Connect with us

Hi, what are you looking for?

သတင်း

သံဖြူဇရပ်-ရေးလမ်းပိုင်းရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ရေးမြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြစ်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)MNSP-AD မှ ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်စွဲထားသော သံဖြူဇရပ်-ရေးလမ်းပိုင်းမှ စခန်း၊ စစ်ဆေးရေးဂိတ်နှင့် MNSP(AD)မှ တော်လှန်ရေးရဲဘော်များကို တွေ့ရစဥ် ဓာတ်ပုံ - MNSP(AD)

ကျော်ဇော/People’s Spring

ရေးမြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြစ်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)MNSP-AD မှ ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၅ ရက် နံနက် ၆နာရီခန့်က ရေးမြို့နယ်၊ သံဖြူဇရပ်-ရေးလမ်းပိုင်း ကွမ်းဒူး နှင့် နှင်းစုံကျေးရွာကြား တံတားအနီးရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို NMSP (AD)တပ်ဖွဲ့မှ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်စွဲထားသော သံဖြူဇရပ်-ရေးလမ်းပိုင်းမှ စခန်း၊ စစ်ဆေးရေးဂိတ်နှင့် MNSP(AD)မှ တော်လှန်ရေးရဲဘော်များကို တွေ့ရစဥ် ဓာတ်ပုံ – MNSP(AD)

“တံတားနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းပေါ့နော်။ အဲဒီစခန်းကိုမှ စစ်ဆေးရေးဂိတ်အနေနဲ့ တပ်စွဲထားတာရှိတယ်။ အဲဒီစခန်းကို ကျနော်တို့တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်။ တိုက်ပွဲကတော့ ၁နာရီဝန်းကျင် လောက် နှစ်ဘက်ရင်ဆိုင်ဖြစ်ပွားခဲ့တယ်”ဟု တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး MNSP(AD)မှ ပြောခွင့်ရသူ နိုင်ကောင်းစကားက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီအထိုင်စခန်းနှင့် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား ၄၀ခန့်တပ်စွဲထားပြီး တိုက်ခိုက်မှုအတွင်း မျက်မြင်ငါးဦးသေဆုံး၍ ထိခိုက်ဒဏ်ရာရသူများလည်း အများအပြားရှိကာ တော်လှန်ရေးရဲ ဘော်တစ်ဦး ရှပ်ထိဒဏ်ရာ(မစိုးရိမ်ရ)ရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်​၏ ထိခိုက်သေဆုံးမှုအပေါ် လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်မှ ရေးမြို့နယ်၊ အာရုတောင်ကျေးရွာအခြေစိုက် ခမရ(၃၄၃)နှင့် ခမရ (၅၈၇)တပ်ရင်းတို့မှ လက်နက်ကြီးများဖြၚ့် ရမ်းသမ်းပစ်ခတ်မှုများရှိခဲ့ရှိခဲ့သော်လည်း MNSP(AD)မှ ရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်ကလည်း ရေးမြို့နယ်၊ ခေါဇာမြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ-၃၁ တပ်ရင်းအား မွန်ပြည်သစ် ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) MNSP-AD၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ရေး-သံဖြူဇရပ်ကားလမ်းပိုင်းမှာ လက်ပြန်ကြိုးတုပ်ခံထားရပြီးဦးခေါင်းသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းသုံးလောင်းကိုဒီနေ့ (မေလ ၁၄ ရက်) မနက်ပိုင်းကတွေ့ခဲ့တယ်လို့လူမူကူ ညီရေးလုပ်ကိုင်သူအချို့ဆီက သိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ် အောင်သပြေရွာအနီး ယာယီတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းနဲ့ သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းကျေးရွာရဲစခန်းကိုဒရုန်းဖြင့် ဗုံးကြဲခဲ့သလို ရေးမြို့နယ် အောင်သပြေကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံဖြတ်ကျော်ဆိုက်ဘာနှိမ်နင်းရေး အလုပ်အဖွဲ့ဖွဲ့စည်းပြီး လူကုန်ကူးခံရသူတွေကူညီဖို့၊ ပိတ်မိသူတွေ ရှာဖွေရေးနဲ့ ဘေးကင်းစွာပြန်လည်ခေါ်ဆောင်ရေး ကူညီမယ်လို့ အသိပေး