Hi, what are you looking for?
စစ်ကောင်စီမှ အရပ်သားများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိနိုင်မည့်တစ်ခုတည်းသော နည်းလမ်းသည် စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသည့် နိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD)က ထုတ်ပြန်သည်။
စစ်ရေးအရ နေရာဒေသအသီးသီး၌ အထိနာလျက်ရှိပြီး တပ်ဖွဲ့ဝင် အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အမည်ဖြင့် အသက် ၃၅နှစ် မှ ၆၅ နှစ်အကြားရှိ ပြည်သူများကို စုဆောင်းရန် ကြိုးပမ်းနေသည့် လုပ်ရပ်ကို မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)က ဆန့်ကျင်ကြောင်း ဖော်ပြကာ ပူးပေါင်းပါဝင်ခြင်းမပြုရန်...