Connect with us

Hi, what are you looking for?

သတင်း

အွန်လိုင်းငွေလိမ်လုပ်ငန်းပြန့်ပွားနေမှု အဓိကတာဝန်ရှိတဲ့ စစ်အုပ်စုကို တရားစီရင်နိုင်ရေးကြိုးပမ်းမှု ပူးပေါင်းပါဝင်မယ်လို့ မွန်တပ်NMSP AD ကြေညာ

နိုင်ငံဖြတ်ကျော်ဆိုက်ဘာနှိမ်နင်းရေး အလုပ်အဖွဲ့ဖွဲ့စည်းပြီး လူကုန်ကူးခံရသူတွေကူညီဖို့၊ ပိတ်မိသူတွေ ရှာဖွေရေးနဲ့ ဘေးကင်းစွာပြန်လည်ခေါ်ဆောင်ရေး ကူညီမယ်လို့ အသိပေး

KNLAတပ်က DKBAထိန်းချုပ်တဲ့ ကျားဖြန့်ဆိုက်တစ်ခုအတွင်း ဝင်ရောက်စီးနင်း ထိန်းသိမ်းထားစဉ်။ ဓာတ်ပုံ - KNU

နိုဝင်ဘာ ၂၆၊ ၂၀၂၅။ ပုရစ်/People’s Spring

မြန်မာနိုင်ငံကို ဒေသတွင်းဆိုက်ဘာရာဇ၀တ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုရဲ့ ဗဟိုချက်မဖြစ်ပေါ်စေဖို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆိုက်ဘာရာဇဝတ်ကွန်ရက်များပျံ့ပွားရေးမှာ အဓိကတာဝန်ရှိတဲ့ စစ်အာဏာရှင်တွေနဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေကို တရားစီရင်နိုင်ရေးကြိုးပမ်းမှုတွေမှာ ပူးပေါင်းပါဝင်မယ်လို့ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)ကထုတ်ပြန်ကြေညာပါတယ်။

နိုင်ငံဖြတ်ကျော်ငွေလိမ်လည်မှုလုပ်ငန်းတွေနဲ့ မြန်မာစစ်အာဏာရှင်ကြောင့်ပိုမိုဆိုးရွားလာတဲ့ အပြည်ပြည်ဆိုင်ရာအကျပ်အတည်းအပေါ် NMSP-AD ရဲ့ကြေညာချက်ကို နိုဝင်ဘာ၂၅ရက်ကထုတ်ပြန်ခဲ့ပြီးအခုလိုပူးပေါင်းဆောင်ရွက်မယ်လို့ အသိပေးခဲ့တာပါ။

ငွေကြေးလိမ်လည်မှုကွန်ရက်တွေရဲ့ အဓိကပုဂ္ဂိုလ်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်လျက်နေတဲ့အိမ်နီးချင်းနိုင်ငံတွေကို NMSP-ADက ချီးကျူးခဲ့ပြီး နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတိုက်ဖျက်ရေးအစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိသော နိုင်ငံတွေကို အသိအမှတ်ပြုကြောင်း ဖော်ပြပါတယ်။ အထူးသဖြင့် အမေရိကန်တရားရေးဌာန၊ FBIနဲ့ အမေရိကန်လျှို့၀ှက်ဝန်ဆောင်မှု(U.S. Secret Service)တို့မှအမေရိကန်Scam Center Strike Force ဖွဲ့စည်းမှုကိုကြိုဆိုကြောင်း ထုတ်ပြန်ပါတယ်။ အဲဒီ ရာဇ၀တ်ကွန်ရက်တွေဟာ မြန်မာစစ်အာဏာရှင်စနစ်နဲ့ ဆက်စပ်အင်အားစုတွေရဲ့ အကာအကွယ်နဲ့ အထောက်အကူပေးမှုအောက်မှာ ရှင်သန်လျက်ရှိကြောင်း တိကျစွာဖော်ပြပေးမှုအတွက် အထူးကျေးဇူးတင်ကြောင်းလည်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ယခုကဲ့သို့သော နိုင်ငံတကာ ကြိုးပမ်းဆောင်ရွက်မှုများသည် မြန်မာစစ်အာဏာရှင်များကိုထောက်ပံ့နေသည့် နိုင်ငံဖြတ်ကျော် ငွေလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရန်အတွက်အရေးပါသောခြေလှမ်းတစ်ခုဖြစ်သည်”ဟု NMSPက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အမေရိကန် SCSF၊ ထိုင်း၊ တရုတ်၊ အာဆီယံနဲ့ နိုင်ငံဖြတ်ကျော်ငွေလိမ်လည်မှုလုပ်ငန်းတွေ တိုက်ဖျက်ဖို့ ကတိပြုထားတဲ့ နိုင်ငံတွေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း အသိပေးပါတယ်။

