Connect with us

Hi, what are you looking for?

သတင်း

KNUအဖွဲ့ဦးဆောင်မှု ပြန်လည်ရွေးချယ်မည့် ညီလာခံ စတင်ကျင်းပ

KNU ညီလာခံတွင် ဗဟိုအမြဲတမ်းကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)၊ အတွင်းရေးမှူး(၂)အဖွဲ့၏ ဌာနဆိုင်ရာ တာဝန်ခံများ ပြန်လည်ရွေးချယ်မှုများ ပြုလုပ်လေ့ရှိသည်။

(KNU/KNLA တပ်ဖွဲ့ဝင်များစစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)
(KNU/KNLA တပ်ဖွဲ့ဝင်များစစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU)

▪️တစ်ပတ်အတွင်း ခေါင်းဆောင်အပြောင်းအလဲ အဖြေပေါ်လာနိုင်ဟု ခန့်မှန်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညီလာခံကို ဧပြီ ၂၄ရက်က စတင်ကျင်းပလျက်ရှိပြီး ခေါင်းဆောင်အပြောင်းအလဲ ရွေးကောက်တင်မြောက် သည့်အဆင့် လာမည့်တစ်ပတ်အတွင်း အဖြေပေါ်လာနိုင်သည်ဟု KNUဗဟို သတင်းရင်းမြစ်က ခန့်မှန်းသည်။

(၁၆)ကြိမ်မြောက် KNUညီလာခံကို ၂၀၁၇က ကျင်းပခဲ့ခြင်းဖြစ်ပြီး လေးနှစ်တစ်ကြိမ် ကျင်းပရန် သတ်မှတ်ထားသော်လည်း ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့် အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ လေကြောင်းရန် အပါအဝင် စစ်ရေးအခြေအနေကြောင့် (၁၇)ကြိမ်မြောက် KNUညီလာခံကို KNU ခရိုင်နှင့် တပ်မဟာ ခုနစ်ခုမှ ကိုယ်စားလှယ်များ မျက်နှာစုံညီ အနေအထားဖြင့် ကျင်းပနိုင်ခြင်းမရှိ၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခု ကျင်းပသည့် ညီလာခံသို့ ခရိုင်တပ်မဟာ ခုနစ်ခုလုံးမှ ခေါင်းဆောင်ကိုယ်စားလှယ်များအားလုံးတက်ရောက်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

“ဒီမှာကျတော့ ဗဟိုကတော့ မျက်နှာစုံညီပေါ့။ ခရိုင်ကတော့ သူတို့ခရိုင်ကနေ သူတို့ ကိုယ်စားလှယ် တွေ မျက်နှာစုံညီပေါ့။ ခရိုင်မှာတော့ ခရိုင်က ကိုယ်စားလှယ်က သူ့စုရပ်တစ်နေရာပေါ့။ ခရိုင်သီးသီးမှာပေါ့”ဟု KNU သတင်းရင်းမြစ်က အွန်လိုင်းဖြင့် ညီလာခံ ကျင်းပသည့် ပုံစံကို အကြမ်းဖျဉ်းရှင်းပြသည်။

Public Service Announcement

Public Service Announcement

“တက်လာမယ့် ခေါင်းဆောင်အပြောင်းအလဲတော့ပြောလို့တော့ ဘယ်သိမလဲ။ အပြောင်းအလဲတော့ရှိမှာပေါ့။ ခေါင်းဆောင် အပြောင်းအလဲက ဖြစ်နိုင်ပါတယ်။ ကွန်ကရက်ဆိုတော့ သူ့ရဲ့ထိပ်ပိုင်းခေါင်းဆောင် တချို့တော့ပါမှာ တချို့တော့ အပြောင်းအလဲရှိမှာပေါ့။တော်လှန်ရေးအပေါ် သက်ရောက်မှုကတော့ ကြီးကြီးမားမားတော့မရှိဘူး။ ကျနော်တို့ ဖွဲ့စည်းပုံအရ မူအရ ဆက်လုပ်ရမယ့် ကိစ္စဆိုတော့ မူနဲ့ ဆက်သွားမယ်ဆိုတော့ ဘာမှ အပြောင်းအလဲတော့မရှိပါဘူး”ဟု ၎င်းက ပြောသည်။

ပုံမှန်အားဖြင့် ညီလာခံကျင်းပသည့် ကာလတစ် လကျော်ကြာသော်လည်း လက်ရှိအခြေအနေအရ အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ပြင်ဆင်းသုံးသပ်ခြင်း၊ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်များအပေါ် ကြိုတင်ဆွေးနွေးထားခြင်း ပြုလုပ်ပြီးဖြစ်ကြောင်း၊ ယခု အဆင့်မှာ ခေါင်းဆောင်ပြန်လည်ရွှေးချယ်မည့် ရွေးကောက်ပွဲကျင်းပသည့် အဆင့်ကို ကျင်းပနေခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

KNU ညီလာခံတွင် ဗဟိုအမြဲတမ်းကော်မတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)၊ အတွင်းရေးမှူး(၂)အဖွဲ့၏ ဌာနဆိုင်ရာ တာဝန်ခံများ ပြန်လည်ရွေးချယ်မှုများ ပြုလုပ်လေ့ရှိသည်။

“အခုက လုပ်ထားတာက လက်ရှိအခြေအနေအပေါ်မှာ ကျနော်တို့ ကွန်ကရက်က နှစ်ဆင့်တော့ ပြီးသွားပြီ။ အခုက တတိယအဆင့်လေ။ တတိယ အဆင့်က ရွေးကောက်ပွဲပဲ။ ၂ဆင့်ဆိုတာက ဖွဲ့စည်းပုံတို့ ရှေ့လုပ်ငန်းစဉ်တို့က ပထမ သူတို့လုပ်ထားပြီးပြီ။ ပြင်ဆင်ဖြည့်စွက်တာတို့ ရှေ့ဆက်နိုင်ငံရေး လုပ်ငန်းစဉ်လည်း အားလုံး ဆွေးနွေးထားပြီးပြီ။ ခရိုင်ကိုယ်စားလှယ် ဗဟိုတွေအားလုံး သူတို့ လုပ်ထားပြီးပြီလေ။ ခေါင်းဆောင်ရွေးချယ်မှုပိုင်းပဲ ကျန်တယ်။ ကြိုပြင်ဆင်တဲ့သဘောပေါ့။ အများဆုံးတော့ တစ်ပတ်လောက်ပဲ ကျနော်ထင်တယ်။”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

သို့သော် ခေါင်းဆောင်အပြောင်းအလဲ မည်သို့ပင်ဖြစ်စေ တော်လှန်ရေး၊ စစ်အာဏာရှင်တိုက်ဖျက်ရေး အပေါ် စိုးရိမ်စရာမရှိဟု ၎င်းက ဆိုသည်။

“ဒါကတော့ ရှေ့ဆက်လုပ်ရမယ့် အလုပ်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ဖွဲ့စည်းပုံရော ကျနော်တို့ရှေ့လုပ်ငန်းစဉ်ရောက ကျနော်တို့ ချထားတဲ့ တော်လှန်ရေးမူအပေါ်မှာပဲ ရပ်တည်မယ်ဆိုတော့ ဆက်သွားမှာပဲလေ။ စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက်ပဲ။ ခေါင်းဆောင်အပြောင်းအလဲရှိတောင် စိတ်ပူစရာမရှိဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။