သတင်း KNU ကွန်ဂရက်အောင်မြင်စွာ ကျင်းပနိုင်မှုအပေါ် NUG ဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့ KNU (၁၇)ကြိမ်မြောက် ကွန်ဂရက်ကို ဧပြီ ၂၄ ရက်မှ မေလ ၄ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့၏ ဗဟိုအမြဲတမ်းကော်မတီဝင် ၄၅ဦး၊ ဥက္ကဋ္ဌ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၁၁ဦး၊ ဌာနဆိုင်ရာတာဝန်ခံများ ကို ရွေးချယ်ခဲ့သည်။ ဥက္ကဋ္ဌသစ်မှာ ယခင်ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ရွေးကောက်ခံရခြင်းဖြစ်သည်။ LuduNwayOoမေ 7, 2023
သတင်း မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆက်လုပ်မည်ဟု KNU (၁၇)ကြိမ်မြောက်ကွန်ကရက် သံဓိဌာန်ပြု (၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ၁၁ရက် ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ KNU ဗဟိုဌာနချုပ်နှင့် ခရိုင်အသီးသီးရှိ ကွန်ကရက်ခန်းမများတွင် အွန်လိုင်းနည်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ LuduNwayOoမေ 6, 2023
သတင်း ညောင်လေးပင်ခရိုင်တွင် ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ နှစ်ဦးကို ညှင်းပမ်းနှိပ်စက်ဟု KNU ထုတ်ပြန် စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင် မူးမြို့နယ် သပြေညွှန့်ကျေးရွာမှ အသက် (၂၂)နှစ်အရွယ်ရှိ လူငယ်တစ်ဦးကိုလည်း တစ်လကြာဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း၊ ၎င်းသည် ဧပြီ ၂၂ရက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ LuduNwayOoမေ 5, 2023
သတင်း KNU ဗဟိုအလုပ်အမှုဆောင် ၁၁ဦးရွေးချယ်ပြီး၊ လူငယ်များအပါအဝင် အဖွဲ့ဝင်အသစ် ၆ဦး ပါဝင်လာ ခေါင်းဆောင်ပိုင်း ရွေးချယ်မှု အားလုံးပြီးဆုံးပြီဖြစ်၍ ကွန်ဂရက် ကျင်းပမှုမှာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်ကြောင်းသိရသည်။ LuduNwayOoမေ 4, 2023
သတင်း KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေကို ကာကွယ်ရေးဌာန တာဝန်ခံအဖြစ် ခန့်အပ် လက်ရှိတွင် ကွန်ဂရက်ကို ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ကွန်ဂရက်က ရွေးချယ်လိုက်သည့် ဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကိုလည်း ကျင်းပသွားရန်ရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။ LuduNwayOoမေ 4, 2023
သတင်း KNU ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ပဒိုစောတာဒိုမူး တို့ကိုရွေးကောက်တင်မြောက် ယခင်နေ့များက ကျင်းပခဲ့သည့် ကွန်ဂရက်တွင် KNU ဗဟို အမြဲတမ်းကော်မတီ ၄၅ဦးကို ရွေးကောက်တင်မြောက်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို လျှို့ဝှက်မဲဖြင့် ရွေးချယ်ခဲ့ပြီးဖြစ်သည်။ LuduNwayOoမေ 3, 2023
သတင်း KNU ဥက္ကဋ္ဌ အဖြစ် ယခင် ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကို ရွေးကောက်တင်မြောက် KNU ဗဟိုကော်မတီ ၄၅ဦး ရွေးချယ်မှုကို ယမန်နေ့ကတည်းက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ဥက္ကဋ္ဌ ကို လျှို့ဝှက်မဲဖြင့် ရွေးချယ်ခဲ့သည်ဟုဆိုသည်။ LuduNwayOoမေ 2, 2023
သတင်း KNUနယ်မြေတွင် သုံးလအတွင်း စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှု အကြိမ် ၅၅၀ကျော် ပြုလုပ် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၅ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ပြည်သူ ၂၅ဦး သေဆုံးပြီး ပြည်သူ ၁၂၂ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoမေ 1, 2023
သတင်း KNU ခေါင်းဆောင်သစ်များကို အွန်လိုင်းမှမဲပေးရွေးချယ်စဉ် အခက်အခဲအချို့ကြုံ၍ ရွေးကောက်ပွဲကျင်းပမှုရပ်နား ဗဟိုအမြဲတမ်းကော်မတီ ရွေးချယ်ပြီးပါက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ကာ KNU ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)နှင့်(၂) တို့ကို ရွေးချယ်တာဝန်ပေးမည်ဖြစ်သည်။ LuduNwayOoဧပြီ 29, 2023
သတင်း KNUအဖွဲ့ဦးဆောင်မှု ပြန်လည်ရွေးချယ်မည့် ညီလာခံ စတင်ကျင်းပ KNU ညီလာခံတွင် ဗဟိုအမြဲတမ်းကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)၊ အတွင်းရေးမှူး(၂)အဖွဲ့၏ ဌာနဆိုင်ရာ တာဝန်ခံများ ပြန်လည်ရွေးချယ်မှုများ ပြုလုပ်လေ့ရှိသည်။ LuduNwayOoဧပြီ 26, 2023