲ့ ကျားဖြန့်ဆိုက်ကို စစ်တပ်က ဝင်ရောက်စီးနင်းမှုအပြီး ရက်ပိုင်းအတွင်းမှာပဲ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက် ဖလူးတောင်ခြေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းမှာ စစ်တပ် လက်အောက်ခံ BGF တပ်နယ်(၄)ဗိုလ်မှုးကြီးစောမုတ်သုန်ရဲ့အဖွဲ့ ၊ ခွဲထွက်DKBA ဗိုလ်ဘိအဖွဲ့၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DKBA)တပ်ဖွဲ့ဝင်ဟောင်း ဗိုလ်သခွားသီးတို့က လမ်းပြပို့ဆောင်ကူညီပေးခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောထားပါတယ်။

မြဝတီမြို့တောင်ဘက်ခြမ်းတိုက်ပွဲတွေမှာ စစ်တပ်ကို စစ်ကူတိုက်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF)က ဗိုလ်မုတ်သုန်ကိုလည်း ထိုင်းနိုင်ငံ လူကုန်ကူးမှုနဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်ထားတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook