Connect with us

Hi, what are you looking for?

သတင်း

အသက် ၆၅နှစ်ထိ ပြည်သူများကိုပါ အသုံးချ စစ်အင်အား ဖြည့်မည့် စစ်ကောင်စီ လုပ်ရပ်တွင် ပူးပေါင်း ခြင်းမပြုရန် NMSP-AD အသိပေး၊ ပြတ်သားစွာအရေးယူရန် ညွှန်ကြား

စစ်ရေးအရ နေရာဒေသအသီးသီး၌ အထိနာလျက်ရှိပြီး တပ်ဖွဲ့ဝင် အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အမည်ဖြင့် အသက် ၃၅နှစ် မှ ၆၅ နှစ်အကြားရှိ ပြည်သူများကို စုဆောင်းရန် ကြိုးပမ်းနေသည့် လုပ်ရပ်ကို မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)က ဆန့်ကျင်ကြောင်း ဖော်ပြကာ ပူးပေါင်းပါဝင်ခြင်းမပြုရန် အသိပေးထားသည်။

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)မှတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- NMSP-AD

ဟန်နွေ/People’s Spring

စစ်ရေးအရ နေရာဒေသအသီးသီး၌ အထိနာလျက်ရှိပြီး တပ်ဖွဲ့ဝင် အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အမည်ဖြင့် အသက် ၃၅နှစ် မှ ၆၅ နှစ်အကြားရှိ ပြည်သူများကို စုဆောင်းရန် ကြိုးပမ်းနေသည့် လုပ်ရပ်ကို မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)က ဆန့်ကျင်ကြောင်း ဖော်ပြကာ ပူးပေါင်းပါဝင်ခြင်းမပြုရန် အသိပေးထားသည်။

ဩဂုတ် ၂၉ရက် တွင် ထုတ်ပြန်သည့် အမိန့်ညွှန်ကြားစာတွင် စစ်ကောင်စီမှ ရပ်ကွက်၊ မြို့နယ်အဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အစီအစဉ် ဖွဲ့စည်းလုပ်ဆောင်နေမှု အပေါ် ဆန့်ကျင်သွားရန်နှင့် ပူးပေါင်းလုပ်ဆောင်မှု အပေါ် ပြတ်ပြတ်သားသားအရေးယူသွားရန်ဖော်ပြထားသည်။

“အခု ထုတ်ပြန်ချက်က စစ်ကောင်စီ ဖွဲ့လိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ဖွဲ့လိုက်တဲ့အပေါ် ဒါက စစ်ကောင်စီရဲ့ အင်အားကို ဖြည့်ဆည်းပေးတဲ့ အဖွဲ့လို့ ကျနော်တို့ ရှုမြင်သုံးသပ်ချက်အပေါ်မှာ ကျနော်တို့ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်ဆိုတာရယ် ၊နောက်တစ်ချက်က ကျနော်တို့ လှုပ်ရှားရာဒေသမှာ ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဒီလုပ်ငန်းအပေါ်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်မှု မပြုဖို့ ကျနော်တို့ အသိပေးထားတဲ့ ထုတ်ပြန်ချက်ဖြစ်ပါတယ်” ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင်စစ်ရှုံး​နေ​သောစစ်ကောင်စီက ယခုနှစ် ​ဖေ​ဖော်ဝါရီတွင် အသက် ၁၈နှစ်မှ ၃၅ နှစ်အကြား လူငယ်လူရွယ်များကို စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းပြီး အဓမ္မ စစ်သားစုဆောင်းမှု ပြုလုပ်နေသည့်တိုင် ဒေသအသီးသီး တိုက်ပွဲများ၌ ကျရှုံးမှုများ ကြုံနေရချိန် အသက် ၃၅နှစ်မှ ၆၅နှစ်အကြားရှိ ပြည်သူများကို ထပ်မံ စစ်သားစုဆောင်းရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

စစ်ကောင်စီက အရပ်သား အမျိုးသားများအား ရက်တို စစ်သင်တန်းတက်ခိုင်းပြီး အသုံးချရန် စီစဉ်သည့်အပေါ် အမျိုးသားညီညွတ်ရေး အစိုး အနေဖြင့်လည်း လုပ်ဆောင်သင့်သည့် ကိစ္စများကို အချိန်နှင့်တပြေးညီ အမြန်ဆုံး လုပ်ဆောင်ရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ် ၂၇ရက် အစိုးရ အဖွဲ့အစည်းအဝေး၌ ပြောကြားထားသည်။

“ထွက်ပေါက်မရှိသလောက်ဖြစ်နေပြီး သမိုင်းတစ်လျှောက်အဆိုးဆုံး စစ်ရေးရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ ပြည်သူကို ချနင်းတဲ့ နည်းလမ်းမျိုးစုံသုံးပြီး တိုင်းပြည် ကို သူတို့နဲ့အတူ အဆုံးစွန်ထိ ဆွဲချသွားချင်နေပုံရပါတယ်။ ဒါကို ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ အထူးသတိထား စောင့်ကြည့်သင့်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။” ဟုမန်းဝင်းခိုင်သန်းကပြောကြားခဲ့သည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းထားသည့် တပ်သားသစ်များကို သင်တန်းပြီးပြီးချင်း၌ပင် ရှေ့တန်း စစ်မျက်နှာပြင်များသို့ ​​စေလွှတ်သဖြင့် ​သေဆုဲးဒဏ်ရာရသူ ၊ထွက်​ပြေးသူ၊ လက်နက်ချသူအများအပြားရှိ​နေ​ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

၂နှစ်တာအတွင်း သေဆုံး စစ်ကောင်စီတပ်သား ၂သောင်းကျော်အနက် သေဆုံသူအများစုဟာ ပစများဖြစ်ဟုဆို

သတင်း

ပေါ်တာစွဲခံထားရပြီး မန္တလေးနန်းတွင်းမှာ ချုပ်နှောင်ခံထားရတဲ့ လူငယ်တွေကို ပုသိမ်ကြီးနယ်က ခလရ(၁၁၆)နဲ့ (၁၁၉)တပ်ရင်းကို ပို့လိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

သတင်း

သူဝယ်မိတဲ့ဘောလုံးသမားဟာချင်းလန်းအက်ဖ်စီက Pa Lung ဖြစ်တယ်လို့သတင်းရင်းမြစ်အချို့​ပြော