Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆက်လုပ်မည်ဟု KNU (၁၇)ကြိမ်မြောက်ကွန်ကရက် သံဓိဌာန်ပြု

(၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ၁၁ရက် ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ KNU ဗဟိုဌာနချုပ်နှင့် ခရိုင်အသီးသီးရှိ ကွန်ကရက်ခန်းမများတွင် အွန်လိုင်းနည်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

(၂၀၁၉က ထိုင်း - မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ်(၇၀)ပြည့် ကရင့်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - အေအက်ပီ)
(၂၀၁၉က ထိုင်း - မြန်မာနယ်စပ်တစ်နေရာတွင် ကျင်းပသည့် နှစ်(၇၀)ပြည့် ကရင့်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် မြင်တွေ့ရသော KNU တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - အေအက်ပီ)

▪️တိုက်ပွဲဝင်တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲကြိုးပမ်းမည်ဟု အသိပေး

▪️ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများအရေး KNU ဗဟိုက စုံစမ်းစစ်ဆေးမည်၊ စုံစမ်းစစ်ဆေးမှုများအား အသိပေးမည်ဖြစ်ပြီး ဥပဒေချိုးဖောက်မှုတွေ့ပါက အရေးယူမည်ဟု ဖော်ပြ

မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး၊ ကရင်အမျိုးသားများ ရသင့်ရထိုက်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ ရရှိရေးအတွက် ချမှတ်ထားသည့် အခြေခံလမ်းစဉ်၊လုပ်ငန်းစဉ် နှင့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ကရင်တမျိုးသားလုံးနှင့်အတူတကွ ရပ်တည်လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ (၁၇)ကြိမ်မြောက် ကွန်ကရက်က သံဓိဌာန်ပြုခဲ့ကြောင်း KNU ဗဟိုဌာနချုပ်က ထုတ်ပြန်ကြေညာသည်။

KNUသည် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး အတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ လူထုလူတန်းစား အသီးသီးနှင့် အတူ လက်တွဲညီစွာ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း အသိပေးသည်။

(၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ၁၁ရက် ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ KNU ဗဟိုဌာနချုပ်နှင့် ခရိုင်အသီးသီးရှိ ကွန်ကရက်ခန်းမများတွင် အွန်လိုင်းနည်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကွန်ကရက်မှ ဗဟိုအမြဲတမ်းကော်မတီ အဖွဲ့ဝင် ၄၅ဦး ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၁၁ဦးနှင့်ဗဟို တရားသူကြီးချုပ် ၁ဦးကို ရွေးကောက်တင်မြောက်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအသစ်၌ ပါဝင်သူ ၁၁ဦး၏ အမည်စာရင်းကို ကြေညာခဲ့သည်။ ၎င်းတို့မှာ အဖွဲ့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ ပဒိုစောဲဂေ၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောတောနီး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောလောအယ်မူး တို့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ယခုကျင်းပခဲ့သည့် ကွန်ကရက်တွင် (၁၆)ကြိမ်မြောက် ကွန်ကရက် သက်တမ်း ကာလတလျှောက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဗဟိုအမြဲတမ်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ နှင့် နိုင်ငံရေး အစီရင်ခံစာများ၊ ခရိုင်၊ ဌာနနှင့် ကော်မတီ အသီးသီးတို့၏ လုပ်ငန်းအစီရင်ခံစာ တို့ကိုလည်း သုံးသပ်အတည်ပြုခြင်း၊ ဗဟိုအမြဲတမ်းကော်မတီမှ ပြင်ဆင်ဖြည့်စွက်ပြီး တင်သွင်းခဲ့သော KNU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေ၊ ကရင့်အမျိုးသားတော်လှန်ရေး၏ အခြေခံလမ်းစဉ်နှင့် လုပ်ငန်းစဉ်များ၊ KNU၏ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြု ချမှတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်သည်။

ယခု ကွန်ကရက်ကို ၂၀၂၁ ဇွန်လတွင် ကျင်းပရန် ကနဦး သတ်မှတ်ခဲ့သော်လည်း ကိုဗစ် ကပ်ရောဂါနှင့်အတူ စစ်တပ်အာဏာသိမ်းယူမှုနှင့် နောက်ဆက်တွဲ စိန်ခေါ်မှုများကြောင့် သတ်မှတ်ချိန်အတွင်း မပြုလုပ်နိုင်ခဲ့ကြောင်း၊ ထိုအခြေအနေတွင် ကွန်ကရက်ကိုအဆင့် ၃ ဆင့် ဖြင့် ပြုလုပ်ခဲ့ရကာ ကွန်ကရက်၏ တတိယ အဆင့်တွင် နောက်ဆုံးတက်ရောက်သူ ကိုယ်စားလှယ် ၁၆၀ ဦး ရှိကာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု KNU က အသိပေးခဲ့သည်။

ယခင်သက်တမ်းအတွင်းက တာဝန်ယူခဲ့သည့် KNU ခေါင်းဆောင်အချို့အား ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ နှင့် ပတ်သက်မှုရှိသည်ဟု စွပ်စွဲချက်များ ရှိခဲ့ရာ ယင်းနှင့်ပတ်သက်ပြီး KNU၏ သဘောထားကိုလည်း မေလ ၅ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

KNU အဖွဲ့ဝင်များ၏ စည်းကမ်းချိုးဖောက်မှုများနှင့် ပတ်သက်၍လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို အခြေခံ၍ သော်လည်းကောင်း၊ တရားရေး လုပ်ငန်းစဉ်များအရ သော်လည်းကောင်း အရေးယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဦးစွာ ဖော်ပြသည်။

မောထိုတလေးဒေသရှိ ဟွမ်ယာ တရုတ်မြို့သစ်စီမံကိန်း နှင့်ပတ်သက်သည့် မောလောအိအလင်းကုမ္ပဏီသည် ၎င်းစီမံကိန်းမှ ၂၀၂၂ ဒီဇင်ဘာကတည်းက နုတ်ထွက်သွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်း စီမံကိန်းကိစ္စနှင့်ပတ်သက်၍ မည်သည့် ကိစ္စမို KNU နှင့် မပတ်သက်ကြောင်း အသိပေးသည်။

KK Park ဟု လူသိများပြီး တရုတ်ရာဇဝတ်ဂိုဏ်များ ပါဝင်ပတ်သက်နေသော လောင်းကစားရုံသည် KNU နှင့် လုံး၀ ပတ်သက်မှုမရှိကြောင်းလည်း အသိပေးထားသည်။

KNU ခေါင်းဆောင်များအား ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်သည့် ရေးသားပြောဆိုမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ၊ သို့ရာတွင် အခြေအနေမှန်ကို သိရှိဖော်ပြနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရန် KNU ဗဟိုအဆင့်က ဦးဆောင်ကာ လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဝင်များပါသော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီး KNU မူဝါဒ နှင့် စည်းမျဉ်းဥပဒေများ အတိုင်း အကောင်အထည်ဖော်သွားမည်ဟု ထုတ်ပြန်သည်။

စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်သည့် မေးမြန်းမှုများအား လိုအပ်သလို ထုတ်ဖော်ပြောကြားသွားမည်ဖြစ်ပြီး ဥပဒေချိုးဖောက်မှုများ ရှိသည်ဟု ဖော်ထုတ်တွေ့ရှိပါက လိုအပ်သလို အရေးယူမှုများ လုပ်ကိုင်သွားမည်ဟု KNUက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။