သတင်း ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတွေကို စစ်တပ် ဗုံးကြဲ၊ တိုက်ပွဲလည်း ဖြစ်နေ စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ ludunwayooဇူလိုင် 3, 2026
သတင်း ဟားခါးဒေသက ချင်းတပ်စခန်းအချို့နဲ့ ကျေးရွာအချို့ကို စစ်တပ် ဗုံးကြဲ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။ ludunwayooဇွန် 29, 2026
သတင်း နတ်မောက်အရှေ့ခြမ်းက ရွာတွေကို စစ်တပ် ဗုံးကြဲနေ မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။ ludunwayooဇွန် 6, 2026
သတင်း ဘုတလင်နယ်က ကျေးရွာတွေပိတ်ဆို့ပြီး စစ်တပ် စစ်ကြောင်းထိုး၊ပြည်သူတွေ ပိတ်မိနေ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ludunwayooမေ 31, 2026
သတင်း မြင်းခြံကရွာပေါင်း၂၀နီးပါးကို စစ်တပ်မီးရှို့ဖျက်ဆီး ၊စစ်ရှောင်ပြည်သူတွေအကူညီလိုအပ်နေ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို စစ်တပ်ကစစ်ကြောင်းတွေထိုးဆက်တိုက်မီးရှို့နေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပါ်အကူအညီ တွေလည်း လိုအပ် နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayooမေ 7, 2026
သတင်း စလင်းမြို့နယ်က ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေ မကွေးတိုင်း၊စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေရာ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေပါ မီးရှို့သတ်ဖြတ်နေတယ်လို့ စလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ရှိသူ က ပြောပါတယ်။ ludunwayooမေ 5, 2026
သတင်း စလင်းမြို့နယ်က ကျေးရွာတွေကို စစ်တပ် မီးရှို့ဖျက်ဆီး၊ သက်ကြီးရွယ်အို ၂ဦးကို သတ်ဖြတ်သွား ကိုရင်တစ်ပါးနဲ့ ပြည်သူအချို့ ဖမ်းဆီးခေါ်ဆောင်သွားဟုဆို ludunwayooမေ 3, 2026
သတင်း ညောင်လေးပင်မှာ ကျေးရွာတွေကို စစ်တပ်က မီးလောင်ဗုံးတွေသုံး မီးရှို့နေ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးလောင်ဗုံးတွေသုံး မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ LuduNwayOoဧပြီ 10, 2026
သတင်း ချောက်က ကျေးရွာတွေ စစ်ကြောင်းထိုး မီးရှို့နေတဲ့ စစ်တပ်ကို PDFထပ်မံ တိုက်ခိုက် မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ ၅ဦး ထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း မကွေးခရိုင်၊ စစ်ဌာနကွပ်ကဲမှုအောက်ရှိ မကွေးခရိုင်အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ LuduNwayOoဧပြီ 5, 2026
သတင်း ကပစ-၁၅ အနီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ မကွေးတိုင်း၊ အောင်လံမြို့နယ်က အမှတ်-၁၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၅)အနီး ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။ ludunwayooမတ် 20, 2026