Connect with us

Hi, what are you looking for?

သတင်း

KNU ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ပဒိုစောတာဒိုမူး တို့ကို​ရွေးကောက်တင်​မြောက်

ယခင်နေ့များက ကျင်းပခဲ့သည့် ကွန်ဂရက်တွင် KNU ဗဟို အမြဲတမ်းကော်မတီ ၄၅ဦးကို ရွေးကောက်တင်မြောက်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို လျှို့ဝှက်မဲဖြင့် ရွေးချယ်ခဲ့ပြီးဖြစ်သည်။

KNU ဒုဥက္ကဋ္ဌအဖြစ်​ရွေး​ကောက်ခံရ​သော ပဒိုစောဆဲဂေ။ ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ
KNU ဒုဥက္ကဋ္ဌအဖြစ်​ရွေး​ကောက်ခံရ​သော ပဒိုစောဆဲဂေ။ ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ၁၇ကြိမ်မြောက်ကွန်ဂရက်ကို ယနေ့ မေလ ၃ရက်တွင် ဆက်လက်ကျင်းပပြီး အဖွဲ့၏ ခေါင်းဆောင်ပိုင်းရွေးချယ်မှု ပြုလုပ်လျက်ရှိရာ အဖွဲ့ ဒုဥက္ကဋ္ဌ အဖြစ် ပဒိုစောဆဲဂေကို ကွန်ဂရက်က ယနေ့ ရွေး​ကောက်တင်မြောက်လိုက်သည်ဟု KNU ဗဟို သတင်းရင်းမြစ် က ပြောသည်။

ယခင်နေ့များက ကျင်းပခဲ့သည့် ကွန်ဂရက်တွင် KNU ဗဟို အမြဲတမ်းကော်မတီ ၄၅ဦးကို ရွေးကောက်တင်မြောက်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို လျှို့ဝှက်မဲဖြင့် ရွေးချယ်ခဲ့ပြီးဖြစ်သည်။

ယနေ့တွင် ကျန်နေသည့် ဒုဥက္ကဋ္ဌ၊အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး (၁)နှင့် (၂) တို့ကို ဆက်လက်ရွေးချယ်နေခြင်းဖြစ်သည်။

KNU ဒုဥက္ကဋ္ဌအဖြစ်​ရွေး​ကောက်ခံရ​သော ပဒိုစောဆဲဂေ။ ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ
KNU ဒုဥက္ကဋ္ဌအဖြစ်​ရွေး​ကောက်ခံရ​သော ပဒိုစောဆဲဂေ။ ဓါတ်ပုံ-ကရင်အမျိုးသားမီဒီယာ

“ဒုဥက္ကဋ္ဌ ပဒိုစောဆဲဂေလေ။ အတွင်းရေးမှူးချုပ်က အဟောင်းပဲ” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ KNU အထွေထွေအတွင်းရေးမှူးချုပ်မှာ ယခင်သက်တမ်းက ရွေးချယ်ခံရသည့် ပဒိုစောတာဒိုမူးကိုပင် ပြန်လည်ရွေးချယ်လိုက်ခြင်းဖြစ်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

ဒုဥက္ကဋ္ဌ ဖြစ်လာသည့် ပဒိုစောဆဲဂေသည် KNU ညောင်လေးပင်ခရိုင် ဥက္ကဋ္ဌဖြစ်သည်ဟု ကရင်အမျိုးသားမီဒီယာက ဖော်ပြထားသည်။ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်သည် စစ်ကောင်တပ်နှင့် တိုက်ပွဲပြင်း ထန်စွာ ဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး ယင်းနယ်မြေရှိ စစ်ကောင်စီတပ်စခန်းများကို KNU တပ်များက သိမ်းပိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့သည်။

တွဲဖက်အတွင်းရေးမှူး(၁)ကိုလည်း ရွေးချယ်ပြီး တွဲဖက်အတွင်းရေးမှူး(၂)ကို ဆက်လက်ရွေးချယ်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ယနေ့တွင် ကွန်ဂရက်က ရွေးချယ်လိုက်သည့် ကြီး ၅ကြီး (ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်၊ တွဲဖက် ၁နှင့် ၂) က ကျန်နေသည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၆ဦးကို ထပ်မံ ရွေးချယ်ပြီး ကွန်ဂရက်သို့ ပြန်လည် အတည်ပြုချက်ရယူသွားရန်ရှိသည်ဟုဆိုသည်။

KNU ခေါင်းဆောင်ပိုင်း အပြောင်းအလဲများရှိသော်လည်း အဖွဲ့၏ မူဝါဒ၊ စုပေါင်းခေါင်းဆောင်မှုတို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ စစ်ရေး၊ နိုင်ငံရေးအပေါ် အပြောင်းအလဲကြီးမားစွာရှိမည်မဟုတ်ဟု သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။