NMSP-ADဟာ နိုင်ငံဖြတ်ကျော်ဆိုက်ဘာနှိမ်နင်းရေး အလုပ်အဖွဲ့ ကိုလည်း ဖွဲ့စည်းပြီး လူကုန်ကူးခံရသူများအားကူညီထောက်ပံ့ဖို့ မြန်မာနိုင်ငံအတွင်းပိတ်မိနေသူများရှာဖွေရေးနဲ့ ဘေးကင်းလုံခြုံစွာပြန်လည်ခေါ်ဆောင်ရေးမှာကူညီဖို့ အခြားပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း နည်းလမ်းရှာ ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ပါတယ်။ အဲဒီလို အလုပ်အဖွဲ့ဖွဲ့စည်းဟာ နိုင်ငံဖြတ်ကျော်ငွေလိမ်လည်မှုလုပ်ငန်း ကင်းစင်တဲ့ မွန်ပြည်နယ်/မွန်ဒေသကိုတည်ဆောက်ဖို့နဲ့ ငွေလိမ်လည်မှုလုပ်ငန်းများကင်းစင်တဲ့မြန်မာနိုင်ငံကိုတည်ဆောက်ဖို့ ပထမဆုံးခြေလှမ်း ဖြစ်ကြောင်းအသိပေးပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဆိုးရွားစွာ ဖြစ်ပေါ်နေတဲ့ လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်လည်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူသတ်မှုအပါအ၀င်စနစ်တကျကျူးလွန်နေတဲ့ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုတွေ အဆမတန်တိုးပွားလာတဲ့အပေါ် အလွန်စိုးရိမ်ပူပန်ကြောင်း ဖော်ပြပါတယ်။

အဲဒီ ရာဇ၀တ်မှုတွေကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချမှုကို ၂၀၂၅ ဇန်နဝါရီ ၂၀ရက်ကမဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပူးတွဲ ထုတ်ပြန်ထားတာကို အသိပေးခဲ့ပြီး ဒီရာဇဝတ်မှုတွေဟာ မတော်တဆဖြစ်ပေါ်တာမဟုတ်ဘဲ မြန်မာစစ်အာဏာရှင်နဲ့ စစ်တပ် လက်အောက်ခံဆက်စပ်အဖွဲ့အစည်းတွေက တက်ကြွစွာ အားပေးကူညီကာ အကျိုးအမြတ်ရယူနေတာဖြစ်ကြောင်း NMSPက ထုတ်ပြန်ပါတယ်။

စစ်တပ်နဲ့ ဆက်စပ်အဖွဲ့တွေဟာ ကြီးမားတဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကြီးထွားလာစေဖို့ လုံခြုံရေးနဲ့ အပြစ်ပေးခံရခြင်းမှကင်းလွတ်ခွင့်ကို ပေးထားကြတာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

အဲဒီ အကျပ်အတည်းရဲ့ အတိုင်းအတာပမာဏဟာ တုန်လှုပ်ခြောက်ခြားဖွယ်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံများစွာက ပြည်သူတွေလူကုန်ကူးခံရတာ အပြင် ငွေကြေးများစွာ ဆုံးရှုံးနေရကြောင်း ဖော်ပြပါတယ်။ အဲဒီ ဒုက္ခဟာ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးနဲ့ဒေသတွင်းတည်ငြိမ်မှုအတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပေါ်စေပြီး မြန်မာစစ်အာဏာရှင်စနစ်နဲ့ သူရဲ့လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာအဲဒီတရားမ၀င်အမြတ်အစွန်းတွေက တဆင့် အရပ်သားတွေကို ပြန်လည်တိုက်ခိုက်တဲ့ စစ်ယန္တရားတွေကို တည်ဆောက်ဖို့ အသုံးပြုနေကြောင်းလည်း NMSPက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။