Connect with us

Hi, what are you looking for?

သတင်း

KNU ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေကို ကာကွယ်ရေးဌာန တာဝန်ခံအဖြစ် ခန့်အပ်

လက်ရှိတွင် ကွန်ဂရက်ကို ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ကွန်ဂရက်က ရွေးချယ်လိုက်သည့် ဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကိုလည်း ကျင်းပသွားရန်ရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

(KNU​၏ ကာကွယ်ရေးတာဝန်ခံ ပဒိုစောဆဲဂေအား တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)
(KNU​၏ ကာကွယ်ရေးတာဝန်ခံ ပဒိုစောဆဲဂေအား တွေ့ရစဉ်။ ဓာတ်ပုံ - ကရင်အမျိုးသားမီဒီယာ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒုဥက္ကဋ္ဌ သစ် ပဒိုစောဆဲဂေကို အဖွဲ့၏ကာကွယ်ရေးဌာန တာဝန်ခံအဖြစ် ခန့်အပ်လိုက်ကြောင်း KNU သတင်းရင်းမြစ် က အတည်ပြုသည်။

KNU၏ (၁၇)ကြိမ်မြောက် ကွန်ဂရက်က ဗဟိုကော်မတီဝင် ၄၅ဦး ရွေးချယ်ပြီးနောက် ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)နှင့် (၂)၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များကို ရွေးကောက်တင်မြောက်ပြီးနောက် အဖွဲ့၏ ဌာနဆိုင်ရာ တာဝန်ခံများခန့်အပ်ခြင်း လုပ်ဆောင်ခဲ့ရာ ယနေ့တွင် စစ်ဘက်ကဏ္ဍနှင့်ပတ်သက်သည့် ကာကွယ်ရေးဌာန တာဝန်ခံကို ဒုဥက္ကဋ္ဌအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကာကွယ်ရေးဌာနကတော့ စစ်တပ်ဘက်မှာ အထူးသဖြင့် ထိန်းသိမ်းရတာပေါ့။ သူ့အောက်က KNLA ရှိမယ်။ KNDO ရှိမယ်။ အဲဒါ သူရဲ့အောက်မှာ။ သူက တပ်ဘက်ဆိုင်ရာမှာ ရာထူးခန့်တာတို့ဘာတို့တော့ရှိတာပေါ့။ စစ်ရေးအခန်းကဏ္ဍ သက်ရောက်မှုတော့ အဆင့်ဆင့်ပေါ့။ ဘယ်အဖွဲ့အစည်းမဆို လုပ်ငန်းကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေက ညှိနှိုင်းရတာပဲ။တခြားခေါင်းဆောင်တွေနဲ့ ညှိပြီးလုပ်ဆောင်ရမယ့် ကိစ္စ။ အဖွဲ့အစည်းမှာ စုပေါင်းခေါင်းဆောင်မှုနဲ့ လုပ်ရမှာ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ပဒိုစောဆဲဂေသည် KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် ဥက္ကဋ္ဌ တာဝန်ယူခဲ့သူလည်းဖြစ်သည်။ ညောင်လေးပင်ခရိုင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့် KNU ခရိုင်များအနက်မှ ခရိုင်တစ်ခုဖြစ်ပြီး ယင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်ထားသည်။

Public Service Announcement

Public Service Announcement

ကာကွယ်ရေးဌာနတာဝန်ခံအဖြစ် ယခင်တုန်းကလည်း ဒုဥက္ကဋ္ဌက တာဝန်ယူခဲ့ဖူးသည့် ဖြစ်စဉ်ရှိသည်ဟု ၎င်း ကဆိုသည်။

“အရင်တုန်းကဆိုရင် ဗိုလ်ချုပ်မြတုန်းကဆိုရင် သူကိုင်ဖူးတယ်”ဟု သတင်းရင်းမြစ်က ပြောသည်။

KNU နိုင်ငံခြားရေးဌာနတာဝန်ကို ယခင် တာဝန်ခံ ပဒိုစောတောနီးက ဆက်လက်ရွေးချယ်ခံခဲ့ရသည်ဟု ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ခံအဖြစ် ပဒိုစောကနဲဖောကို ရွေးချယ်ခန့်အပ်ခဲ့ကြောင်း၊ ၎င်းသည် သာသနာရေးဌာန တာဝန်ခံအဖြစ် ပူးတွဲတာဝန်ယူရမည်ဖြစ်ကြောင်း ကရင်အမျိုးသားမီဒီယာ၏ ဖော်ပြချက်အရ သိရသည်။ KNUတွင် ကာကွယ်ရေး ၊ ပြည်ထဲရေးအပါအဝင် ဌာနဆိုင်ရာ ၁၄ ခုရှိသည်။ ဗဟိုတရားသူကြီးချုပ်မှာ ပဒိုနော်မြိုင်ဖိုး ဖြစ်ကြောင်းလည်း ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။

လက်ရှိတွင် ကွန်ဂရက်ကို ဆက်လက်ကျင်းပနေဆဲဖြစ်ပြီး ကွန်ဂရက်က ရွေးချယ်လိုက်သည့် ဗဟိုကော်မတီအစည်းအဝေး တစ်ရပ်ကိုလည်း ကျင်းပသွားရန်ရှိကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။