Connect with us

Hi, what are you looking for?

သတင်း

မွန်ပြည်သစ်ပါတီ၏တပ်ရင်း(၅) စစ်ကောင်စီတိုက်ခိုက်နေသည့် NMSP-ADနှင့် ပူးပေါင်း

ဝါရင့် မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP)မှ တပ်ရင်းတစ်ခုသည် NMSPမှ ခွဲထွက်ပြီး စစ်ကောင်စီကိုတိုက်ခိုက်နေသည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)ထံပူးပေါင်းလာကြောင်း NMSP-ADက အတည်ပြုသည်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD၏ အထူးကွန်မန်ဒိုရဲဘော်များ။ ဓာတ်ပုံ - NMSP-AD

ဟန်နွေ/People’s Spring

ဝါရင့် မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP)မှ တပ်ရင်းတစ်ခုသည် NMSPမှ ခွဲထွက်ပြီး စစ်ကောင်စီကိုတိုက်ခိုက်နေသည့် မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)ထံပူးပေါင်းလာကြောင်း NMSP-ADက အတည်ပြုသည်။

ဘုရားသုံးဆူဒေသရှိ NMSP၏ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA)သည် အောက်တိုဘာ ၆ရက်တွင် NMSP-AD နှင့် ပူးပေါင်းလာခြင်းဖြစ်သည်ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

Public Service Announcement

Public Service Announcement

“ ဒီသတင်း ဟုတ်ပါတယ်လောက်ပဲပြောအုံးမယ်” ဟုလည်း နိုင်ဗညားမွန်က ပြောသည်။

NMSPတွင် မော်လမြိုင်ခရိုင် တပ်ရင်း၊ ထားဝယ်ခရိုင်တပ်ရင်း၊ သထုံခရိုင် တပ်ရင်း၊ ဘုရားသုံးဆူဒေသတပ်ရင်း၊ ရေးချောင်ဖျားဒေသ တပ်ရင်းတို့ဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်ဟု နိုင်ဗညားမွန်က ပြောပြသည်။

NMSPသည် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်(NCA) ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရန်နှင့်ပတ်သက်၍ အဖွဲ့တွင်း သဘောထားကွဲကာ ယခုနှစ်ဆန်းတွင် နိုင်ငံရေးနှင့် စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သည့် အစုအဖွဲ့က NMSP-ADအဖြစ် စုဖွဲ့ပြီးစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

NMSP-AD အနေဖြင့် NCA အပေါ် အခြေခံသည့် နိုင်ငံရေးဆွေးနွေးမှု မှန်သမျှ လက်မခံကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ကြောင်း အသိပေးထားသည်။ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊နွေဦးတော်လှန်ရေး အဖွဲ့များ နှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံဖြတ်ကျော်ဆိုက်ဘာနှိမ်နင်းရေး အလုပ်အဖွဲ့ဖွဲ့စည်းပြီး လူကုန်ကူးခံရသူတွေကူညီဖို့၊ ပိတ်မိသူတွေ ရှာဖွေရေးနဲ့ ဘေးကင်းစွာပြန်လည်ခေါ်ဆောင်ရေး ကူညီမယ်လို့ အသိပေး

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်(အမတ-၃၁၈) တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့ သေဆုံးထိခိုက်မှုရှိကြောင်း မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP -AD)က ယနေ့(မေလ ၂၁ ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ အာဏာဆက်လက်ဆုပ်ကိုင်ထားသရွေ့ ပြည်သူများပစ်မှတ်ထား တိုက်ခိုက်ခံနေရမည်ဖြစ်၍ ဘုံရန်သူပြုတ်ကျရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း

သတင်း

စစ်ကောင်စီမှ အရပ်သားများအပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအတွက် တရားမျှတမှုရရှိနိုင်မည့်တစ်ခုတည်းသော နည်းလမ်းသည် စစ်ကောင်စီကို အမြစ်ဖြတ်တိုက်ခိုက်ချေမှုန်းပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိသည့် နိုင်ငံရေးစနစ်အသစ်တစ်ခုကို တည်ဆောက်ခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင် တိုက်ဖျက်ရေး (NMSP-AD)က ထုတ်ပြန်သည်။