Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်ခရိုင်တွင် ပြည်သူတစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်၊ နှစ်ဦးကို ညှင်းပမ်းနှိပ်စက်ဟု KNU ထုတ်ပြန်

စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင် မူးမြို့နယ် သပြေညွှန့်ကျေးရွာမှ အသက် (၂၂)နှစ်အရွယ်ရှိ လူငယ်တစ်ဦးကိုလည်း တစ်လကြာဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း၊ ၎င်းသည် ဧပြီ ၂၂ရက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကရင်ပြည်နယ်တွင် ၂၀၂၁ နှစ်ကုန်ပိုင်းက ​တွေ့ရစဥ်။ဓာတ်ပုံ-CJ)
(စစ်​ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ကရင်ပြည်နယ်တွင် ၂၀၂၁ နှစ်ကုန်ပိုင်းက ​တွေ့ရစဥ်။ဓာတ်ပုံ-CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၌ စစ်ကောင်စီတပ်က ဒေသခံ ပြည်သူများအား သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း KNUက ဒီကနေ့ ထုတ်ပြန်သည်။

KNU တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင် လယ်ဒိုမြို့နယ် နတ်သံကွင်းမြို့၊ တံခွန်တိုင်ရပ်ကွက်နေ အသက်(၂၃)နှစ်အရွယ် စောလေးလေးထူး(ခ)ဝဏ္ဏကို စစ်ကောင်စီတပ်က နတ်သံကွင်း ဆေးရုံရှေ့၌ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြသည်။ အဆိုပါ လူငယ်သည် အလုပ်မှ နေအိမ်သို့ ပြန်လာစဉ် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ကင်းလှည့်ပြန်လာသည့် စစ်ကောင်စီတပ်က စောလေးလေးထူး၏ နောက်ကြောကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို KNUက ထုတ်ပြန်သည်။

“စစ်ဆေးတာတွေ့တယ်၊ လွယ်အိတ်ထဲမှာ ပိုက်ဆံအများကြီးပါလို့ဖြစ်မယ်၊ ပစ်စတိုနဲ့ပစ်တာတဲ့ လွယ်အိတ်ရော၊ ဖုန်းရောယူသွားတယ်”ဟု ဒေသခံက ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီးကျေးရွာမှ အသက်(၄၀)နှစ်ရှိ စောအယ်မူးကိုလည်း စစ်ကောင်စီတပ်က ဧပြီ ၂၅ရက်က ဖမ်းဆီးခဲ့ကြောင်း၊ ရွှေကျင်မြို့သို့ ဈေးဝယ်ရန်အသွားလမ်းတွင် စစ်ကောင်စီတပ် ခလရ(၅၇)မှ ဖမ်းဆီးပြီး ခလရ(၃၄၉) စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က စောအယ်မူးကို KNLA တပ်သားဟုစွပ်စွဲကာ ခန္ဓာကိုယ်အား ဓာတ်ဆီလောင်း မီးရှို့နှိပ်စက်ခဲ့သည့်အပြင် သေး(ကျင်ငယ်ရေ)ဖြင့် ပန်းခဲ့ကြောင်း KNUက ထုတ်ပြန်သည်။

ထို့အပြင် ပြန်လည်လွတ်မြောက်လာပြီး ဆေးကုသမှုခံယူနေသည့် စောအယ်မူး၏ ဓာတ်ပုံမှတ်တမ်းကိုလည်း KNUက ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ညောင်လေးပင်ခရိုင် မူးမြို့နယ် သပြေညွှန့်ကျေးရွာမှ အသက် (၂၂)နှစ်အရွယ်ရှိ လူငယ်တစ်ဦးကိုလည်း တစ်လကြာဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း၊ ၎င်းသည် ဧပြီ ၂၂ရက်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သည် KNU နယ်မြေများ၌ ပုံစံမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်လျက်ရှိရာ ယခုနှစ် ဇန်နဝါရီမှ မတ်လကုန်အထိ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရာချီ၍ ကျူးလွန်ခဲ့ရာ အရပ်သား ပြည်သူလူထု သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရမှု၊ နေအိမ်ပျက်စီးမှုများစွာ ကြုံခဲ့ရကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။